KIC News
ထိုင်းနယ်စပ်တွင် မြန်မာနိုင်ငံသားတစ်ဦး ညှဉ်းပန်းသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး Fortify Right အစီရင်ခံစာထုတ်ပြန်
နိုဝင်ဘာ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်တွင် ညှဉ်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က အသက် သေဆုံးသွားခဲ့ရသော မြန်မာနိုင်ငံသား အောင်ကိုကို၏ အမှုမှန်ပေါ်ပေါက်ရေးအတွက် Fortify Rights အဖွဲ့က ၎င်းတို့ စုံစမ်းဖော်ထုတ်ရရှိထားသည့် စာမျက်နှာ ၄၄...
စစ်ဘေးရှောင်နေရ၍ ပုလောဒေသခံအများစု စပါးရိတ်သိမ်းရန် ခက်ခဲ
နိုဝင်ဘာ ၁၄ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီ စစ်ကြောင်းများရှိနေပြီး ရက်ရှည် တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင် နေရပြီး ၎င်းတို့ စိုက်ပျိုးထားသည့် စပါးများ ရိတ်သိမ်းရန် အခက်အခဲများ ကြုံတွေ့နေသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင်ကူညီသူတို့က ပြောသည်။
ပုလောမြို့နယ်အတွင်းရှိ...
ပိတ်ဆို့ခံထားရသည့် အနန်းကွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံရန် ငြင်းဆန်နေဆဲ
နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်း ကွင်း ဗျူဟာကုန်းတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်များက ယခင်လကုန်ကတည်းက လက်နက်ချအညံ့ခံခိုင်းသော်လည်း နှစ်ပတ်ကျော်ကြာသည်အထိ အညံ့ခံမှုမရှိသေးကြောင်း...
စစ်သင်တန်းများ ဆင်းပြီး စစ်ရေးလှုပ်ရှားမည့် သတင်းများဖြစ်ပေါ်နေ၍ ဒေသခံများစိုးရိမ်နေ
နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ရွှေကုက္ကိုလ်မြို့သစ် အခြေစိုက်ထားသည့် ကရင်နယ်ခြားစောင့်တပ် -BGF စခန်း များတွင် တပ်သားသစ် သင်တန်းများ စစ်ရေးလှုပ်ရှားလာမည့် သတင်းများဖြစ်နေသည့်အတွက် ဒေသခံများ စိုးရိမ်မှုများရှိနေကြောင်း သိရသည်။
အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း BGF တပ်ဖွဲ့က တပ်သားသစ်...
ဖယ်ခုံမြို့နယ်ရှိ ဒေသခံ ၂၀၀ ဦးကျော်ကို စစ်ကောင်စီ ဖမ်းဆီးထား
နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဒေသခံ၂၀၀ ဦးကျော်ကို ဖမ်းဆီးထားသည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က ယနေ့ ထုတ်ပြန်ပြောဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာမှ ကောက်ရိတ်သိမ်းပြီး ပြန်လာသည့်...
စစ်တပ်ကဒရုန်းနှင့်လက်နက်ကြီး တိုက်ခိုက်မှု လသားအရွယ်ကလေးငယ်အပါအဝင် ကလေး(၂)ဦး ဒဏ်ရာရ
နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး၊ ကေအဲန်ယူ တပ်မဟာ(၃) ထိန်းချုပ်န ယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျောင်းကုန်းကျေးရွာအတွင်းသို့ ယနေ့နံနက် စစ်ကောင်စီက ဒရုန်းဗုံးနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်အိမ်တည်းအတူနေ လသားအရွယ် ကလေးငယ်(၁)ဦးနှင့် အသက်မပြည့်သေးသည့် ကလေးငယ်(၁)ဦး၊ စုစုပေါင်း(၂)ဦး...
လှိုင်းဘွဲမြို့နယ်တွင် ကိုယ်စားစစ်မှုထမ်းဆောင်သူများအတွက် တစ်အိမ်လျှင် (၅) သောင်းကျပ်စီ ထည့်ဝင်ရ
နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက် ကိုယ်စားစစ်မှုထမ်းဆောင်မည့်သူများအား ထောက်ပံ့ ကြေးငွေဟုဆိုကာ သက်ဆိုင်ရာရပ်ကွက်အလိုက် အိမ်ထောင်စုတစ်စုလျှင် (၅) သောင်းကျပ်စီ ထည့်ဝင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်မှုထမ်းအပတ်စဥ် (၇) သင်တန်းအတွက်...
တနင်္သာရီသို့ သွားရောက်တပ်ချထားခြင်း မရှိဟု BGF ပြော
နိုဝင်ဘာ ၁၃ ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီ တိုင်းဒေသကြီးအတွင်းသို့ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များကို သွားရောက်တပ်ချ ထားခြင်း မရှိဟု BGF တပ်နယ်(၂)ဗျူဟာမှူး၊ ဗိုလ်မှူးကြီး စောတင်ဝင်းက ကေအိုင်စီသို့ ပြောသည်။
လတ်တလော တနင်္သာရီတိုင်းဒေသကြီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ...
ဖာပွန်ဗျူဟာကုန်း၌ စစ်တပ်မိသားစုဝင်များကို ဒိုင်းကာသဖွယ်မပြုလုပ်ရန် KNU ပြော
နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁) အတွင်း စစ်တပ်မိသားစုဝင် အမျိုးသမီးနှင့် ကလေး ၂၀၀ ဦးခန့်ကို လူသားဒိုင်းကာအဖြစ် မပြုလုပ်ဘဲ ထွက်ခွာခွင့်ပေးရန် ကေအဲန်ယူ၊ အကြိမ်ကြိမ် ပြောဆိုနေသော်လည်း စစ်ကောင်စီက လိုက်နာခြင်းမရှိဟု တပ်မဟာ-၅...
မာနယ်ပလောဒေသရှိ နို့ဒေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့
နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနယ်မြေ မာနယ်ပလောဒေသရှိ စစ်ကောင်စီ၏နို့ဒေးစခန်းကို ယခုနိုဝင်ဘာလဆန်းပိုင်းမှ ယနေ့အထိ တော်လှန်ရေးတပ်ဖွဲ့များက ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးထက်မနည်းသေဆုံးခဲ့ကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်မှ သိရသည်။
မာနယ်ပလောဒေသတွင် တစ်ခုတည်းသာကျန်ရှိတော့သည့် စစ်ကောင်စီ၏အဆိုပါ နို့ဒေး (သို့မဟုတ်) ၉၁၃ စခန်းကို...














