KIC News
အနန်းကွင်းဗျူဟာသို့ ဦးတည်စစ်ကြောင်း လွှတ်ရှမ်းရွာကို ကျော်လာ
စက်တင်ဘာ ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ဝင်းရေးမြို့နယ် အနန်းကွင်းဗျူဟာသို့ ဦးတည်လာသည့် အာဏာသိမ်း စစ်တပ် စစ်ကြောင်းသည် ယနေ့ စက်တင်ဘာ ၂၂ ရက် နေ့တွင် လွှတ်ရှမ်းကျေးရွာသို့ ကျော်လာပြီး ဖြစ်သည်ဟု မြေပြင်သတင်အရင်းအမြစ်က ပြောသည်။...
ဖက်ဒရယ်တည်ဆောက်ရေးကို နိုင်ငံတကာက ထောက်ခံအသိအမှတ်ပြုရန် တိုင်းရင်းသားလူမျိုးများကောင်စီ တိုက်တွန်း
စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ချဥ်းကပ်မှုဖြင့် မြန်မာနိုင်ငံ၏ဖက်ရယ် တည်ဆောက်ရေးလုပ်ငန်းစဥ်များကို ထောက်ခံအသိအမှတ်ပြုရန် နိုင်ငံတကာသို့ တိုင်းရင်းသား လူမျိုးများ ကောင်စီ-MEC က ယမန်နေ့ (စက်တင်ဘာ ၂၁ ရက်) ထုတ်ပြန်သည့် သဘောထားကြေညာချက်တွင် တိုက်တွန်းလိုက်သည်။
ကရင်နီ၊ ချင်း၊...
ထိုင်းတွင် ဖမ်းဆီးခံရပြီးနောက် ပြန်ပို့ချိန် စစ်သားစုဆောင်းခံရသူ ၂ ဦး ဘက်ပြောင်းခိုလှုံ
စက်တင်ဘာ ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပလောက်မြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ ၂၈၀) တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး ဘက်ပြောင်းခိုလှုံလာသည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုက်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တပ်သား ၂ ဦးသည်...
ကြိုမှန်းထားသလို တော်လှန်ရေးတပ်နှင့် စစ်တပ်တို့ လေးကေကော်အနီး လက်နက်ကြီး အပြန်အလှန်စပစ်
စက်တင်ဘာ ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့ တောင်ဘက် လေးကေကော်ဒေသသို့ ကြိုမှန်းထားသည့်အတိုင်း အာဏာသိမ်း စစ်တပ်က စစ်ကြောင်းဝင်ရန် ကြိုးစားလာ၍ စက်တင်ဘာ ၂၁ ရက်နေ့ နေ့လည်ပိုင်းမှစပြီး ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်-KNLA၊ မဟာမိတ် တော်လှန်ရေးတပ်များနှင့် အာဏာသိမ်းစစ်တပ်တို့...
သရက်ချောင်း၊ ရန်တောင်ရွာမှာ မီးရှို့သွားသည့် စစ်အုပ်စုက ဒေသခံများကိုခြိမ်းခြောက်
စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီအုပ်စုက ယမန်နေ့ စက်တင်ဘာ(၂၀)ရက်နေ့မှ လက်ရှိအထိ ရွာ၌ပြန်လည်တပ်စွဲထားပြီး လူနေသူမရှိသည့်နေအိမ်များကို ထပ်မံမီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း ဒေသတွင်းနီးစပ်သည့် သတင်းအရင်းအမြစ်မှ သိရသည်။
စက်တင်ဘာ ပထမအပတ်က ရန်တောင်ကျေးရွာအနီးမှာ...
ရွေးကောက်ပွဲဆန့်ကျင်ရေးတွင် ဗဟို၏သဘောထားအတိုင်း ရပ်တည်မည်ဖြစ်ကြောင်း တပ်မဟာ(၁) ထုတ်ပြန်
စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရာ၌ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ သဘောထားအတိုင်း ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကေအဲန်ယူ သထုံခရိုင် တပ်မဟာ(၁) က ယမန်နေ့ စက်တင်ဘာ(၂၀)ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
စစ်အုပ်စု၏ရွေးကောက်ပွဲသည် စစ်တပ်ကိုအကျိုးပြုမည့် လူနှင့်ပါတီရွေးချယ်ပွဲသာ ဖြစ်သဖြင့် အဆိပ်ပင်ရေလောင်းမည့် သမိုင်းပေးတရားခံ...














