Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

ကော့ကရိတ်ကစစ်ရှောင်များကို စစ်အုပ်စုက မက်လုံးပေးခြိမ်းခြောက် မဲပြန်ထည့်ခိုင်း

ဇန်နဝါရီ (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ လုံခြုံရေးအခြေအနေကြောင့်နေရပ်တိမ်းရှောင်နေသူများအား စစ်အုပ်စုကမက်လုံးရော ဖိအားပါပေးပြီး လာမည့် ဇန်နဝါရီ(၂၅)ရက်နေ့တွင်ပြုလုပ်မည့်ရွေးကောက်ပွဲအတွက် နေရပ်ပြန်မဲထည့်ခိုင်းစေနေကြောင်း ဝန်ထမ်းမိသားစုများနှင့်မြို့ခံအသိုင်းအဝိုင်းမှ သိရသည်။ တကျော့ပြန်ပြင်းထန်နေသည့် ကော့ကရိတ်မြို့နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံလူထုအများစုမှာ ဘေးကင်းလုံခြုံရာနေရာများတွင် ကာလရှည်ကြာစစ်ရှောင်နေရဆဲဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲလုပ်မည်ဆိုသော်လည်း လုံခြုံရေးကြောင့် မြို့ပေါ်၌သာမဲရုံထောင်နိုင်သော...

မင်နီဆိုးတားရှိ ရွှေ့ပြောင်းနေထိုင်သူများအား ICE က ဆင့်ခေါ်စစ်ဆေးမှုများဖြင့် တင်းကြပ်စွာ ပြန်လည်လုပ်ဆောင်

ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်အတွင်း အမေရိကန်လူဝင်မှုနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ -ICE က ယခုတလော ဆင့်ခေါ်စာ (DHS Call Letter) များဖြင့် စစ်ဆေးမှုများကို တင်းကြပ်စွာ ပြန်လည် လုပ်ဆောင်နေကြောင်း အမေရိကန်ရောက်ကရင်အသိုင်းအဝိုင်းထံမှ သိရသည်။ အမေရိကန်...

ကော်သူးလေ ဗဟိုလယ်ယာနှင့် စိုက်ပျိုးရေးဌာနမှူး ပဒိုစောလေစေးနှင့် မေးမြန်းခြင်း

“ပြည်သူအချင်းချင်း ပြန်လည်ရိုင်းပင်းဖို့၊ ထောက်ပံ့ကူညီနိုင်ဖို့က ဌာနရဲ့ရည်မှန်းချက်ဖြစ်တယ်” ပဒိုစောလေစေး (ကော်သူးလေ ဗဟိုလယ်ယာ နှင့် စိုက်ပျိုးရေးဌာန) ကော်သူးလေ ဗဟိုလယ်ယာနှင့် စိုက်ပျိုးရေးဌာနမှူး ပဒိုစောလေစေးနှင့် မေးမြန်းခြင်း ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကော်သူးလေဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိုက်ပျိုးသီးနှံ မျိုးစေ့ဖြန့်ဝေသည့် စီမံကိန်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်...

မဲဆောက်ရဲအရာရှိကို ပစ်ခတ်ပြီး ထွက်ပြေးသည့် သေနတ်သမားကို KNLA က ထိုင်းအာဏာပိုင်ထံ ပြန်လွှဲအပ်

ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ရဲအရာရှိကို ဇန်နဝါရီလ ၂၀ ရက်က သေနတ်နှင့်ပစ်ခတ်ပြီး ထွက်ပြေးသည့် သေနတ်သမားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA အဖွဲ့က ယနေ့ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် မဲဆောက်အာဏာပိုင်များထံသို့ ပြန်လွှဲအပ်ခဲ့ကြောင်း သိရသည်။ ကမဟာဝန်...

ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစစ်ရှောင်စခန်း၌ ရာသီတုပ်ကွေးအဖြစ်များပြီး ဆေးဝါးလိုအပ်နေ

ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်း ဝေါလေဒေသရှိ သေ့ဘောဘိုးစစ်ရှောင်စခန်းတွင် ယခုတလော စစ်ရှောင် ပြည်သူများအကြား ရာသီတုပ်ကွေးဖြစ်ပွားမှုများလာပြီး ဆေးဝါးလိုအပ်လျက်ရှိကြောင်း စစ်ရှောင်စခန်း ကျန်းမာရေးတာဝန်ခံထံမှ သိရသည်။ ယခု ဆောင်းရာသီကာလဖြစ်၍ ရာသီဥတု အအေးဒဏ်ကြောင့် အသက်လတ်ပိုင်း အရွယ်များအပြင် ကလေး...

