Home Authors Posts by KIC News

KIC News

22508 POSTS 0 COMMENTS

ရပ်နားထားသည့် သူလိုင်ဖောင် မဂ္ဂဇင်းပြန်လည်ထုတ်ဝေနိုင်ရန် စာမူများဖိတ်ခေါ်

ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကိုဗစ် ကပ်ဘေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ၃ နှစ်တာ ရပ်နားထားရသည့် သူလိုင်ဖောင် မဂ္ဂဇင်းကို ပြန်လည်ထုတ်ဝေနိုင်ရန် ညှိနှိုင်းစည်းဝေးမှုများပြုလုပ်ပြီး စာမူများ ဖိတ်ခေါ်လျက်ရှိကြောင်း မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီဝင်များက ပြောသည်။ ဧရာဝတီတိုင်းဒေသရှိ မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ကရင်စာပေနှင့် ယဉ်ကျေးမှု...

ကော့ကရိတ် စစ်ရှောင်များနေရာစုံပြန့်ကျဲပြီး စားသောက်စရာအခက်အခဲကြုံနေရ

ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ ၃၀ ခန့် မှ ဘေးလွတ်ရာနေရာဒေသအသီးသီးတွင် ပြန့်ကျဲရောက်ရှိသည့် စစ်ရှောင်ပြည်သူများမှာ စားသောက်စရာ အခက်အခဲကြုံနေကြရကြောင်း စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ တစ်လ...

KNLA ပူးပေါင်းမဟာမိတ် PDF စစ်ကြောင်းများ ကော့ကရိတ်ကိုးတိုင်လမ်းဆုံအထိ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေ

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးနယ်တွင် စစ်ကောင်စီတပ် တပ်စွဲထားသော စာသင် ကျောင်း နှင့် ရဲစခန်းနေရာများအား ဒီဇင်ဘာလ ၂၈ ရက်နေ့က အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး နောက် တောင်ကြာအင်းနှင့် ကော့ကရိတ်ကိုးတိုင်လမ်းဆုံလမ်းမကြီးအထိ တော်လှန်ရေးပူးပေါင်းဖွဲ့များ နယ်မြေ ရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က...

တောင်ကြာအင်း ရဲစခန်းနှင့် တပ်စခန်း တိုက်ခိုက်သိမ်းတိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးရမိကြောင်း KNLA ထုတ်ပြန်

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ကြာအင်း ဆိပ်ကြီးမြို့နယ် အတွင်း ရှိ စစ်ကောင်စီတပ်၏ လာ့တကော( တောင်ကြာအင်း) ရဲစခန်းနှင့် တပ်စခန်းအား ဒီဇင်ဘာလ ၂၈ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ရာတွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးရမိပြီး...

ထားဝယ်အကျဉ်းထောင်အတွင်း ထောင်ဝင်စာပို့ခွင့် ပိုမိုတင်းကြပ်လာ

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ်အကျဉ်းထောင်တွင် ထောင်ဝင်စာပို့ခွင့် ကန့်သတ်ချက်ကို ယခင်ကထက် ပိုမိုတင်းကြပ်လာကြောင်း နိုင်ငံရေးအကျဉ်းသားနှင့် နီးစပ်သည့် မိသားစုဝင်များက ပြောသည်။ ထားဝယ်မြို့ပေါ်ရှိ အကျဉ်းထောင်တွင် ယခုဒီဇင်ဘာလ ပထမအပတ်မှစတင်ပြီး ထောင်ဝင်စာပို့ခွင့်ကို စစ်ကောင်စီမှ ယခင်ကထက် တင်းကြပ်လိုက်သောကြောင့် ဆေးဝါးနှင့်...
Donate