KIC News
၂၁ ရာစု ပင်လုံတွင် KNU နှင့် KUPC မူအပေါ် အခြေခံရပ်တည်သွားရန် KPP စီစဉ်ထား
ဩဂုတ် ၂၅ ရက်၊ ၂၀၁၆ ခုနှစ်။ စောထွန်းလင်း
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ(KUPC) မူအပေါ် အခြေခံပြီး ပါတီမူဝါဒအတိုင်း ရပ်တည်ဆွေးနွေးသွား ရန် စီစဉ်ထားသည်ဟု ကရင်ပြည်သူ့ပါတီ(KPP) အထွေထွေအတွင်းရေးမှူး စောစေးဝါးက ကေအိုင်စီသို့ ယနေ့ ပြောသည်။
၎င်းက...
နေရပ်စွန့်ခွာသူများ ပြန်နေရာချထားရေး အစီအစဉ်မူကြမ်းဆွေးနွေးပွဲ ဖားအံတွင် ပြုလုပ်
ဩဂုတ် ၂၄ ရက်၊ ၂၀၁၆ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူများ ပြန်နေရာချထားရေး အစီအစဉ်မူကြမ်းဆွေးနွေးပွဲတစ်ခုကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ဦးဆောင်ကာ ဩဂုတ် ၂၂ ရက်နေ့တွင် ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ ပြုလုပ်ခဲ့သည်။
တစ်ရက်တာနီးပါး ပြုလုပ်ခဲ့သည့် ၎င်းဆွေးနွေးပွဲတွင် နေရပ်ပြန်မည့်ဒုက္ခသည်များအတွက်...
စစ်တပ်၏ မီးစက်ဆီဖြည့်မှုကြောင့် ဘုန်းကြီးကျောင်းမီးလောင်မှုဖြစ်ပွား
ဩဂုတ် ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ဖာပွန်မြို့နယ် သဲဖြူချောင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ဩဂုတ် ၂၃ရက်(ယမန်နေ့) နေ့လည် ၁နာရီကျော်က မြန်မာအစိုးရ၏ တပ်မ(၄၄)လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၈) တပ်ဖွဲ့ဝင်တစ်ခုသည် နေ့ခင်းပိုင်း ဗီဒီယိုကြည့်ရန် မီးစက်ဓာတ်ဆီဖြည့်နေစဉ် မတော်တဆ မီးလောင်ကျွမ်းရာမှ ရွာဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားမှုကြောင့် ဘုန်းကြီးကျောင်းအဆောက်အဦးတစ်ခု အပါအဝင်...
ဖားအံ-လှိုင်းဘွဲ ကားလမ်းမနံဘေးတွင် ပေါက်ကွဲမှုဖြစ်ပွား
ဩဂုတ် ၂၄ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့နယ် ဖားအံ-လှိုင်းဘွဲ ကားလမ်းမ နံဘေး မိုင်တိုင်အမှတ် ၉.၆ ကီလိုမီတာ မဟာဖားအံ အထည်ချုပ် စက်ရုံအရှေ့ ပေ ၃၀ဝ အကွာတွင်ရှိသော ညောင်ပင်အောက်တွင် ယနေ့(ဩဂုတ်၂၄ရက်နေ့) နံနက် ၉နာရီကျော်အချိန်၌ အသေးစားဗုံးဟု...
