KIC News
ဧကပေါင်း တစ်သန်းကျော်ရှိ သောသီတောအူးဌာနေလူမျိုးစုများ ဥယျာဥ် တရားဝင်ဖွင့်လှစ်
ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
သဘာဝဂေဟစနစ်နှင့် ဌာနေလူမျိုးစုတို၏ရိုးရာယဥ်ကျေးမှုကို ကာကွယ်မည့် ဧကပေါင်း တစ်သန်းကျော်ရှိ သောသီတောအူး ဌာနေလူမျိုးစုများဥယျာဥ် တရားဝင်ဖွင့်လှစ်ကြေညာခြင်းအခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်၊ ထောတထူ(ထန်းတပင်)မြို့နယ်၊ ကော်မူထီးရှီး၊ မိုနေပွာနယ်မြေတွင် ဒီဇင်ဘာလ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။
တောအူးခရိုင်အတွင်း ၅,၇၅၄ စတုရန်းကီလိုမီတာ(၁,၄၂၁,၉၆၇)ဧက...
လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ ဒေသခံအမျိုးသမီးတစ်ဦး ပစ်သတ်ခံရ
ဒီဇင်ဘာ ၁၅ ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများ အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ ဝင်များမှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်သွားကြောင်း ဒေသခံနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ၏ အတည်ပြုပြောဆိုချက်များအရ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၃)ရက်နေ့မှစတင်ပြီး အင်အား(၁၀၀)ဝန်းကျင်ဖြင့် လောင်းလုံး မြို့နယ်ရှိ ကမြောကင်း တံတားမှတစ်ဆင့်...
ဧရာဝတီတိုင်း ကရင်လူငယ်များ တတိယအကြိမ်မြောက် ကရင်အမျိုးသားအလံတော် ကမ်ပိန်း ပြုလုပ်
ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်း ကရင်လူငယ်များ ဦးဆောင်ပြီး ကရင်နှစ် ၂၇၆၄ နှစ်တွင် ကျရောက်မည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ကရင်အမျိုး သား အလံတော်ပေးဝေသွားမည့် စည်းရုံးလှုံ့ဆော်မှု(Campaign)ကို တတိယမြောက် အကြိမ် ထပ်မံပြုလုပ်နေကြောင်း...
အုန်းဖန် ဗုံးပေါက်ကွဲမှုအပေါ် ကန့်ကွက်ရှုတ်ချပြီး အမှုမှန်ပေါ်ပေါက်ရေး ထိုင်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကေအဲန်ယူ ပြော
ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့(ခ်)ခရိုင် အုန်းဖန်မြို့ ပွဲတော်၌ ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်၊ ည ၁၁ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့သည့် လူအများအပြား ထိခိုက်သေဆုံးစေသော ဗုံးပေါက်ကွဲမှုဖြစ်စဉ်အပေါ် ကန့်ကွန်ရှုတ်ချပြီး ထိုင်းအစိုးရ၏...
အုန်းဖန်မြို့ ပွဲတော်အတွင်း ပေါက်ကွဲမှုဖြစ်ပွား၍ ၄ ဦးသေဆုံး၊ (၅၄)ဦး ထိခိုက်ဒဏ်ရာရ
ဒီဇင်ဘာလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင် အုန်းဖန်မြို့လယ်တွင် နှစ်စဉ်ကျင်းပသည့် ထိုင်းရိုးရာအက (လားဝိုး)ပွဲတော်အတွင်း ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်၊ ည ၁၁ နာကျော်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ (၄) ဦးသေဆုံးကာ (၅၄)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏...
မြန်မာအပါအဝင် အာရှတစ်ဝှမ်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ဂျပန်တက္ကသိုလ် ကူညီပေးမည်
ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံ အပါအဝင် ဟောင်ကောင်နှင့် အာရှတစ်ဝှမ်းမှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များ၊ ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို ဂျပန်နိုင်ငံရှိ ဟီတိုဆူဘာရှီ တက္ကသိုလ်က ပံ့ပိုးကူညီရန် လာမည့်နှစ်တွင် အစီအစဉ်တစ်ခုစတင်တော့မည်ဟု Nikkei Asia သတင်းဌာနက ယနေ့...














