Home Authors Posts by KIC News

KIC News

22003 POSTS 0 COMMENTS

မဲ‌ဆောက်‌ဒေသအတွင်း (Chikungunya) ဆင်တုပ်‌ကွေး ဖြစ်ပွားမှုများပြားလာ၊ က‌လေးသူငယ်များ ပိုမိုဖြစ်ပွား

ဇူလိုင် ၁၇ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲ‌ဆောက်‌ဒေသတွင် (Chikungunya) ‌ခေါ် ဆင်တုပ်‌ကွေး ဖြစ်ပွားမှု များပြား လာပြီး က‌လေးသူငယ်များတွင် ပိုမိုဖြစ်ပွားလျက်ရှိသည်ဟု မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ကျန်မာ‌ရေး ဝန်‌ဆောင်မှု‌ပေး‌နေသည့် မယ်‌တော်‌ဆေးခန်းမှ ကျန်းမာ‌ရေး တာဝန်ရှိသူများက ‌ပြောသည်။ ယခင်နှစ်များတွင် ပုံမှန်ရာသီတုပ်‌ကွေးနှင့်...

‌ကော့ကရိတ်-အိန္ဒု အာရှလမ်းစီမံကိန်းတွင် ကျန်ရှိနစ်နာသူ ၅၁ဦး ‌လျော်‌ကြေးရရှိ‌ရေး ညှိနှိုင်း‌ဆွေး‌နွေး

ဇူလိုင် ၁၆ရက်၊ ၂၀၁၉ခုနှစ်။ နန်း‌ဝေဖြိုးဇာ ‌ကော့ကရိတ်မှ အိန္ဒုအထိ တိုးချဲ့လုပ်‌ဆောင်သည့် အာရှလမ်းစီမံကိန်းတွင် နစ်နာသူများထဲမှ ‌လျော်‌ကြေးရရှိရန် ကျန်ရှိ‌နေ‌သေး သည့် ‌ဒေသခံ ၅၁ဦးနှင့် စီမံကိန်း‌ကြောင့် ‌လျော်‌ကြေး‌ပေးနိုင်‌ရေး ညှိနှှိုင်း‌ဆောင်ရွက်‌ပေးသည့် တာဝန်ရှိသူတို့ ဇူလိုင်လ ၁၅ရက် ‌နေ့တွင် ကရင်ပြည်နယ်၊ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာနရုံးရှိ အစည်းအ‌ဝေးခန်းမ၌ ‌တွေ့ဆုံညှိနှိုင်းမှု...

၁၂ နှစ်ကြာ ပိတ်ထား‌သော ဘုရားသုံးဆူ နယ်စပ်ဂိတ် မကြာမီ ပြန်လည်ဖွင့် လှစ်နိုင်ရန် ပြင်ဆင်

ဇူလိုင် ၁၅ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော် ယခင်က နှစ်နိုင်ငံ ပြဿနာများ‌ကြောင့် ၁၂ ကြာ ပိတ်ထားသည့် ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်‌သော က ရင်ပြည်နယ်၊ ‌ကော့ကရိတ်ခရိုင်အတွင်းရှိ ဘုရားသုံးဆူမြို့၊ နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံ တာဝန် ရှိသူများ ညှိနှိုင်းပြင်ဆင်လျက်ရှိ‌ကြောင်း သိရသည်။ မြန်မာနိုင်ငံအ‌နေဖြင့် တစ်ဖက်ထိုင်းနိုင်ငံနှင့်...

တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ် နယ်‌မြေများတွင် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ အဖြစ်နိုင်ဆုံး ကျင်းပ‌ပေးနိုင်ရန် KNDP တိုက်တွန်း

ဇူလိုင် ၁၅ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာနယ်‌မြေများနှင့် ပဋိပက္ခဖြစ်ပွားရာ ‌ဒေသများ၌ ၂၀၂ဝ ခုနှစ် ‌ရွေး‌ကောက်ပွဲကို မဖြစ်မ‌နေကျင်းပ‌ပေးနိုင်ရန် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အား ကရင်အမျိုးသားဒီမို ကရက်တစ်ပါတီ-KNDPက တိုက်တွန်းလိုက်သည်။ ဖားအံမြို့၊ Breeze Hotel ၌ ဇူလိုင်လ ၁၃...

ဘဝမှာ လုံခြုံတဲ့ အိမ်‌ကောင်း‌လေးတစ်လုံး လိုချင်သူ မိခင်တစ်ဦး

နန်း‌ဝေဖြိုးဇာ ဇူလိုင် ၁၃ရက်၊ ၂၀၁၉ခုနှစ်။ ‌နေ‌ရောင်မရှိတဲ့ နံနက်ခင်းမြူမှုန်‌တွေကြားက နှစ်ထပ်အိမ်ငယ်‌လေးရဲ့ မီးဖို‌ချောင်ထဲမှာ အသက် ၆၀‌ကျော်အမျိုးသမီးကြီးတစ်ဦး မီး‌သွေးမီးဖိုကို "တဟူးဟူး" မှုတ်ရင်း ထမင်းဟင်းချက်ပြုတ်‌နေပါတယ်။ မိုးတွင်းမို့ မိုးရွာလိုက်၊ မြူကျလိုက်ဖြစ်‌နေတဲ့ ‌အေးစိမ့်တဲ့ ရာသီဥတုဒဏ်ကို အံတုရင်း အများအတွက် ချက်ပြုတ်‌ပေးဖို့ သူ့ရဲ့တစ်ရက်တာအလုပ်ကို စတင်‌ဆောင်ရွက်‌နေတာ ဖြစ်ပါတယ်။ သူမက‌တော့ အသက်...

