Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

ချင်းမိုင်တက္ကသိုလ်၌ ပထမဦးဆုံးအကြိမ်လက်ချည်ပွဲ ပြုလုပ်မည်

ဩဂုတ်၂၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်၌ သွားရောက် ပညာသင်ယူနေသည့် ကရင်တက္ကသိုလ် ကျောင်းသားများက ဦးဆောင်ပြီး ပထမဦးဆုံးအကြိမ် ကရင့်ရိုးရာ လက်ချည်ပွဲကို လာမည့် ယခုလကုန်တွင် ပြု လုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူများက ပြောသည်။ ချင်းမိုင်တက္ကသိုလ်တွင် သွားရောက် ပညာသင်ယူနေသည့် ကရင်တက္ကသိုလ်ကျောင်းသားများ...

ထန်းတပင်မြို့နယ်အရှေ့ဘက်တွင် လမ်းသွားလမ်းလာ လူငယ်အမျိုးသား(၅၀)ဦးခန့် ဖမ်းဆီးခံရ

ဩဂုတ် ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အရှေ့ဘက် ကျေးရွာများရှိ တောင်ငူ-ထန်းတပင် လမ်း ဟောင်းပေါ် လမ်းသွားလမ်းလာလူငယ် (၅၀)ဦးခန့် ပြီးခဲ့သည့် ဩဂုတ်လ(၂၁)ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီး ခြင်းခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။ ထန်းတပင်မြို့နယ်အတွင်းရှိ ထန်းတပင်၊ ရေကျော်၊ ကရင်နီကုန်း၊...

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲမှုများ ပြုလုပ်နေ

ဩဂုတ်၂၃၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ တနင်္သာရီမြို့နယ်ရှိ ကျေးရွာများသို့ ပြီးခဲ့သည့် ဩဂုတ်ပထမ အပတ်မှစ၍ စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီက...

ဖားအံခရိုင်ရှိ မြို့နယ်များတွင် WY စိတ်ကြွမူးယစ်ဆေးများ လွယ်ကူစွာ ရရှိနေ

ဩဂုတ် ၂၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ဖားအံခရိုင်အတွင်းရှိ လှိုင်ဘွဲ၊ ပိုင်ကျုံ၊ ဒုံရင်း၊ နဘူးနှင့် ထီလုံစသည့် မြို့နယ်များရှိ ကျေးရွာများတွင် WY စိတ်ကြွ မူးယစ်ဆေး(ဒေသအခေါ် မြင်းဆေး)များကို ဈေးပေါပေါနှင့် လွယ်ကူစွာ ဝယ်ယူနိုင်သည့် အခြေအမျိုးရှိသည်ဟု ဒေသခံများက ပြောသည်။...

ပိုင်ကျုံမြို့နယ် ကျေးရွာများတွင် ဝက်နာကျ သေဆုံးမှုများစွာဖြစ်ပွားနေ

ဩဂုတ် ၂၂၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ ကျေးရွာအချို့တွင် ယခု ဩဂုတ်လဆန်းပိုင်းမှစ၍ ဒေသခံများ မွေးမြူထားသည့် ဝက်များ အနာကျရောဂါဖြစ်ပွားပြီး သေဆုံးမှုများစွာဖြစ်ပေါ်နေသည်ဟု ဝက်မွေးမြူထားသူ ဒေသခံများက ပြောသည်။ ၎င်းမြို့နယ်အတွင်းရှိ ဒေသခံအများစုသည် အပိုဝင်ငွေ အတွက် မိမိတို့ အိမ်ခြံဝင်းထဲ၌ တစ်ပိုင်တစ်နိုင်...
Donate