KIC News
နိုင်ငံခြားရောက် ကရင်အမျိုးသားများနှင့် ကေအဲန်ယူတစ်ရက်တာတွေ့ဆုံဆွေးနွေး
ဒီဇင်ဘာ၃ဝရက်၊ ၂၀၁၉ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့်နိုင်ငံတကာရောက် ကရင်အမျိုးသားများ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၃ဝရက်နေ့တွင် ကေအဲန်ယူ ဌာနချုပ်၊ ဖားအံခရိုင် လေးဝါး၌ကျင်းပပြုလုပ်ခဲ့ကြသည်ဟုကေအဲန်ယူဗဟိုသတင်းနှင့် ပြန်ကြားရေးအင်တာနက်စာမျက်နှာတွင် ယနေ့ သတင်းထုတ်ပြန်ထားသည်။
နိုင်ငံတကာရောက် ကရင်များနားလည်မှုအားကောင်းလာစေရန်နှင့် ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်သောအဆိုပါတွေ့ဆုံပွဲတွင် အမေရိကန်၊ ဩစတြေးလျား၊ ကနေဒါနှင့် နော်ဝေနိုင်ငံများမှ ကရင်...
ကရင်လက်နက်ကိုင်အဖွဲ့များ၏ ၂၇၅၉ ကရင်နှစ်သစ်ကူးပွဲတော် ရုပ်သံသတင်း
https://youtu.be/wTQSpZKMcQs
ICJ ကိစ္စအပေါ် ကေအဲန်ယူ ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်၏ သုံးသပ်ချက်
တွေ့ဆုံမေးမြန်းခြင်း(အင်တာဗျူးကဏ္ဍ)
နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် ပြီးခဲ့သည့် ဒီဇင်ဘာ လ ၁ဝရက်မှ ၁၂ ရက်အထိ ပြုလုပ်ခဲ့သည့် ဂမ်ဘီယာနိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရအပေါ် တရားစွဲဆိုသည့် လူမျိုးတုံးသတ်ဖြတ်မှု၊ရာဇဝတ်မှုဆိုင်ရာ ပဏာမ ကြားနာမှုမှာ ပြီးဆုံးခဲ့ပြီဖြစ်သည်။
ဒီကြားနာပွဲ အပြီး ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို တရားစွဲဆိုမှုနှင့်...
ကရင်နီပြည် ဖားဆောင်းတွင် KNP ရုံးစဖွင့်
ဒီဇင်ဘာ ၃ဝရက်၊ ၂၀၁၉ ခုနှစ်။ စောထွန်းလင်း
ကရင်နီပြည် (ကယား ပြည်နယ်) ဖားဆောင်းမြို့နယ်တွင် ကရင်အမျိုးသားပါတီ (KNP) မြို့နယ်ရုံးကိုဒီဇင်ဘာ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်ဟုပါတီအထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းကကေအိုင်စီသို့ ပြောသည်။
KNP ဖားဆောင်းမြို့နယ်၊ မြို့နယ်စည်းရုံးရေးကော်မတီရုံးကိုဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဖားဆောင်း-မော်ချီးကားလမ်းဘေး၊ ဖားဆောင်း...
တိုင်းရင်းသားပုံနှိပ်မီဒီယာရေရှည်ရပ်တည်မှု လိုအပ်ချက် MOI ဝန်ကြီးများနှင့် BNIဆွေးနွေးခဲ့
ဒီဇင်ဘာ ၂၉ရက်၊ ၂၀၁၉ခုနှစ်။ ကေအိုင်စီ
ပုံနှိပ်မီဒီယာများရေရှည် ရပ်တည်ရေးအတွက် တိုင်းရင်းသားမီဒီယာများ၏ လိုအပ်ချက်များကိုဒီဇင်ဘာလ ၂၇ရက်၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခမ်းမ၌ ပြု လုပ်သော ပြန်ကြားရေးဝန်ကြီးဌာနနှင့်တွေ့ဆုံပွဲတွင် BNI ကိုယ်စားလှယ်ကတင်ပြဆွေးနွေးခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန(MoI) ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီးဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနအကြီးအကဲများ၊...














