Home Authors Posts by KIC News

KIC News

22573 POSTS 0 COMMENTS

စာသင်‌ကျောင်းရှိကရင်အမျိုးသားအလံတိုင် ဖျက်ဆီးခံရမှုအ‌ပေါ် KNU ဘိတ်-ထားဝယ်ခရိုင်ကန့်ကွက်

ဇန်နဝါရီ ၆ရက်၊ ၂၀၂ဝခုနှစ်။ ‌ကေအိုင်စီ တနသင်္ာရီတိုင်း‌ဒေသကြီး၊တနသင်္ာရီမြို့နယ် သဲဖြူ‌ကျေးရွာ အ‌ခြေခံပညာမူလတန်း‌ကျောင်းဝင်းအတွင်း နိုင်ငံ‌တော်အလံနှင့်ယှဉ်လျက်ရွာသူရွာသားများစိုက်ထူထားသည့် ကရင်အမျိုးသားအလံတိုင် ဖြိုလှဲဖျက်ဆီးခံရမှုအ‌ပေါ်ကန့်ကွက်စာ‌ပေးပို့သွားမည်ဖြစ်‌ကြောင်းKNU-ကရင်အမျိုးသားအစည်းအရုံး၊ဘိတ်-ထားဝယ်ခရိုင်က ‌ပြောသည်။ ဇန်နဝါရီလ ၁ရက်‌နေ့က မြိတ်ခရိုင်၊ သဲဖြူ‌ကျေးရွာ‌ဒေသခံများအပါအဝင် ‌ကျောင်းတာဝန်ရှိသူများမှ အဆိုပါ‌ကျောင်းဝင်းအတွင်း ကရင်အမျိုးသားအလံအားစိုက်ထူမှုများပြုလုပ်ခဲ့ပြီး‌နောက် ဇန်နဝါရီလ ၂ရက်‌နေ့ည ၉နာရီခွဲအချိန်ခန့်ကနယ်‌မြေခံ မြန်မာ့တပ်မ‌တော်မှ တပ်ဖွဲ့ဝင်အင်အား ၂ဝခန့်လာ‌ရောက်ပြီးဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု‌ဒေသခံရွာသားများက‌ပြောဆိုသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ထားဝယ်မြို့ရှိKNU ဆက်ဆံ‌ရေးရုံးတာဝန်ခံ ပဒိုဝင်းခိုင်က...

မြဝတီ-‌ကော့ကရိတ်အာရှလမ်းယာဉ်တိမ်း‌မှောက်မှုမှ ‌သေဆုံးသူMoUလုပ်သားများမှ တစ်ဦးလျှင် နစ်နာ ‌ကြေးကျပ်သိန်း ၉ဝခန့် ရရှိမည်

ဇန်နဝါရီ ၄ ရက်၊ ၂၀၂ဝခုနှစ် ။ ‌နေ‌နော် ကရင်ပြည်နယ်မြဝတီ-‌ကော့ကရိတ် အာရှလမ်းမိုင်တိုင်အမှတ် ၁၅၈ နှင့် ၁၅၉ ကီလိုမီတာကြား‌ဒေသအ‌ခေါ် ကွမ်းခြံ‌ကွေ့‌နေရာ၌်ယမန်‌နေ့ ဇန်နဝါရီ၃ရက် နံနက်ပိုင်းကအလင်း‌ရောင်မိုးမှန်လုံယာဉ်တိမ်း‌မှောက်မှုဖြစ်စဉ်မှ ‌သေဆုံးခဲ့ရသည့် ယာဉ်‌ပေါ်ပါ MoUလုပ်သား ၁၁ဦးအတွက် အာမခံအရပ်ရပ်မှ တစ်ဦးလျှင် နစ်နာ‌ကြေးကျပ်သိန်း ၉ဝခန့် ရရှိမည်ဟုသိရသည်။ ထက်မာန်ကုမ္ပဏီနှင့် MoUစနစ်ဖြင့်...
Donate