Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

စစ်သား ၁၀၀ တွင် ၉၀ ဦး ထွက်ပြေးချင်နေသည်ဟု အလင်းဝင်တပ်သားပြော

မေ ၃၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များတွင် စစ်သား ၁၀၀ ဦးတွင် ၉၀ ဦးခန့်သည် တပ်မှ ထွက်ပြေးချင်နေသည်ဟု ကော့ကရိတ်၊ ဒေါနတပ်ရင်း၊ ဗျူဟာ-၃၃ သို့ လက်နက်နှင့်အတူ အလင်းဝင်လာသူ တပ်သားတစ်ဦးက ဖွင့်ဟပြော သည်။ တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ-၅၅၈)တပ်ရင်းမှ...

ကရင်အမျိုးသား ရဲတပ်ဖွဲ့-KNPF ကျုံဒိုးမြို့နယ်၊ ရဲမှူးကြီး စောထူးလွဲနှင့် တွေ့ဆုံမေးမြန်းခြင်း

“ဖမ်းဆီးရတဲ့ အမှုအများဆုံးကတော့ မူးယစ်ဆေးဝါး အမှုတွေပါ” ကရင်အမျိုးသား ရဲတပ်ဖွဲ့-KNPF ကျုံဒိုးမြို့နယ်၊ ရဲမှူးကြီး စောထူးလွဲနှင့် တွေ့ဆုံမေးမြန်းခြင်း ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်တွင် ရပ်ရွာလုံခြုံရေး၊ နယ်မြေ အေးချမ်းသာယာရေးနှင့် ကေအဲန်ယူ ဥပဒေ စိုးမိုးရေး စသည်တို့ကို အကောင်အထည်ဖော်လုပ်ဆောင်နေသည့် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF ကျုံဒိုးမြို့နယ်၊ ရဲမှူးကြီး စောထူးလွဲနှင့်...

ကွမ်းရွက်ဈေးထိုးကျနေ၍ ညောင်တုန်း ကွမ်းခြံစိုက်သူများ အခက်ကြုံ

မေလ ၂၉ ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ ရန်ကုန်မြို့ကို ပို့ဆောင်ရသည့် ကွမ်းရွက်စျေးကွက်ပျက်ပြီး စျေးအဆမတန် ထိုးကျနေသောကြောင့် ဧရာဝတီ တိုင်း ညောင်တုန်းမြို့နယ်က ကွမ်းစိုက်တောင်သူအများအပြား အခက်အခဲကြုံလာရသည်ဟု ကွမ်းစိုက် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများက ပြောသည်။ ယခင်နှစ်များက ကွမ်းကို ရန်ကုန်ကနေတဆင့် အခြားဒေသများကို ပို့ဆောင်နိုင်ပေမဲ့ ယခုနှစ်အတွင်း လမ်းခရီး...

သေ့ဘောဘိုးအုပ်စု၊ ကွီးလယ့်စုကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၍ ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရ

မေလ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်(မြဝတီမြို့တောင်ဘက်)ရှိ သေ့ဘောဘိုးကျေးရွာအုပ်စု၊ ကွီးလယ့်စုကျေးရွာ စာသင်ကျောင်းနှင့် ဗုံးကြီးကျောင်း ယနေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး ကျောင်းသား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွင်...
Donate