KIC News
အယ်ဒီတာ့အာဘော်
၂၀၁၈ကို မဂင်္လာနှစ်သစ် ဖြစ်စေလို
ရွက်ဟောင်းကြွေစ၊ ရွက်နုဖူးစ ကြည်လင်သာယာ ကောင်းကင်ပြာနှင့်အတူ ဆောင်းပီသနေသည့် အေးမြတည်ငြိမ်မှုဖြင့် နှစ် ဟောင်းကုန်ချိန် နှစ်သစ်ဦးသို့ ရောက်ရှိလာချေပြီ။ ရာသီစက်ဝန်းလည်ပတ်ရင်း အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးကာ ကောက် သစ်ပေါ်ချိန် နှစ်ကူးသည့် နှစ်သစ်ဦးတွင် ကရင်သတင်းဌာန၏ စာဖတ်ပရိဿတ်များ မဂင်္လာနှစ်သစ် ဖြစ်ပါစေကြောင်း...
ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ဒုတိယအကြိမ် ဂျပန်ခရီးစဉ်လိုက်ပါသူများမှ အတွေ့အကြုံချပြရှင်းလင်းမှုပြုလုပ်
ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်းတည်ဆောက်ရန်လျာထားသည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံစီမံကိန်းနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ်လေ့လာခရီးသွားရောက်ခဲ့သူများမှ ယနေ့(ဒီဇင်ဘာ ၂၇)တွင် သုံးအိမ်ကျေး ရွာလူထုများနှင့် တွေ့ဆုံကာ ၎င်းတို့လေ့လာသိရှိခဲ့ရသည်များကို ပြန်လည်ချပြရှင်းလင်းမှုများပြုလုပ်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုကို လေ့လာရေးခရီးသွားရောက်ခဲ့သည့် သံဃာတော်များ၊ ဒေသခံများ၏ ဦးဆောင်စီစဉ်မှုဖြင့် စက်ရုံစီမံကိန်းတည်ဆောက်ရန်လျာထားသည့် ဖားအံမြို့နယ်၊...
တွေ့ဆုံမေးမြန်းခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်အခြေစိုက်သည့် အဖြူရောင်ဖောင်ဒေးရှင်း လူမှုအဖွဲ့အစည်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းကို အဓိကထားကာ ဒေသတွင်း ရပ်ရွာအလိုက် ငွေစုဘဏ်လုပ်ငန်းကို အဓိက စတင် လုပ်ဆောင်နေသည်။ အဆိုပါဖောင်ဒေးရှင်းကို ၂၀၀၉ခုနှစ်က ဒေါက်တာဆလိုင်းခင်မောင်အေး(UNDP တွင် လုပ်ကိုင်ခဲ့သူ)က ငွေစုငွေချေးဆိုင်ရာ နည်းပညာများ စတင် သင်ကြားပေးခဲ့သည်။ မြန်မာနိုင်ငံအတွင်း နေရာ...
KNPP တပ်ဖွဲ့ဝင်နှင့်အရပ်သား သတ်ဖြတ်ခံရမှုအပေါ် အမြန်ဆုံးဖော်ဆောင်ရန် UNFC တောင်းဆို
ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
ယခုလ ၂ဝရက်နေ့က အစိုးရစစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP တပ်ဖွဲ့ဝင် ၃ဦးနှင့် အရပ်သားတစ်ဦး၏ အမှုကိစ္စကို ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေးရေးနှင့် တရားမျှတမှုပေါ်ပေါက်ရေးအတွက် အစိုးရတပ်မတော်မှ အမြန်ဆုံးဖော်ဆောင်ပေးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ-UNFC မှ ယနေ့ (ဒီဇင်ဘာ ၂၆)တွင် သဘောထားထုတ်ပြန်၍...
အိမ်ပြန်ခက်နေသူများ (သို့) အိမ်ပြန်ရန် လမ်းစပျောက်နေသူများ
ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၇ခုနှစ်။ စောရှား
လှေပေါ်မှဆင်းလိုက်သည်နှင့် သံလွင်မြစ်ကမ်းနံဘေးတွင် တဲအိမ်လေးများကို ဆီးကြိုမြင်တွေ့လိုက်ရသည်။ တဲလေးများရှိ လူ များ၏ အခြေအနေများက မလှပကြ။ ခနော်ခနဲ့တဲလေးတစ်လုံးထဲတွင် ၃နှစ်အရွယ် ကလေးလေးတစ်ယောက် ထမင်းစားနေ သည်။ ထမင်းပန်းကန်ထဲတွင် ထမင်းဖြူနဲ့ ငါးပိထောင်းမျှသာ ရောပြီး စားနေကာ မည်သည့်ဟင်းမှ မပါသည်ကို...
