Home Authors Posts by KIC News

KIC News

22448 POSTS 0 COMMENTS

ကရင့်တော်လှန်ရေးအောင်မြင်ရေးသော့ချက်သည် တစ်မျိုးသားလုံး စည်းလုံးညီညွှတ် ရေးဖြစ်ကြောင်း KNU ဥက္ကဋ္ဌပြော

ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ လိုလားတောင့်တလျက်ရှိသည့် ကရင့်တော်လှန်ရေးအောင်မြင်မှု၏ အဓိကကျသော့ချက် သည် တစ်မျိုးသားလုံး စည်းလုံးညီညွှတ်မှုရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်ရေးဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။ နံနက်ဖြန် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးအတွက်...

တစ်လနီးပါး တိမ်းရှောင်နေရသော ဘီးလင်းမြို့နယ်ရှိ စစ်ဘေးရှောင် နှစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ သထုံခရိုင်/တပ်မဟာ(၁) နယ်မြေ၊ ဘီးလင်းမြို့နယ်ရှိ မဲပလီနှင့်အစူးချောင်းကျေးရွာအုပ်စုတို့မှ တစ်လနီးပါးကြာ နေရပ်ရှောင်တိမ်းနေရသည့် စစ်ဘေးရှောင် (၂,၀၀၀)ကျော်မှာ နယ်မြေ အေးချမ်းလုံခြုံမှုမရှိသေးသဖြင့် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြ သေးကြောင်း ဒေသတွင်း တာဝန်ရှိသူတို့ထံမှ သိရသည်။ မဲပလီကျေးရွာအုပ်စုအောက် ရွာပေါင်း(၈)ရွာတွင် စုစုပေါင်း...

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ‌ကျောက်ကြီးဒေသခံ ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ၊ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များ ထိခိုက်ပျက်စီး

ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်/တပ်မဟာ(၃)နယ်မြေ၊ လယ်ဒို (ကျောက်ကြီး)မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သား ၁ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့ (ဇန်နဝါရီလ ၂၉ ရက်)တွင် ကေအဲန်ယူ...

ထားဝယ်ရွှေ့ဂူတံတားဂိတ်နှင့်စခန်းကို တော်လှန်ရေးအဖွဲ့များသိမ်းပိုက်၊ ၄ ဦး အရှင်ဖမ်းမိ

ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရှင်မုတ္ထီးကျေးရွာ၊ ရွှေဂူတံတားဂိတ်၌ အထိုင်ချထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏စခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၉ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ဒေါင်းညီနောင်စစ်ကြောင်း...

ကော့ကရိတ် ကွီလုံတိုင်ရွာ၌ မပေါက်ကွဲသေးသည့် ဗုံးဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေး ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်/တပ်မဟာ-၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ ကွီလုံ တိုင်ကျေးရွာ၌ မပေါက်ကွဲသေးသည့် ဗုံးကိုယူဆော့ ကစားမိရာမှ ပေါက်ကွဲပြီး ကလေး ၂ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရရှိသွားမှု ဇန်နဝါရီ ၂၈ ရက်နေ့တွင်...
Donate