Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

ဇရပ်ကြီးအနောက်ဘက်ခြမ်းသို့ စစ်တပ်ကဝင်ခွင့်မပေးသေးသဖြင့် စစ်ရှောင်တောင်သူများ စပါးရိတ်သိမ်းရေး အခက်ကြုံ

စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ စစ်တပ်က တားမြစ်ပိတ်ဆို့ထားသဖြင့် တစ်လကျော်ကြာ နေရပ်ပြန်ခွင့်မရသေးသည့် ပဲခူးတိုင်း ဒေသ ကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ အနောက်ဘက်ရှိ ကင်မွန်းချုံ၊ ပုဂံကွဲ၊ ဒါးဒေါက် အစရှိသည့် ကျေးရွာမှ စစ်ရှောင်တောင်သူများမှာ ရွာအတွင်းဝင်ခွင့်မရသေးသဖြင့် စပါးရိတ်သိမ်းရေး...

ဖားအံတွင် လူငယ်များကို စစ်မှုထမ်းခေါ်ယူရေး စတင်လုပ်ဆောင်လာနေ

စက်တင်ဘာ ၁၂ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်-၄၊ ရပ်ကွက်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းခေါ်ယူနိုင်ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးက စာရင်းပြုစုကာ စတင်လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။ ဖားအံမြို့ပေါ် ဇီးတောအပိုင် အမှတ်-၄ ရပ်ကွက်အတွင်းရှိ ပိတောက်လမ်း၊ သရဖီလမ်းသွယ်-၂၊ ညနေလမ်းနှင့် ကမ်းနားလမ်း တလျှောက်နေထိုင်သည့် ဒေသခံလူငယ်များအနေဖြင့်...

ရင်ကွဲတောင်စခန်း တပ်ပြေးရှိပြီးနောက် မှုခင်းများ ဖြစ်ပွားနေပြီး သတိထားသွားလာနေရ

စက်တင်ဘာ ၁၂ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့နယ် မြောက်ပိုင်းရှိ၊ ရင်ကွဲတောင် စစ်ကောင်စီစခန်းမှ တပ်ပြေးနှစ်ဦး ရှိပြီးနောက် ဒေသတွင်း အမှုအခင်းများ ဖြစ်ပွားလာနေသည့်အတွက် ကျေးရွာဒေသခံများ ယခင်နှင့်မတူ သတိထား သွားလာနေထိုင်ရသည်ဟု ဒေသခံများက ပြောသည်။ အဆိုပါ ဒေသတွင်း စစ်ကောင်စီ တပ်ပြေးရှိလာပြီးနောက်ပိုင်း လတ်တလော မှုခင်းများ...

ထုံထော်သို့ အင်အားဖြည့်မည့် စစ်ကောင်စီတပ်ကို ငါးမိုင်ရွာ၌ ကြားဖြတ်တိုက်ခိုက်

စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ တနင်္သာရီမြို့နယ်၊ ထုံထော်သို့ အင်အားဖြည့်မည့် စစ်ကောင်စီတပ်ကို ငါးမိုင်ရွာ၌ တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်ဟန့်တားတိုက်ခိုက်လျက်ရှိသည်ဟု ကေအဲန်ယူ-ကရင်အမျိုုးသားအစည်းအရုံး၊ တနင်္သာရီမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထီးဝါးက ပြောသည်။ “လက်ရှိမှာက ထုံထော်ရွာကိုမရောက်ခင်၊ ငါးမိုင်ရွာနဲ့ ခြောက်မိုင်ရွာတွေကို ဖြတ်ရတယ်။ လက်ရှိမှာ သူတို့က ငါးမိုင်ရွာမှာရှိတယ်။...

စစ်ကောင်စီက လိင်အကြမ်းဖက်မှုပေါင်း တစ်ရာကျော် ကျူးလွန်ထားဟု NUG ပြော

စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ လက်ရှိ ကြားကာလအတွင်း စစ်ကောင်စီက လိင်အကြမ်းဖတ်မှုပေါင်း တစ်ရာကျော် ကျူးလွန်ထားသည်ဟု အမျိုး သားညီညွတ်ရေးအစိုးရ (NUG)၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး နော်စူစဲန်နာလှလှစိုးက ပြောသည်။ အဆိုပါ ဝန်ကြီးဌာနက စက်တင်ဘာ ၁၁...

သန်းခေါင်စားရင် ကောက်ရန် ကျောင်းတစ်ကျောင်းကို ဆရာ ၂ ဦး ပါဝင်ရမည်

စက်တင်ဘာ ၁၂ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ လာမည့် အောက်တိုဘာ ၁ ရက် သန်းခေါင်စာရင်း ကောက်ယူရာတွင် စာသင်ကျောင်းတစ်ကျောင်းလျှင် ဆရာ/ဆရာမ ၂ ဦး ပါဝင် ကောက်ယူရန် အကြောင်းကြားစာ ရောက်ရှိလာသည်ဟု ဖားအံမြို့နယ်အတွင်းရှိ ကျောင်းတာဝန်ရှိသူများက ပြောသည်။ စစ်ကောင်စီ ဗဟိုသန်းခေါင်စာရင်းကော်မရှင်က သန်းခေါင်စာရင်း ကောက်ရာတွင်...

လေးကေကော် အမြောက်ကုန်း၌ မိုးကြီးနေသည့်ကြား တိုက်ပွဲဆက်ဖြစ်နေ

စက်တင်ဘာ ၁၂ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မြဝတီမြို့နယ်၊ လေးကေကော်ရှိ စစ်ကောင်စီ အမြောက်ကုန်း၌ ယခုရက်ပိုင်း မိုးသည်းထန်နေသည့်ကြားမှ တိုက်ပွဲဆက်ဖြစ်ပွားနေသည်ဟု နယ်မြေအတွင်းရှိ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အဆိုပါ လေးကေကော်ရှိ စစ်ကောင်စီ အမြောက်ကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီက...

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာ ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရပြီးနောက် ရွာရှိ ပြည်သူပိုင်နေအိမ်(၂)လုံး မီးရှို့ခံရ

စက်တင်ဘာ ၁၁ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ကျောက်နီမော်ရွာအခြေစိုက် ပြည်သူ့စစ် (ခေါ်) ပျူစောထီးစခန်းကို တော်လှန်ရေးအင်အားစုများက စက်တင်ဘာလ(၉)ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာအတွင်းရှိ နေအိမ်(၂)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း လောင်းလုံးမြို့သတင်းအရင်းအမြစ်မှ သိရသည်။ စစ်ကောင်စီနှင့်ပျူစောထီးတို့ ပူးတွဲတပ်စွဲထားသော ကျောက်နီမော်ကျေးရွာ ဘုရားကုန်းပေါ်ရှိ...
Donate