၁၃ခုမြောက် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောကို ကေအဲန်ယူ သတ်မှတ်အတည်ပြုခဲ့
ဒီဇင်ဘာ ၂၄ရက်၊ ၂ဝ၁၇ခုနှစ်။ စောဒီကိုးဒီ၊ စောသိန်းမြင့်
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး နယ်မြေအတွင်း ၁၃ခုမြောက် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအဖြစ် ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ ‘ကေးဒိုမဲ့ညော’ ဘေးမဲ့တော(ကြိုးဝိုင်း)ကို ကေအဲန်ယူ ဗဟိုသစ်တောဌာနက ဒီဇင်ဘာလ ၁၉ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ အခမ်းအနားပြုလုပ်ကာ သတ်မှတ် အတည်ပြုလိုက်သည်။
ကရင်ပြည်နယ်အတွင်း တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးကို ကြိုဆိုအားပေးသော သကေင်္တတစ်ခုအနေဖြင့်...
မလိမ်ညာကြေး
(လကင်္ာဒီပ)
၂၅ ဒီဇင်ဘာ၊ ၂၀၁၇
မိသားစုမောင်နှမ အခါတော်မှီ
ညီအစ်ကို ညီညွှတ်ရေး
မတွေး မလို ဆန္ဒမရှိဘဲနဲ့များ
အများတကာရှေ့မနှေး
ညီညွှတ်ရေး သီချင်းတွေ
ဆိုမနေသင့်တော့ပါဘူး။
တော်လှန်ရေး ခရီးစပ်ကြား
ဝတ္တရားတွေမလိုပါ
တာဝန်သာလိုတယ်
သဘာဝအရင်းအမြစ် ယူဖို့ကြံစည်
ညီအကိုတွေ လှည့်ပတ်တိုက်နေကြတာလောက်
ပျောက်သွား ဟီရိဩတပ္ပတရားတွေ
ကျုပ်လေ...ဖြေစရာတောင် မရှိတော့ပါဘူး။
ကရင့်အလုပ် ကရင့်တာဝန်
ကျေပွန်အောင် ထမ်းမယ့် စိတ်မဏ္ဍိုင်
တပိုင် တနိုင် မဆိုင်း မနှေး
ဟင်း...ဆက်ကြေးကောက်တာ မဟုတ်ဘူး
ဓါးပြတိုက်နေတာလည်း မဟုတ်ရပါဘူး
ထူးမြတ်တဲ့ ကရင့်နှစ်သစ်ကူးအရေး
တွေးတောထည့်ဝင်ပေါင်းစပ်ပြီး
ရှုမငြီးတဲ့ ကောက်သစ်စားပွဲ
တူယှဉ်တွဲ...
လူ့အခွင့်အရေးကို ဦးတည်သည့် ဖက်ဒရယ်စနစ် ဖက်ဒရယ်ရေးရာ ဆောင်းပါးအမှတ်စဉ် (၁)
ဖက်ဒရယ်စနစ်ရဲ့ အသက်သွေးကြောလို ့ပြောနိုင်တဲ့ အခြေအနေနှစ်ရပ်က ဘာတွေလဲ။
၁၉၆၂ခုနှစ်တုန်းက ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးပဲရယ်လို့ စစ်ခေါင်းဆောင်တွေက စွပ်စွဲခဲ့ကြတယ်။...
နှစ် ၈၅၀ကျော်ရှိ သက်တမ်းရင့်သစ်ပင် ထိန်းသိမ်းမှု အသိအမှတ်ပြုကြရန် KNU သဘောထား ထုတ်ပြန်
ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၇ခုနှစ်။ စဖန်းရှောင်း
KNU-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်က ၎င်းတို့နယ်မြေအတွင်းရှိ နှစ် ၈၅ဝ သက်တမ်းရှိ ပျဉ်းပိ တောက်ပင်ကြီးကို ထိန်းသိမ်းစောင့်ရှောက်မှုနှင့်ပတ်သက်၍ အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အသိအ မှတ်ပြုကြရန် ဒီဇင်ဘာလ ၂၂ရက်စွဲဖြင့် သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။
တနသင်္ာရီမြစ် အနောက်ဘက်ကမ်းရှိ KNU...
ဘောကျို့လယ်နှင့် ကတိုင်တိ ရွာချင်းဆက် ကားလမ်းသစ် ဒေသခံများ ကိုယ်ထူကိုယ်ထ ဖောက်လုပ်
ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၇ခုနှစ်။ စောခါးစူးညား
ဖာပွန်မြို့နယ်အတွင်းရှိ ဘောကျို့လယ်ရွာနှင့် ကတိုင်တိရွာအကြား ရွာသူရွာသားများ ကားဖြင့် သွားလာနိုင်ရန်အတွက် ဘော ကျို့လယ်ဒေသခံ ၁ဝဦးကျော်က ဒီဇင်ဘာ ၂ဝရက်နေ့တွင် ကိုယ်ထူကိုယ်ထ လမ်းသစ်ကို စတင် ဖောက်လုပ်ခဲ့ကြသည်။
ဘောကျို့လယ်ရွာနှင့် ကတိုင်တိရွာအကြား ကားဖြတ်သန်းသွားလာရန် အများက အသုံးပြုနေသည့်လမ်းမှာ နယ်ခြားစောင့်တပ် (၁၀၁၃)၏...














