KIC News
KNU ဗဟိုအကြံပေး စောထို ကော့ကရိတ်တွင် လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း သတင်းအမှားပျံ့နှံ့နေ
Facts Checking News:
နိုဝင်ဘာ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဗဟို၏အကြံပေး စောထိုဆိုသူမှာ ကော့ကရိတ်မြို့တောင်ပိုင်းတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် နိုဝင်ဘာလ (၁၂)ရက်နေ့ ညပိုင်းက သေဆုံးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်နှင့် လူမှုကွန်ရက် ဖေ့ဘွတ်(ခ်)စာမျက်နှာများတွင် သတင်းအမှားပျံ့နှံ့လျက်ရှိသည်။
အဆိုပါသတင်းကို Subscribe...
ထိုင်းတွင် မွေးသည့် မြန်မာကလေးငယ်များ မွေးစာရင်း မှတ်ပုံတင်နိုင်ပြီဟု မြန်မာသံရုံး ထုတ်ပြန်
နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့် ကလေးများ၏ မွေးစာရင်းကို မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ နိုဝင်ဘာလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ...
ထားဝယ်တွင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး
နိုဝင်ဘာ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နှင့် ဆင်ဆိပ်ရပ်ကွက်ကြားတွင် လမ်းကင်းယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားသည်ဟု ရေဖြူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ထုတ်ပြန်ပြောသည်။
အဆိုပါ ရပ်ကွက်နှစ်ခုကြား စစ်ကောင်စီတပ်ဖွဲ့ဝင်များ သုံးဘီးယာဉ်...
ကရင်နီတော်လှန်ရေးတပ်များနှင့် PDF များ ခိုအောင်းရာနေရာဖြစ်သဖြင့် ဘန်ကောက်စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဆိုသော သတင်းအမှား
ကရင်နီတော်လှန်ရေးတပ်များနှင့် PDF များ ခိုအောင်းရာနေရာဖြစ်သဖြင့် ဘန်ကောက်စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဆိုသော သတင်းအမှား
နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကယား(ကရင်နီ)ပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ လအိတိုက်နယ်အတွင်းရှိ ဘန်ကောက်စစ်ရှောင်စခန်းကို ကရင်နီလက်နက်ကိုင်တော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ ခိုအောင်းနေ ထိုင်ရာဖြစ်သောကြောင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှ ယမန်နေ့ နိုဝင်ဘာလ(၁၈)ရက်နေ့တွင်...
ကျုံဒိုးနယ်အတွင်း စစ်ကောင်စီတပ်နှင့်စစ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း BGF ခေါင်းဆောင်ပြော
နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတိုက်နယ်ရှိ မွန်တိုင်းရင်းသားကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် စစ်ရေး အရ ပူးပေါင်းလှုပ်ရှားခြင်းမရှိကြောင်း ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် တပ်နယ် ၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။
အပစ်ရပ် မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မွန်ပြည်သစ်ပါတီ...
လမ်းပိတ်ထား၍ တနင်္သာရီမြို့နယ်တွင် ဆန်နှင့် စက်သုံးဆီဈေး မြင့်တက်
နိုဝင်ဘာ ၁၉ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက ကုန်းတွင်းလမ်းကြောင်း ပိတ်ဆို့မှုများ ပြုလုပ်ထား သည့်အတွက် ဆန်နှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည်ဟု ဒေသခံများနှင့် စစ်ရှောင် ကူညီနေသူများက ပြောသည်။
အဆိုပါ တနင်္သာရီမြို့နှင့် မြို့နယ်ကျေးရွာများသို့ ဆက်သွယ်သွားလာသည့် ကားလမ်းမပေါ်ရှိ...














