KIC News
ဖားအံမြို့တွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စက်လှေ မလုံလောက်မှုဖြစ်နေ
စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ရေကြီးနေသည့် ဖားအံမြို့အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် စက်တပ်လှေများ မလုံ လောက်မှုကြောင့် ကူညီကယ်ဆယ်ရေးအတွက် နှောင့်နှေးမှုများ ဖြစ်ပေါ်နေရကြောင်း ဖားအံမြို့အခြေစိုက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။
“မန္တလေးတိုင်းတွေမှာဆို စက်ပစ္စည်းအင်အား လူအင်အား ရှိတော့ ဖြစ်တဲ့နေရာကို အားမနာတမ်း...
ဖားအံ ရေကြီးရေလွှမ်းမှုဆက်ရှိနေသေးသဖြင့် လူတစ်သောင်းကျော် ရေဘေးရှောင်နေဆဲ
စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်ရပ်ကွက်များနှင့် သံလွင်မြစ်ကမ်းဘေးနေရာများတွင် ရေကြီး ရေလွှမ်းမှုကြောင့် စက်တင်ဘာလ ၁၃ ရက်မှ ယနေ့ ၁၆ ရက်နေ့အထိ ရေကြီးနစ်မြှုပ်မှုဆက်ရှိနေခြင်းကြောင့် မြို့ပေါ် ရေဘေးရှောင်စခန်း ၁၇ ခုမှာ လူတစ်သောင်းငါးထောင်ခန့် ဆက်ရှိနေသေးကြောင်း လူမှုကူညီရေး...
ဆိုရှယ်မီဒီယာ၊ သတင်းတု သတင်းမှား ဖောင်းပွမှုနဲ့ အများပြည်သူရဲ့အသိအမြင်
ဆိုရှယ်မီဒီယာ၊ သတင်းတု သတင်းမှား ဖောင်းပွမှုနဲ့ အများပြည်သူရဲ့အသိအမြင်
ဆိုမီယာကျော်
(၁၆-၉-၂၀၂၄)
“ဆိုရှယ်မီဒီယာ”ဆိုတာနဲ့ လူတိုင်းဟာ ဖေ့စ်ဘွတ်(Facebook)၊ ယူကျု(Youtube)နဲ့ တစ်တော့(Tiktok)ကို ဆိုလိုမှန်း တန်းခနဲ ချက်ချင်းသိကြပါတယ်။ ကမ္ဘာနဲ့အဝန်းမှာ ဒီသုံးခုနဲ့ မထိတွေ့ဖူးသူ မရှိနိုင်ဘူးလို့ ယူဆပါတယ်။ သတင်းတု သတင်းမှား ဖောင်းပွမှုတွေဟာလည်း အဲဒီဆိုရှယ်မီဒီယာတွေကနေ ရေစီးသလို...
နေ့စဉ်လူမှုဘဝအတွက် အလေးထားရမည့် ဥတုရာသီဘေး (အယ်ဒီတာ့ အာဘော်)
အယ်ဒီတာ့ အာဘော်
နေ့စဉ်လူမှုဘဝအတွက် အလေးထားရမည့် ဥတုရာသီဘေး
စက်တင်ဘာ ၁၆၊ ၂၀၂၄။
လူသားတို့ ရှင်သန်ရပ်တည်နေသည့် လူ့အဖွဲ့အစည်းတွင် အဓိကထားပြောဆိုလေ့ရှိသည့် အရေးသုံးပါးမှာ စား၊ ဝတ်၊ နေရေး ဖြစ်သည်။ လူသားတို့အတွက် အသက်ရှင်သန်နိုင်ရန် သင့်တင့်လျောက်ပတ်သည့် အစာအာဟာရ လိုအပ်သလို သင့်တင့်လျောက်ပတ်သည့် ဝတ်စားဆင်ယင်မှုမှာလည်း အရေးပါသည်။ တဖန် နေထိုင်ရေးမှာလည်း...
စည်းကမ်းကိုက်ညီမှုရှိမရှိ တာ့ခ်ခရိုင်ရှိ ရွှေ့ပြောင်းစာသင်ကျောင်းများကို အာဏာပိုင်များ စစ်ဆေး
စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ ရွှေ့ပြောင်းစာသင်ကျောင်းများကို ထိုင်းအစိုးရ ပညာရေးဌာနက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိမရှိကို ထိုင်းအာဏာပိုင်တို့က ဝင်ရောက် စစ်ဆေးမှုများ လတ်တလောလုပ်ဆောင်နေသည်ဟု မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပညာရေး ကော်မတီ-BMWEC ဥက္ကဋ္ဌ နော်ဆာအယ်စေးဖိုးက...
တောင်ငူမြို့တွင် ရေဘေးသို့ သွားရောက်ကူညီကယ်ဆယ်နေသူတစ်ဦး ရေထဲမျှောပါ သေဆုံး
စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မိုးကောင်းရွာတွင် စက်တင်ဘာလ (၁၅) ရက်နေ့တွင် ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်သူ လူငယ် တစ်ဦး ရေစီးနှင့်မျှောပါသေဆုံးသွားခဲ့ကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။
ရေဘေးကူညီကယ်ဆယ်ရေးလုပ်ဆောင်သည့်ရှင်ပေါလုအသင်းတော်မှ အသက် (၂၆) နှစ်အရွယ် အမျိုး...
ကော့ကရိတ်-မြပတိုင်လမ်း သွားလာသူများကို စစ်တပ်က ပစ်ခတ်ပြီး ငွေကြေးသိမ်းယူနေ
စက်တာဘာ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ကော့ကရိတ်-မြပတိုင်လမ်းတွင် လမ်းအသုံးပြုသွားလာနေသူ များကို စစ်ကောင်စီကပစ်ခတ်ပြီး ငွေကြေး၊ ပစ္စည်းများ သိမ်းယူနေသည်ဟု ဒေသခံပြည်သူတို့က ပြောသည်။
အဆိုပါ လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်ချထားပြီး သွားလာသည့် အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက်ကာ ငွေကြေး၊ ဥစ္စာပစ္စည်းများ...
စစ်ရေးကြောင့် တနင်္သာရီတွင် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၆၀,၀၀၀ ကျော်ထိရှိ
စက်တင်ဘာ ၁၆ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးရှိ ကျေးရွာများသို့ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မှု နှစ်ဖက်တိုက်ပွဲများကြောင့် ဩဂုတ်လအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၆၀,၀၀၀ ဦးကျော်ထိရှိလာ ပြီးဟု FE5 Tanintharyi ၏ ဩဂုတ်လအတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဩဂုတ်လအတွင်း...














