KIC News
ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် ပန်းတနော်မြို့နယ်၌ ကျေးရွာတစ်ဝက်ခန့် ကမ်းပါးပြိုကျမှု ဆက်ဖြစ်နေ
အောက်တိုဘာ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စုရှိ ကျောင်းတော်ကလေး ကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုဆက်တိုက်ဖြစ်ပေါ်နေပြီး ကျေးရွာ၏ထက်ဝက်နီးပါးကို မြစ်ရေ တိုက်စားခံလိုက်ရကြောင်း ကျေးရွာဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လမှစ၍ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြစ်ကမ်းနံဘေးရှိ ကျေးရွာ(၇)ရွာခံ မြစ်ရေတိုက်စားခံနေရပြီး လတ်တလောတွင်လည်း မြစ်ရေဆက်တိုက်တက်လာကာ...
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မူတြော်ခရိုင်အတွင်း ကျောင်းသား ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ
အောက်တိုဘာလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်အတွင်းရှိ ကျေးရွာ များ အတွင်းသို့ စက်တင်ဘာလ ၁ လတာအတွင်း စစ်ကောင်စီတပ်မှ Jet-Fighter လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကျောင်းသား ၃ ဦးသေဆုံးကာ...
တစ်လအတွင်း ကလေးသူငယ်များအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုဖြစ်စဥ်ပေါင်း ၂၀ကျော်ရှိ
အောက်တိုဘာ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ယခု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တစ်လတာအတွင်း စစ်ကောင်စီ၏ အင်အား သုံးအကြမ်းဖက်မှုကြောင့် အသက် (၁၈) နှစ်အောက် ကလေးသူငယ်များ ထိခိုက် သေဆုံးခဲ့ရသည့် ဖြစ်စဥ်ပေါင်း (၂၃)ခု ရှိနေသည်ဟု ယမန်နေ့ အောက်တိုဘာလ...
ကော့ကရိတ်မြို့ လဝကရုံး မီးရှို့ခံရပြီးနောက် ညဘက်ကင်းပုန်းချထားမှုများ ပိုမိုလုပ်ဆောင်လာ
အောက်တိုဘာလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ရက်နေ့ညက စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန (လဝက)ရုံး မီးရှို့ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်များသည် မြို့ပေါ် ရပ်ကွက် များတွင် ညဘက်ကင်းပုန်းချထားမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု မြို့ခံများက...
မြဝတီမြို့တွင်း အမည်မသိ လက်နက်ကိုင်ဆောင်သူပေါများလာ
အောက်တိုဘာ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့တွင် အမည်မသိ လက်နက်ကိုင်ဆောင်သူပေါများလာကြောင်း မြို့ခံများက ပြောသည်။
စစ်တပ် အာဏာသိမ်းသည့် ၂ နှစ်ကျော်ကာလအတွင်း နယ်စပ်မြဝတီမြို့တွင် ပစ္စတိုသေနတ် အသေး စားများကို အလွယ်တကူဝယ်ယူနိုင်ပြီး ခါးကြားတွင်ထိုးကာ...
လှိုင်းဘွဲနှင့်ပိုင်ကျုံမြို့နယ်ရှိ ကျေးရွာများတွင် ကြက်နာကျရောဂါ ဖြစ်ပွားနေ
အောက်တိုဘာ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲနှင့်ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံများ၏ တစ်နိုင်တစ်ပိုင် မွေးမြူကြသည့် အိမ်းမွေးကြက်များ ရောဂါကျရောက်ဖြစ်ပွားနေသဖြင့် ဒေသခံများအနေဖြင့် နစ်နာ ဆုံးရှုံးများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။
၎င်းမြို့နယ်၏ ကျေးရွာများအတွင်း ဒေသခံ(၈၀)ရာခိုင်နှုန်းခန့်သည် မိသားစု အပိုဝင်ငွေအဖြစ် မိမိတို့၏...














