KIC News
စစ်အုပ်စုနှင့်သုံးနှစ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်သေဆုံးဟု MSRF ဆို
စက်တင်ဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်မှ ဩဂုတ်လ ၂၀၂၅ ခုနှစ်အထိ အာဏာသိမ်းစစ်အုပ်စုနှင့်မွန်ပြည်တော်လှန်ရေးတပ်-MSRF တို့ တိုက်ပွဲပေါင်း ၇၀ နီးပါးဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က တပ်ဖွဲ့ဝင် ၃၆၉ ဦးသေဆုံးခဲ့သည်ဟု MSRF က ၎င်းတို့စစ်ရေးသုံးနှစ်ပြည့် အစီရင်ခံစာတွင်...
မဲဆောက် Tesco Lotus ကုန်တိုက်အနီး မြန်မာလူငယ်အချင်းချင်း ဓါးထိုးမှုဖြစ်
စက်တင်ဘာ ၁ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ Tesco Lotus ကုန်တိုက်အနီး စာသင်ကျောင်းရှေ့၌ ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာလူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ဓါးထိုးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယနေ့ နေ့လည် ၂ နာရီအချိန်တွင် မြန်မာလူငယ် ၂ ဦး စကားများပြီးနောက်...
မဲဆောက်ဈေးစည်း မကျော်ရ
ဩဂုတ် ၃၁၊ ၂၀၂၅။ ကေအိုင်စီ
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းဖြစ်ပွားခဲ့သော မဲဆောက်ဈေးက မြန်မာဈေးသည်များအကြား ဖြစ်ပွားသော ၂ ရက်ဆက်တိုက် ရန်ပွဲအကြောင်း ထိုင်းလူမှုကွန်ရက်များပေါ်တွင်ပျံ့နှံ့သွားခဲ့သည်။
ထိုရန်ပွဲကိုအကြောင်းပြုပြီး ထိုင်းလူမှုကွန်ရက်များတွင် မဲဆောက်ဈေးနှင့် ဖချလွန်ဈေးတဝိုက်ရှိ မြန်မာဈေးသည်များကို ရှင်းလင်းရန်၊ ဥပဒေအတိုင်းအရေးယူရန်၊ သန့်ရှင်းအောင်ဆောင်ရွက်ရန် မဲဆောက်ဈေးအာဏာပိုင်များကို ထိုင်းနိုင်ငံသားများက ဖိအားပေးခဲ့ကြသည်။
ထို့နောက်တွင် မဲဆောက်မြို့နယ်အာဏာပိုင်များသည်...
စစ်အုပ်စုသတ်ဖြတ်မှုကြောင့် နှစ်လအတွင်း အသက် ၁၈ အောက် ကလေးငယ် ၄၇ ဦး သေဆုံးခဲ့
ဩဂုတ် ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ (၁)ရက်မှ သြဂုတ်လ (၂၈) ရက်နေ့ အထိ နှစ်လအတွင်း နိုင်ငံတစ်ဝှမ်းလုံး၌ အသက် ၁၈ အောက်ကလေးငယ် ၄၇ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေး...














