Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

ကျပ်ငွေတန်ဖိုး ဆက်ကျလာ၍ မြဝတီရှိငွေလဲကောင်တာအများစု ဘတ်အရောင်းရပ်

ဩဂုတ် ၁၃ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာပြီး ကျပ်အစား ဘတ်ငွေပြောင်းကိုင်သူ များလာသည့်အတွက် မြဝတီရှိ ငွေလဲကောင်တာ အများစု ဘတ်ငွေရောင်းချမှု ရပ်ထားသည်ဟု ငွေလဲလုပ်ကိုင်နေသူများက ပြောသည်။ နယ်စပ် ငွေလဲဈေးကွက်တွင် ယနေ့ ဩဂုတ် ၁၃ ရက်နေ့တွင် မြန်မာငွေ ကျပ်တစ်သိန်းကို ဘတ်၅၀၀...

တကျော့ပြန်တိုက်ပွဲကြောင့် ဇရပ်ကြီး၊ ကင်မွန်းခြုံရွာအတွင်း လူ(၂၀၀)ဝန်းကျင်ပိတ်မိ၊ (၂,၀၀၀)ကျော် စစ်ရှောင်နေရ

ဩဂုတ် ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသအတွင်း ယခုလဆန်း ပိုင်းမှအစပြုသည့် တကျော့ပြန်တိုက်ပွဲနှင့် စစ်ရေးတင်းမာနေမှုကြောင့် ကင်မွန်းခြုံကျေးရွာတွင် ဒေသခံ (၂၀၀)ဝန်းကျင် ပိတ်မိနေပြီး ရွာ(၅)ရွာရှိ လူဦးရေ(၂,၀၀၀)ကျော် စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ(၅)ရက်မှ (၉)ရက်နေ့အထိ စစ်ကောင်စီနှင့်တော်လှန်ရေးတပ်များ...

ကော့ကရိတ်မြို့နယ်တွင်း ရေကြီးရေလျှံ၍ လယ်မြေများရေနစ်မြှုပ်ပြီး စပါးပင်များ သေဆုံးပျက်စီးနေ

သြဂုတ်လ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ယခုလဆန်းပိုင်းက ရေကြီးရေလျှံ၍ လယ်ယာမြေများ ရေနစ်မြှုပ်ပြီး စပါးပင်များ သေဆုံးပျက်စီးနေကြောင်း လယ်သမားများက ပြောသည်။ ကော့ကရိတ်မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လယ်မြေများ ရေနစ်မြှုပ်လျက်ရှိပြီး မြေနိမ့်ပိုင်းရှိ လယ်မြေများ တွင် စိုက်ပျိုးထားသော စပါးပင်များအားလုံး...

ဗုံးကြဲခံရ၍ နန့်ဆန်မြို့ပေါ်နေထိုင်သူများ နီးစပ်ရာသို့ ရှောင်တိမ်း

ဩဂုတ် ၁၃ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ တအာင်းတပ် ထိန်းချုပ်ထားသည့် နန့်ဆန်မြို့ပေါ်သို့ ဩဂုတ် ၁၂ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ရာ တစ်ဦးသေဆုံးသွားသလို မြို့ပေါ်နေထိုင်သူများ နီးစပ်ရာသို့ ရှောင်တိမ်းနေထိုင် လျက်ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “တညလုံးလေယာဉ်တွေဝဲတယ်။ မနက် ၅ နာရီ...
Donate