KIC News
ဒုက္ခသည်
(လကင်္ာဒီပ)
ကိုယ်ချင်းစာနာစိတ်တွေ
သွေဖယ်ခြင်း ခံရသူများ
တရားမမျှတခြင်းများစွာ
သိမ်းကြုံးကာ ရင်ဝယ်ပိုက်ထားရသူ
လူလူချင်း ဖိနှိပ်ခြင်းခံလျက်
လွတ်လပ်မှုတောင်ပံတွေ ရိုက်ချိုး
အမျိုးစုံသော ဆင်းရဲခြင်းကို
ထိုမည်သော သူသူအပေါင်း
စိတ်ထောင်းကိုယ်ကြေ ခံစားနေကြရတယ်။
လူ့ဂုဏ်သိက္ခာဆိုတာ
ဘာရယ်မှန်းမသိကြရ
လူ့အခွင့်အရေးဆိုတာလည်း
မသဲမကွဲ မထင်မရှား
လူသားတွေ လူလိုမကျင့်
နိုင်ထက်ကျင့် နိုင်ရာစားသမိုင်း
တောရိုင်းဥပဒေ ထွန်းကားကြပါပေ့
ထူပွေ့လို့ ကူညီမှုမဲ့ရတယ်
ဘယ်ဘဝက အကုသိုလ်တွေလည်း မသိ။
လက်ဖြန့် မတောင်းလိုကြပါဘူး
ကိုယ့်ဒူးခြေထောက်ပေါ်ရပ်တည်
ကိုယ်စီကိုယ်ငှ ရှင်သန်ချင်ကြသော်ငြား
လူပါးဝခြင်း အကြိမ်ကြိမ်ခံရ
အသက်ကို ဖက်နဲ့ထုပ်
ကျားကုတ်ကျားခဲ ငြိမ်ခံကြလည်း
ဖွဲမီးက ဇွဲကြီးခဲ့ကြသလေ
တစ္ဆေပြုစားခံ...
ပြည်သူတွေရဲ့ အန္တရာယ်ကို ပြည်သူ့အင်အားနဲ့သာ ကျော်လွှားရမှာ
(မောင်ကျော်စွာ)
(၂၀၁၈ခုနှစ်၊ ဇွန်လ ၂၃ရက်)
ပြည်သူတွေဟာ အသက်ရှင်နေထိုင်ဆဲ ကာလမှာ မလွှဲသာမရှောင်သာ အန္တရာယ်အမျိုးအစား နှစ်ခုကို ရင်ဆိုင်ကြရပါ တယ်။ မလွှဲမရှောင်သာလို့ ရေးလိုက်တာဟာ နေ့စဉ်ဘဝမှာ ဒီအန္တရာယ်အမျိုးအစားနှစ်ခုကနေ ဘယ်လိုမှ ရှောင်တိမ်းလွတ် မြောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အနေအထားကို ပေါ်လွင်စေချင်လို့ပါ။
အဲဒီအန္တရာယ် အမျိုးအစားနှစ်ခုကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
၁။...
ဖားအံမြို့တွင် နိုင်ငံတကာ အဆင့်မီ ဈေးဝယ်စင်တာတည်ဆောက်ရန် UHM ကုမ္ပဏီ တင်ဒါအောင်မြင်
ဇွန် ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ဖားအံမြို့တွင် နိုင်ငံတကာအဆင့်မီ ဈေးဝယ်စင်တာ- Shopping Center (Plaza) တည်ဆောက်ရန် တင်ဒါလျှောက် ထားသည့် ကုမ္ပဏီများထဲမှ UHM Development Co.Ltd မှာ ဇွန် ၂၁ ရက်နေ့တွင် တင်ဒါအောင်မြင်သွားခဲ့သည်ဟု သိရသည်။
UHM...
ကရင်ပြည်နယ် ဘုန်းတော်ကြီးကျောင်းများတွင် စောင့်ရှောက်ထားရသည့် ကလေးငယ်များ ပိုမိုများလာ
ဇွန်လ ၂၁ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်
ကရင်ပြည်နယ်အတွင်းရှိ မိဘမဲ့ကလေးများအား ပညာသင်ထောက်ပံ့ပေးသော ဘုန်းတော်ကြီးကျောင်း လူငယ်ပရ ဟိတဂေဟာများတွင် ကလေးငယ်များ တစ်နှစ်ထက် တစ်နှစ်ပိုမို များပြားလာလျက်ရှိကြောင်း ဖားအံမြို့ တောင်တန်း သာသနာပြု ဗဟိုကျောင်း ဆရာတော် ဥူးဓမ္မပါလက ပြောသည်။
“မိဘမဲ့ ကလေးတွေ...
ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များ နေရပ်ပြန်လာရန် အားပေးအားမြှောက်ပြုခြင်း မရှိကြောင်း UNHCR ပြော
ဇွန်လ ၂ဝ ရက်၊ ၂၀၁၈ခုနှစ်။ နန်းဝေဖြိုးဇာ
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များအနေဖြင့် နေရပ်သို့ များများပြန်လာရန် အားပေးအားမြောက်ပြုခြင်းမရှိဘဲ လိုအပ်ချက်များကို ကူညီပံ့ပိုးခဲ့ခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံ အရှေ့ တောင်ပိုင်းဒေသ UNHCR တာဝန်ခံ(ဖားအံရုံး) Ms. Maureen McBrien က...
မြန်မာ အရှေ့တောင်ဒေသရှိ ဒုက္ခသည်နှင့် IDPs များအတွက် အနာဂတ်မသေချာဟု ပြောဆို
ဇွန်လ ၂ဝ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး
မြန်မာနိုင်ငံ အရှေ့တောင် ဒေသရှိ ဒုက္ခသည်များနှင့် ပြည်တွင်းစစ်ရှောင် IDPs များအတွက် အနာဂတ်မသေချာ မရေရာ ကြောင်း ယနေ့ (ဇွန်လ ၂ဝရက်) ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ကျင်းပသည့် ကမ္ဘာ့ဒုက္ခသည်များနေ့ (World Refugee...
ပြည်နယ်အတွင်း တရားမဝင် ကုန်သွယ်မှု တာဆီးစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
ဇွန် ၂ဝ ရက်၊ ၂၀၁၈ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများ တာဆီးထိန်းချုပ်နိုင်ရေးအတွက် ပြည်နယ်အဆင့် ဌာနစုံ ပါဝင်သည့် ' ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရေးအဖွဲ့' ကို ဇွန်လ ၁၃ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက် သည်ဟု အဖွဲ့ခေါင်းဆောင် ပြည်နယ်ရဲမှူးကြီးကြည်လင်းက...
ဖားအံမြို့မ ဘောလုံးကွင်းကို သာသနာ့ဗိမ္မာန် တည်ဆောက်ရေး နေရာအဖြစ် လှူဒါန်းရန် မဆုံးဖြတ်ရသေး
ဇွန် ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ဖားအံမြို့၊ မြို့မကျောက်တိုင် ဘောလုံးကွင်းကို သာသနာ့ဗိမ္မာန် တည်ဆောက်ရေးမြေနေရာအဖြစ် လှူဒါန်းရန် အစိုးရအနေဖြင့် မဆုံးဖြတ်ရသေးကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဗမာတိုင်းရင်းသားရေးရာဝန် ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ကေအိုင်စီသို့ ယနေ့ ပြောသည်။
ဝန်ကြီးက“ ပြည်သူတွေ ထောက်ပြတာလည်း...
အမေရိကန်၊ ကနေဒါရောက် ကရင်များဆန္ဒဖော်ထုတ်၊ တပ်မတော်အား ဒဏ်ခတ်ပိတ်ဆို့မှုနှင့် အရေးယူရန် တောင်းဆို
ဇွန်လ ၁၉ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး
အမေရိကန်နှင့် ကနေဒါနိုင်ငံများသို့ ရောက်ရှိနေကြသည့် ကရင်အမျိုးသားများသည် ဇွန်လ ၁၈ရက်(ယမန်နေ့)က ဝါရှင်တန်ဒီစီ မြို့ရှိ လွှတ်တော်အဆောက်အဦးရှေ့နှင့် ကနေဒါ လွှတ်တော်ခန်းမရှေ့များ၌ လူပေါင်းထောင်သောင်းချီစုဝေး၍ ဆန္ဒထုတ်ဖော်ခဲ့ ကြပြီး လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်နေသော မြန်မာ့တပ်မတော်အား ဒဏ်ခတ်ပိတ်ဆို့မှုရန်နှင့် အပြစ်ပေးအရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံ၏...
ကရင်ပြည်နယ်တွင် လူငယ်ပြုပြင်ရေးစခန်း ယခုနှစ်အတွင်း အကောင်အထည်ဖော်ရန် စီစဉ်နေ
ဇွန်လ ၁၉ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန်
ကရင်ပြည်နယ်အတွင်းရှိ မူးယစ်ဆေးစွဲလူနာများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လူငယ်ပြုပြင်ရေးစခန်းကို ဖားအံစက်မှုဇုံအရှေ့ဖက် ငြိမ်းချမ်းသာကျေးရွာတွင် ပြည်နယ်အစိုးရအနေဖြင့် ယခုနှစ်အ တွင်း အကောင်အထည်ဖော် လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
ပြည်နယ်အတွင်း လူငယ်များ အပါအဝင် မူးယစ်ဆေးစွဲသူ လူနာများအား သီးသန့်...













