Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

လှိုင်းဘွဲမြို့နယ်အတွက် စစ်မှုထမ်းသင်တန်းတက်ရန် လူဦးရေ(၁၀၀) စုဆောင်းပေးရေး စစ်ကောင်စီညွှန်ကြား

နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တစ်ခုလုံးအတိုင်းအတာအနေဖြင့် ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရန် အမျိုးသား အယောက် (၁၀၀) စုဆောင်းထားရှိရေး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများသို့ ပြီးခဲ့သည့်နိုဝင်ဘာလဆန်းပိုင်းမှစ၍ စစ်ကောင်စီက ညွှန်ကြားကောက်ခံလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ စစ်မှုထမ်းအပတ်စဥ် (၇) သင်တန်းအတွက် တပ်သားသစ်များစုဆောင်းရန် စစ်ကောင်စီ က...

ရထိုက်ကုမ္ပဏီလုပ်ငန်းဖျက်သိမ်းမည့်သတင်း မဟုတ်မှန်ကြောင်း ထိုင်းရှင်းအုပ်စုကုမ္ပဏီ ရှင်းလင်းချက်ထုတ်

နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ရထိုက်၏ အွန်လိုင်းကုမ္ပဏီအားလုံးကို ယခုနှစ် ၁၀ လပိုင်းအတွင်း အပြီးတိုင်ဖျက်သိမ်းသွားမည်ဆိုသည့် သ တင်းမှာ မဟုတ်မှန်ကြောင်း မြန်မာ-တရုတ်နှစ်ဘာသာဖြင့် ထိုင်းရှင်းအုပ်စုကုမ္ပဏီ(Taixin Group) ၏ ရှင်းလင်း ချက်စာတစ်စောင် ယနေ့ နံနက်တွင် လူမှုကွန်ရက်ပေါ်၌ ပေါ်ထွက်လာသည်။ အောက်တိုဘာလအတွင်း...

တောင်ငူမြို့နယ် နေရပ်ရှောင် ၄,၀၀၀ ထောင်ခန့် လမ်းပိတ်ဆို့မှုကြောင့် အိမ်မပြန်နိုင်သေး၊ စားနပ်ရိက္ခာ အဓိကလိုအပ်နေ

နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ ကျေးရွာပေါင်း(၅)ရွာထက်မနည်းမှ စစ်ဘေးရှောင်ဦးရေ (၄,၀၀၀)ခန့် စစ်ကောင်စီက လမ်းပိတ်ဆို့မှုများကြောင့် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာ အဓိက လိုအပ်မှုရှိနေကြောင်း ၎င်းတို့ကို အကူအညီပေးနေသူများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၈)ရက်နေ့က စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များ...

စစ်ကောင်စီ၏ ဒရုန်းဗုံးကြဲမှု ကျောက်ကြီးတွင် စာသင်ကျောင်း ထိခိုက်ပျက်စီး

နိုဝင်ဘာ ၁၁ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ သမင် အင်း ကုန်းရွာသို့ စစ်ကောင်စီက ဒရုန်း ၂ စီးဖြင့် နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာရှိ စာသင် ကျောင်း ထိခိုက်ပျက်စီးသွားသည်ဟု ကေအဲန်ယူ၊ ကျောက်ကြီးမြို့နယ်...

အမဲသားဈေး အဆမတန် ကျဆင်းမှုကြောင့် ကျွဲ၊ နွားမွေးမြူသူများ အရှုံးပေါ်နေ

နိုဝင်ဘာ ၁၀ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ ဖားအံခရိုင်၊ ပိုင်ကျုံနှင့် လှိုင်းဘွဲမြို့နယ်တို့တွင် ဒေသခံများမွေးမြူသည့် နွားများ စျေးကွက်မရှိသလို အသားဖော်ရောင်းရာတွင်လည်း စျေးကောင်းမရကြ၍ အရှုံးရင်ဆိုင်နေကြရကြောင်း ဒေသခံ ကျွဲ၊ နွားမွေး မြူသူများက ပြောသည်။ ယခုနှစ် မေလမှစ၍ ကရင်-ထိုင်းနယ်စပ်တွင် နားလည်မှုဖြင့် တင်သွင်းရောင်းချနေသည့်...
Donate