KIC News
Karen News | 19 Death 26 Injured in Myawaddy-KawKreik Asia Highway...
https://youtu.be/Uu7A_9l2axA
စာသင်ကျောင်းရှိကရင်အမျိုးသားအလံတိုင် ဖျက်ဆီးခံရမှုအပေါ် KNU ဘိတ်-ထားဝယ်ခရိုင်ကန့်ကွက်
ဇန်နဝါရီ ၆ရက်၊ ၂၀၂ဝခုနှစ်။ ကေအိုင်စီ
တနသင်္ာရီတိုင်းဒေသကြီး၊တနသင်္ာရီမြို့နယ် သဲဖြူကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း နိုင်ငံတော်အလံနှင့်ယှဉ်လျက်ရွာသူရွာသားများစိုက်ထူထားသည့် ကရင်အမျိုးသားအလံတိုင် ဖြိုလှဲဖျက်ဆီးခံရမှုအပေါ်ကန့်ကွက်စာပေးပို့သွားမည်ဖြစ်ကြောင်းKNU-ကရင်အမျိုးသားအစည်းအရုံး၊ဘိတ်-ထားဝယ်ခရိုင်က ပြောသည်။
ဇန်နဝါရီလ ၁ရက်နေ့က မြိတ်ခရိုင်၊ သဲဖြူကျေးရွာဒေသခံများအပါအဝင် ကျောင်းတာဝန်ရှိသူများမှ အဆိုပါကျောင်းဝင်းအတွင်း ကရင်အမျိုးသားအလံအားစိုက်ထူမှုများပြုလုပ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၂ရက်နေ့ည ၉နာရီခွဲအချိန်ခန့်ကနယ်မြေခံ မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်အင်အား ၂ဝခန့်လာရောက်ပြီးဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟုဒေသခံရွာသားများကပြောဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ထားဝယ်မြို့ရှိKNU ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုဝင်းခိုင်က...
(4,1,2020) KSNG (Karen Student Net Work Group) 24th Annual Meeting and...
https://youtu.be/B1HC0_EQUK0
Radio Karen:Interview with Major Saw Kler Doh, spokepersons for the KNLA’s...
https://youtu.be/8rOeGLDbZI8
မြဝတီ-ကော့ကရိတ်အာရှလမ်းယာဉ်တိမ်းမှောက်မှုမှ သေဆုံးသူMoUလုပ်သားများမှ တစ်ဦးလျှင် နစ်နာ ကြေးကျပ်သိန်း ၉ဝခန့် ရရှိမည်
ဇန်နဝါရီ ၄ ရက်၊ ၂၀၂ဝခုနှစ် ။ နေနော်
ကရင်ပြည်နယ်မြဝတီ-ကော့ကရိတ် အာရှလမ်းမိုင်တိုင်အမှတ် ၁၅၈ နှင့် ၁၅၉ ကီလိုမီတာကြားဒေသအခေါ် ကွမ်းခြံကွေ့နေရာ၌်ယမန်နေ့ ဇန်နဝါရီ၃ရက် နံနက်ပိုင်းကအလင်းရောင်မိုးမှန်လုံယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှ သေဆုံးခဲ့ရသည့် ယာဉ်ပေါ်ပါ MoUလုပ်သား ၁၁ဦးအတွက် အာမခံအရပ်ရပ်မှ တစ်ဦးလျှင် နစ်နာကြေးကျပ်သိန်း ၉ဝခန့် ရရှိမည်ဟုသိရသည်။
ထက်မာန်ကုမ္ပဏီနှင့် MoUစနစ်ဖြင့်...
မြဝတီအာရှလမ်းတွင် မှန်လုံယာဉ်က ပရိုဘောက်ယာဉ် ကိုဝင်တိုက် ချောက်ထဲကျ ၁၈ ဦးသေ၊ ၃၂ ဦး ဒဏ်ရာရ
ဇန်နဝါရီ ၃ ရက်၊ ၂၀၂ဝ ခုနှစ်။ နေနော်
ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်ခြမ်း၊ မြဝတီ- ကော့ကရိတ် အာရှလမ်း မိုင်တိုင်အမှတ် ၁၅၈ နှင့် ၁၅၉ ကီလို မီတာကြား ဒေသအခေါ် ကွမ်းခြံကွေ့နေရာ၌် ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက 'အလင်းရောင်မိုး'...
ကမမောင်းမြို့နယ်တွင် KNLA နှင့် တပ်မတော်တို့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူတွင် အရပ်သားများပါဝင်
ဇန်နဝါရီလ ၃ရက်၊ ၂၀၂ဝခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကမမောင်းမြို့နယ်တွင် KNU-ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ (၅)နှင့် မြန်မာ့တပ်မတော်တို့ ယမန်နေ့ ဇန်နဝါရီလ ၂ရက်၊ ယမန်နေ့ကပစ်ခတ်မှုဖြစ်ပွားခဲ့ရာထိခိုက်ဒဏ်ရရှိသူများထဲတွင် တပ်မတော်ဘက်မှ စစ်သည်များအပြင်ဒေသခံရွာသားများပါ ပါဝင်သည်ဟု KNLA ဘက်ကပြောသည်။
KNUထိန်းချုပ်နယ်မြေတပ်မဟာ(၁)နှင့် တပ်မဟာ (၅)အကြား၊ ကမမောင်းမြို့နယ်၊ သေဘို့ထကျေးရွာအုပ်စု၊ ဝါသိုးခိုကျေးရွာတွင်...
နယ်စပ်ကျန်းမာရေးအဖွဲ့နှင့် ပြည်နယ်ကျန်းမာရေးတို့ပူးပေါင်းမှုဖြင့် ဒေသအကျိုးပြုအရံသားဖွား၁၈ဦးထပ်မံမွေးထုတ်
ဇန်နဝါရီ ၂ရက်၊ ၂၀၂ဝခုနှစ်။ နန်းဝေဖြိုးဇာ
နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ -BPHWT၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ဖလုံပညာတိုးတက်ဖွံ့ဖြိုးရေးယူနစ် -PEDUတို့ပူးပေါင်းပြီးဖွင့်လှစ်သည့် အရံသားဖွားသင်တန်းအမှတ်စဉ် (၈)တွင် ဒေသအကျိုးပြုအရံသားဖွား၁၈ဦးကိုထပ်မံမွေးထုတ်ပေးနိုင်ခဲ့ကြောင်း သင်တန်းတာဝန်ရှိသူများကပြောသည်။
ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်ရှိသည့် နေရာများရှိမိခင်များအတွက်ရည်ရွယ်ဖွင့်လှစ်သည့် အဆိုပါ အရံသားဖွားသင်တန်းကို၂၀၁၈စက်တင်ဘာလမှစတင်ကာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလအထိဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီးယနေ့၂၀၂ဝ ခုနှစ် ၊ ဇန်နဝါရီလ ၂ရက်နေ့ဖားအံမြို့ တောင်ကလေးဖလုံပညာ့တဝေါင့်ရွာတွင်သင်တန်းဆင်းလက်မှတ်များအသီးသီးပေးအပ်ခဲ့ခြင်းဖြစ်သည်။
BPHWTဦးဆောင်အဖွဲ့မှ နော်သောသီဖောမှ “သင်တန်းပြီးတဲ့လူတွေကသူတို့ဒေသပြန်ရင်KNU...