ကရင်ယဉ်‌ကျေးမှု အနုပညာအစည်းအရုံး ဥက္ကဌအဖြစ် အဆို‌တော် ‌စော‌အေစီကို ‌ရွေးချယ်တင်‌မြောက်

ဇူလိုင် ၁၄ ရက်၊ ၂၀၁၉ ခုနှစ်။ စဖန်း‌ရှောင်း ကရင်ပြည်နယ်တွင် အ‌ခြေစိုက်သည့် ကရင်ယဉ်‌ကျေးမှုအနုပညာအစည်းအရုံး-KCO၏ ၄ ကြိမ်‌မြောက် ‌ရွေး‌ကောက်ပွဲကို ယ‌နေ့ (ဇူလိုင်လ ၁၄ ရက်)တွင် ကျင်းပပြုလုပ်ခဲ့ရာ ပိုးကရင်နာမည်ကြီး အဆို‌တော် တစ်ဦးဖြစ်သူ ‌စော‌အေစီအား ဥက္ကဌအဖြစ် ‌ရွေးချယ်တင်‌မြောက်လိုက်သည်ဟု သိရသည်။ ‌ရွေး‌ကောက်ပွဲကို ဖားအံမြို့နယ်...

KNLA ဗဟို‌ထောက်လှမ်း‌ရေးမှူး ဗိုလ်မှူး‌စောဘခက် ကွယ်လွန်၊ ဈာပန အခမ်းအနားပြီးစီး

ဇူလိုင်လ ၁၃ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး ကရင်အမျိုးသားအစည်းအရုံး-KNU ၏ တပ်ဖက်ဆိုင်ရာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဗဟို‌ထောက်လှမ်း‌ရေးမှူး ဗိုလ်မှူး‌စောဘခက်သည် ဇူလိုင်လ ၁၁ရက်‌နေ့တွင် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ ဈာပန အခမ်းအနားကို ယ‌နေ့ (ဇူလိုင်လ ၁၃ရက်)တွင် KNLA ဌာနချုပ်ရှိရာ ‌သေ့‌ဘေ့ထာ့၌ ပြုလုပ်ပြီးစီးခဲ့သည်။ အသက်...

NCA အ‌ကောင်အထည်‌ဖော်မှု ပိုမိုထိ‌ရောက်ရန် ပူး‌ပေါင်းပါဝင်‌ရေး ကရင်အရပ်ဖက်အဖွဲ့များအား JMC_U အတွင်း‌ရေးမှူး တိုက်တွန်း

ဇူလိုင် ၁၃ ရက်၊ ၂၀၁၉ ခုနှစ်။ စဖန်း‌ရှောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ်-NCA အ‌ကောင်အထည် ‌ဖော်မှုဆိုင်ရာလုပ်ငန်းစဉ် များမှ ‌စောင့်ကြည့်‌ရေးယန္တရားများကို ခိုင်မာထိ‌ရောက်စွာလုပ်‌ဆောင်နိုင်‌ရေး အရပ်ဖက်အဖွဲ့အစည်းများ၏ အ ခန်းကဏ္ဍလိုအပ်‌နေသည့်အတွက် ပူး‌ပေါင်းပါဝင်ကြရန် ပြည်‌ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး ဆိုင် ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC-U) အတွင်း‌ရေးမှူး-၁...

နိုင်ငံ‌ရေး လှုပ်ရှားမှု‌ကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် တရားရင်ဆိုင်ရသူ ဦး‌ရေ ပိုတိုးလာ

ဇူလိုင်လ ၁၂ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး မြန်မာနိုင်ငံ၌ ယခုနှစ် ဇွန်လအတွင်း နိုင်ငံ‌ရေး လှုပ်ရှားမှု‌ကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ဥပ‌ဒေ ပုဒ်မ အမျိုး မျိုးတို့ဖြင့် တရားရင်ဆိုင်‌နေရသူဦး‌ရေ ပိုတိုးများလာ‌ကြောင်းကို နိုင်ငံ‌ရေး အကျဉ်းသားများ ကူညီ‌စောင့် ‌ရှောက် ‌ရေးအသင်း(AAPP)၏ ယ‌နေ့(ဇူလိုင်လ ၁၂...

မဲဆန္ဒရှင်အမည်စာရင်းထုတ်ပြန်သည့်အချိန် မဲဆန္ဒရှင် အမည်‌ရှေ့ “ဦး/‌ဒေါ်” အတိုင်း ထုတ်ပြန်သွားမည်ဟု ‌ရွေး ‌ကောက်ပွဲ‌ကော်မရှင်‌ပြော

ဇူလိုင်လ ၁၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား မဲဆန္ဒရှင်အမည်စာရင်းထုတ်ပြန်သည့်အချိန်တွင် လိုက်လံ‌ကောက်ယူထားသည့် တိုင်းရင်းသားပြည်သူများ၏ အမည် ‌ရှေ့ “ဦး/‌ဒေါ်” အတိုင်းသာ ထည့်သွင်းထုတ်ပြန်သွားမည်ဟု ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ အရာရှိက ‌ပြောဆိုလိုက်သည်။ ဖားအံမြို့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုုံးအစည်းအ‌ဝေးခန်းမတွင် ပြုလုပ်ခဲ့‌သော ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်နှင့် ကရင်ပြည်နယ်အတွင်းရှိ...
Donate