Home Authors Posts by KIC News

KIC News

22004 POSTS 0 COMMENTS

နေရပ်မပြန်နိုင်သည့် တောင်ငူစစ်ရှောင် (၃၀၀၀) ကျော် ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေ

ဇူလိုင် ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ ကျေးရွာပေါင်း (၅)ရွာထက်မနည်းမှ စစ်ဘေးရှောင်ဦးရေ (၃၀၀၀) ကျော်သည် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ရိက္ခာနှင့် အမိုးအကာများ အဓိက လိုအပ်မှုရှိနေကြောင်း ၎င်းတို့ကို အကူအညီပေးနေသူများထံမှ သိရသည်။ တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မေလပိုင်းမှစ၍...

နယ်စပ်ဒေသ ရေကြီးမည့် အရေးပေါ်သတိပေးချက် ထိုင်းထုတ်ပြန်

ဇူလိုင် ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာ နယ်စပ် တလျောက် မိုးများရေကြီးပြီး နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်ကို သတိပြုနေထိုင် ကြရန် ထိုင်းအစိုးရ သဘာဝဘေးအန္တရာယ် အရေးပေါ် သတိပေးချက်ဌာနက သတိပေးချက်ထုတ်ပြန်လိုက်သည်။ အဆိုပါ သတိပေးချက်ကို နယ်စပ်ဒေသတလျောက်နေထိုင်သူများထံသို့ မိုဘိုင်းဖုန်းအော်ပရေတာများမှတစ်ဆင့် လည်း သတိပေးချက်ပေးပို့ခဲ့သည်။ ထိုသတိပေးချက်တွင် မယ်ဆိုင် မြစ်...

ဝီဖာဆိုင်ကလုန်းမုန်တိုင်းအန္တရာယ် သတိပေးပြင်ဆင်ချက် ကေအဲန်ယူ အရေးပေါ်ကြေညာ

ဇူလိုင် ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်အပါအဝင် မြန်မာအရှေ့တောင်ပိုင်းသို့ ဇူလိုင်(၂၃)နှင့်(၂၄)ရက်တွင် ဝင်ရောက် လာနိုင်သည့် ဝီဖာဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်အပေါ် ကြိုတင်ပြင်ဆင်ရှောင်ရှားကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ယနေ့ အရေးပေါ်သတိပေးကြေညာသည်။ တောင်ပိုင်းဒေသသို့ဝင်ရောက်လာနိုင်သော အားကောင်းသည့် အဆိုပါမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးပြီးမြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်ပြီး လူထုနေအိမ်များ၊ လယ်ယာလုပ်ငန်းခွင်များ ထိခိုက်ပျက်စီးမှုအပြင် ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နိုင်ကြောင်း...

မဒေါက်မြို့အနီး စစ်တောင်းမြစ် တာနေရာကျိုးကျ၊ မြေနိမ့်ပိုင်းများရေဝင်၍ ပြောင်းရွှေ့နေရ

ဇူလိုင် ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် မဒေါက်မြို့အထွက်ရှိ စစ်တောင်းမြစ်ကိုကာထားသော တာ နေရာမှာ ယနေ့ဇူလိုင်လ ၂၃ ရက်နေ့နံနက်ပိုင်းက ကျိုးကျသွားပြီး မဒေါက်မြို့မြေနိမ့်ပိုင်းနေ ထိုင် သူများ ပြောင်းရွှေ့မှုရှိကြောင်း မြို့ခံနှင့်လူမှုကယ်ဆယ်ရေးအဖွဲ့များမှ သိရသည်။ တာနေရာကျိုးကျသည့်အပြင် မိုးဆက်လက်ရွာသွန်း၍ မြစ်ရေမြင့်တက်နေဆဲဖြစ်သဖြင့် မြစ်အနီး...

ပွဲပျက်သွားသည့် ဘုရားသုံးဆူက ငြိမ်းချမ်းရေးဆုတောင်းပွဲ မြိုင်ကြီးငူတွင် ပြုလုပ်မည်

ဇူလိုင် ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က ဘုရားသုံးဆူမြို့တွင် ပြုလုပ်ရန်စီစဥ်ထားပြီး ပွဲပျက်သွားသည့် ငြိမ်းချမ်းရေးဆုတောင်းပွဲကို မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာကွင်း၊ အေးလင်းမြရှင်ဓမ္မာရုံ၌ လာမည့် ဇူလိုင်လ၂၇ ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။ ကရင်လက်နက်ကိုင်အဖွဲ့အချို့နှင့် ကရင်ပြည်နယ်ရှိ နာမည်ကြီးရဟန်းသံဃာတော်များ...

ကင်းပုန်းစခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ၅ ဦး သေဆုံးဟု MSRF ပြော

ဇူလိုင် ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရူးရဲစခန်းရှေ့ရှိ စစ်ကောင်စီကင်းပုန်းနေရာကို ပြည်နယ်အခြေစိုက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ဇူလိုင် ၂၂ ရက်၊ နံနက်ပိုင်းတွင် ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦး သေဆုံးသွားသည်ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်ထားသည်။ ယခုလို တိုက်ခိုက်ပြီးနောက်...

မြဝတီတွင် ကုန်ကူးဂိတ် ကမ်းနာရပ်ကွက်တချို့ သောင်ရင်းမြစ်ရေ စကြီး

ဇူလိုင် ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ဝီဖာမုန်တိုင်း အရှိန်ကြောင့် မိုးများစွာရွာသွန်းနေသည့်အတွက် ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ရေသည် မြဝတီမြို့ စိုးရိမ်ရေမှတ်ကျော်လွန်ကာ ယနေ့ မွန်းလွဲပိုင်းတွင် BGF ကုန်စည်ကူးဂိတ်နှင့် ကမ်းအနီးရပ်ကွက်များ ရေစကြီးနေပြီး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ယခုလို မြဝတီ ရပ်ကွက်တချို့ ရေစကြီးလာ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက်...
Donate