Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

ထားဝယ်တွင် စစ်မှုထမ်းရန်အတွက် စစ်ကောင်စီမှ လူစာရင်း စတင်ကောက်ခံ

မတ်လ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ စစ်မှုထမ်းရန်အတွက် ရပ်ကွက်အလိုက် လူဦးရေစာရင်းကောက်ခံကာ ဆင့်ခေါ်မှုများ ပြုလုပ်နေပြီးဖြစ် ကြောင်း မြို့ခံများထံမှ သိရသည်။ ယခုမတ်လ ဒုတိယအပတ်မှ စတင်ပြီး စစ်မှုထမ်းရန် အရွယ်ရောက်ရှိပြီးသားသူအဖြစ် မှတ်ပုံတင် စာရင်းသွင်း...

ဖားအံနှင့် သံတောင်ကြီးမြို့တို့တွင် စစ်ကောင်စီ၏ စစ်မှုထမ်းခေါ်ယူရေးလုပ်ငန်းများ စတင်လှုပ်ရှားလာ

မတ်လ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ဖားအံမြို့နယ်၊ ဖားအံမြို့နှင့် သံတောင်ကြီးမြို့နယ် သံတောင်ကြီးမြို့တို့တွင် မတ်လ ဒုတိယအပတ်မှစ၍ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေခေါ်ယူရေးလုပ်ငန်းများ စတင်လှုပ်ရှား လာနေ ကြောင်း မြို့ခံများထံမှ သိရသည်။ ဖားအံမြို့နယ်၊ ဖားအံမြို့အတွင်းအပြင်ရှိ ရပ်ကွက်အချို့တို့တွင် စစ်မှုထမ်းခေါ်ယူရန် အိမ်ထောင်စု စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း၊...

စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းကို နည်းလမ်းပေါင်းစုံဖြင့် ဖြတ်တောက်မည်ဟု MSRF ပြော

မတ်လ ၂၁ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းကို နည်းလမ်းပေါင်းစုံဖြင့် ဖြတ်တောက်ရမည်ဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ်- MSRF ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ကေအိုင်စီသို့ ပြောဆိုလိုက်သည်။ စစ်ကောင်စီတပ်၏ ထောက်ပို့ရေးလမ်းကြောင်းကို ပိတ်ပင်တားဆီးသည့်အနေဖြင့် မွန်-တနင်္သာရီ အ စပ်ရှိ မလွဲတောင်နှင့် ကလိန်အောင်ကြားရှိ လမ်းပိုင်းတစ်လျှောက်တွင် အသွားအလာပြုသည့်...

ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်ရင်းများ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရ

မတ်လ ၂၁ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ (၅) နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်၊ ဖာပွန်မြို့ရှိ စစ်ကောင် စီ၏ တပ်ရင်းများကို မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးကာ...

ရေတလျောက်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦး ထိုင်းနိုင်ငံထဲသို့ ထပ်မံထွက်ပြေး

မတ်လ ၂၁ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ကော့ကရိတ်မြို့နယ် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ရှိ ရေတလျောက် စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင် ၂၆ဦး ယနေ့ မတ်လ ၂၁ ရက် နံနက်တွင် ထိုင်းနိုင်ငံ ပန်ခလန်ကျေးရွာထဲသို့ ထပ်မံထွက်ပြေးခဲ့သည်ဟု သိရသည်။ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုမရှိဘဲ...
Donate