KIC News
တာလယ်ဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်သိမ်းပိုက်၊ လက်နက်ကြီးကျည်အပါအဝင် ခဲယမ်းအများအပြား ရရှိ
မေ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၇)၊ ဖားအံခရိုင် ထိန်းချုပ်နယ်မြေရှိ စစ်ကောင်စီ၏ တာလယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က ယမန်နေ့ ညပိုင်းတွင် အပြီးသတ်သိမ်းနိုင်ခဲ့ပြီး ၁၂၀ မမ လက်နက်ကြီးကျည်အပါအဝင် ခဲယမ်းအများအပြား ရရှိခဲ့ကြောင်း သိရသည်။
ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ...
အာဆီယံအဖွဲ့ဝင်နိုင်ငံမှတဆင့် စစ်ကောင်စီထံ စစ်လက်နက်အထောက်အပံ့များ စီးဝင်နေခြင်းကို ပိတ်ဆို့ရန် JFM တောင်းဆို
မေ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှတဆင့် ဘဏ္ဍာငွေ၊ နည်းပညာနှင့် လေယာဥ်ဆီကဲ့သို့ စစ်လက် နက် အထောက်အပံ့ပစ္စည်းများ စစ်ကောင်စီထံ စီးဝင်နေမှုအပေါ် ပိတ်ဆို့ တွန်းအားပေးရန် ယမန်နေ့ မေလ ၁၃ ရက်နေ့ရက်စွဲဖြင့် Justice For Myanmar-JFM က...
အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲသတ်ဖြတ်မှု
အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲသတ်ဖြတ်မှု
မောင်ကျော်စွာ
(၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းပေါ်သို့ (စကစ) စစ်တပ်က ဗုံးကြဲချလိုက်လို့ ဆရာ/ဆရာမနဲ့ ကျောင်းသား/သူ စုစုပေါင်း ၂၂ဦး သေဆုံးသွားပါတယ်။
(စကစ)စစ်အုပ်စုရဲ့ ဘယ်လောက် အဆင်အခြင်ကင်းမဲ့ပြီး မိုက်မဲရက်စက်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပါ သလဲ။...
တောင်ငူ၊ ထန်းတပင်တွင် ညကင်းလှည့်သည့် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး သေ ဆုံးခဲ့
မေလ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂)နယ်မြေ/တောင်ငူခရိုင်၊ ထန်းတစ်ပင်မြို့နယ်၊ ရှာစေးဘိုကျေးရွာအုပ်စု၊ ဇီးဖြူကုန်းရွာတွင် ညကင်းပတ်နေသော စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ခြံမှ နေအိမ်ပြန်လာသော ကရင်လူငယ်တစ်ဦး သေဆုံးသွားခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ (၁၁)ရက်နေ့ ညအချိန်တွင် အရက်သေစာသောက်စားထားပြီး ကင်းပတ်စစ်ဆေးမှု...
ရန်ကုန်-မော်လမြိုင်လမ်းမဘေးရှိ ကျေးရွာများကို စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ဒေသခံများတိမ်းရှောင်
မေ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၊ တပ်မဟာ(၁)၊ သထုံခရိုင်နယ်မြေ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးနံဘေးရှိ ကျေးရွာများကို ယခုရက်ပိုင်း စစ်ကောင်စီစစ်ကြောင်းထိုး၊ လက်နက်ကြီးများပစ်ခတ်နေ၍ ဒေသခံများရှောင်တိမ်းနေရကြောင်း ကေအဲန်ယူထံမှ သိရသည်။
ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာအုပ်စု၊ ဝင်းကံကျေးရွာအုပ်စုနှင့် ဘီးလင်းမြို့နယ် အလူးကျေးရွာအုပ်စုဘက်တွင် ပြီးခဲ့သည့် ဧပြီလတစ်လလုံး...