ခလယ်လွီထူခရိုင်တွင် စစ်မှုထမ်းစုဆောင်းခံရသူ (၇) ဦး KNDO ထံခိုလှုံ

ဇန်နဝါရီ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း(၃) ထံသို့ စစ်အုပ်စုကစစ်မှုထမ်းရန်အတင်းအကြပ်ခိုင်း‌စေခံရသူ (၇) ဦး၊ ဇန်နဝါရီလ ၁၈ ရက်နေ့က ဘက်ပြောင်းခိုလှုံလာကြောင်း ကေအဲန်ယူကထုတ်ပြန်သည်။ အသက်(၂၀)မှ(၄၀)ဝန်းကျင်ကြားရှိ သီဟဝင်း၊ ဆက်နိုင်၊ မြင့်တင်၊ အောင်ကို၊...

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ထိုင်းရဲအရာရှိအတွက် ခွဲကဘောင် ကရင်အမျိုးသားကျောင်းမှ ကျောင်းသူ/သားများ စုပေါင်းသွေးလှူဒါန်း

ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဇန်နဝါရီလ ၂၀ ရက်က လက်နက်ကိုင်ဆောင်သူများကို ဖမ်းဆီးစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ထိုင်းရဲအရာရှိ လူနာ၏ သွေးလိုအပ်ချက်အတွက် ခွဲကဘောင်ကရင် အမျိုးသား အထက်တန်းကျောင်းမှ ကျောင်းသား/သူများက သွားရောက် သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။ သေနတ်သမား၏...

KNLA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂီနွီးနှင့် တွေ့ဆုံမေးမြန်းခြင်း

“ဖာပွန်မြို့က ကျနော်တို့ ၇၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားတယ်။” ဗိုလ်မှူးချုပ်စောဂီနွီး KNLA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂီနွီးနှင့် တွေ့ဆုံမေးမြန်းခြင်း ဇန်နဝါရီ ၂၁ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှုဗျူဟာကြောင့် မြေပြင်စစ်ကြောင်းများတိုးမပေါက်နိုင်ဘဲ လေကြောင်းကိုသာအားထားနေရသည့် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး တပ်မဟာ(၅)နယ်မြေအတွင်း စစ်အုပ်စုအာဏာသိမ်းထားသည့်တစ်လျှောက် KNLA၏ စခန်းသိမ်းပိုက်နိုင်မှုအခြေအနေ၊ တဖက်တွင်လည်း...

ရွေးကောက်ပွဲလုပ်မည့်ကော့ကရိတ်တွင် တိုက်ပွဲရက်ဆက်ဖြစ်

ဇန်နဝါရီ (၂၁) ရက်၊၂၀၂၆ ခုနှစ်။‌ ကေအိုင်စီ အတုအယောင်ရွေးကောက်ပွဲ တတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊‌ကော့ကရိတ်မြို့နှင့်အနီးတဝိုက်တွင် ယမန်နေ့(ဇန်နဝါရီလ ၂၀ရက်နေ့)အထိ စစ်အုပ်စုနှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများ နေ့စဥ်ရက်ဆက် အပြင်းအထန်ဖြစ်ပွားနေကြောင်း ကော့ကရိတ်ဒေသခံများကပြောသည်။ တိုက်ပွဲများအတွင်း ကော့ကရိတ်မြို့အခြေစိုက်ထားသည့်စစ်အုပ်စုဘက်က ကော့ကရိတ်မြောက်ပိုင်းနှင့်တောင်ပိုင်းကျေးရွာများကို လက်နက်ကြီးနှင့်ဒရုန်းများ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေသည်ဟု စစ်ရှောင်နေရသည့်ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။ “တိုက်ပွဲဖြစ်သံနေ့တိုင်းလိုလိုကြားနေရတယ်။ စစ်တက်ဘက်ကလည်း ကော့ကရိတ်မြို့ မြောက်ပိုင်းရော၊ တောင်ပိုင်းရော...

လောင်းလုံးတွင် မဲစာရင်းလာကောက်ချိန် ဒရုန်းတိုက်ခိုက်မှုဖြစ်ပွားပြီး အရပ်သား(၃)ဦးသေဆုံး

ဇန်နဝါရီ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာတွင် စစ်အုပ်စုလုံခြုံရေးယူပေးသည့်အဖွဲ့ မဲစာရင်းလာကောက်ချိန် ယမန်နေ့(ဇန်နဝါရီလ ၂၀ရက်နေ့)က ဒရုန်းဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ဒေသခံအမျိုးသမီး(၃)ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့ခံအသိုင်းအဝိုင်းမှသိရသည်။ ဒရုန်းဗုံးကျချိန် စခန်းကြီးကျေးရွာအတွင်း နေအိမ်နှစ်အိမ်တွင်ရှိနေသည့် အသက်ပြည့်ပြီးသူအမျိုးသမီး(၃)ဦး ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အသက်မပြည့်သေးသောကလေးအပါအဝင် နောက်ထပ်(၂)ဦးလည်း ထိခိုက်ဒဏ်ရာရသွားသည်ဟု...
Donate