ကျောက်မိုင်းဖောက်ခွဲမှုကြောင့် တောင်ကလေးတောင်တွင် ကြီးမားသည့် ပြိုကျမှုဖြစ်ပွား
ဩဂုတ် ၂၄ ရက်၊၂၀၁၆ ခုနှစ်။ စောညွန့်သောင်း
ဖားအံမြို့နယ်၊ ကော့ရင်းအထက်ကျေးရွာအုပ်စုနှင့် နောင်ကျန်ကျေးရွာအုပ်စုအကြားရှိ တောင်ကလေး တောင်ကို ဩဂုတ် ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်တွင် ကျောက်ထုတ်လုပ်ငန်း ထုတ်လုပ်ရေးအတွက် မိုင်းဖောက်ခွဲမှုကြောင့် တောင်မှာ ယခင်ထက် ပိုမိုကြီးမားသည့် ပြိုကျမှုဖြစ်ပွားခဲ့သည်။
၎င်းတောင်ပြိုကျမှုဖြစ်ပွားသည့်နေရာတွင် လုပ်ငန်းရှင် ဦးခင်မောင်ကျော် လုပ်ကိုင်နေသည့် တောင်၏...
ကရင်အမျိုးသားရဲတပ်ကြပ် သတ်ခဲ့သူအား ကော့ကရိတ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားဆဲ
ဩဂုတ် ၂၃ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)၏ တပ်စိတ်မှူး ဒုတပ်ကြပ်ဖြစ်သူ စောခင် ရွှေအား ယခုဩဂုတ်လဆန်းပိုင်းက ဓါးခုတ်သတ်ခဲ့သူ စောဖူဖူကို ကော့ကရိတ်မြို့မ ရဲစခန်းတွင် ယနေ့အချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်ပြီး ကေအဲန်ယူ ရဲတပ်ဖွဲ့က ပြန်လည်လွှဲပေးရန် တောင်းဆိုထားသည်ဟု သိရသည်။
ဩဂုတ်လ ၈ရက်၊ မွန်းလွဲ...
တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ကရင်ပြည်နယ် ဗိုလ်စွဲ
ဩဂုတ် ၂၃ရက်၊ ၂၀၁၆ ခုနှစ်။ ကဆောဝါး
၂၀၁၆ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို နေပြည်တော်
ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ရှမ်း(သျှမ်း)ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ကရင်ပြည်နယ်အသင်းက ၂ဂိုး - ၁ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုဖလား ဆွတ်ခူးရရှိခဲ့သည်။
ကရင်ပြည်နယ်အသင်းသည် ပြီးခဲ့သည့်...
မိုင်းအန္တရာယ် အသိပညာပေး ဆရာဖြစ်သင်တန်း ဖားအံတွင် ပြုလုပ်
ဩဂုတ် ၂၂ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာဖောင်
မြေမြှုပ်မိုင်းနှင့် စစ်ကျန် ပေါက်ကွဲစေနိုင်သော လက်နက်များကြောင့် ထိခိုက်နိုင်မူများ လျော့နည်းစေရန် ရည်ရွယ်၍ မိုင်းအန္တရာယ် အသိပညာပေး ဆရာဖြစ်သင်တန်းကို ယူနီဆက်(မြန်မာ)၊ စီဒီအေ(မြန်မာ)နှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းကာ ဩဂုတ်လ ၂၂ရက်မှ ၂၅ရက်နေ့အထိ ဖားအံမြို့...
သုံးလအတွင်း မူးယစ်ဆေးမှုဖြင့် လူ (၂၀၀)ကျော် ဖမ်းဆီးအရေးယူထားကြောင်း KNU ပြောဆို
ဩဂုတ် ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို အရှိန်အဟုန်မြင့် ဆောင်ရွက်ရာတွင် ယခုနှစ် ဇွန်လမှ ဩဂုတ်လအထိ မူးယစ်ဆေး ဝါးရောင်းဝယ်သူနှင့် သုံးစွဲသူပေါင်း(၂၀၀)ကျော်ကို အရေးယူဆောင်ရွက်ထားပြီးဟု ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် ဥက္ကဋ္ဌဖြစ်သူ ပဒိုစောမောင်ရွှေက ကေအိုင်စီသို့ ယနေ့ ပြောသည်။
၎င်းက “မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူရော၊...
မြေလိုကျင့်တဲ့သူတွေ
(လကင်္ာဒီပ)
(၂၁ ဩဂုတ်လ၊ ၂၀၁၆)
စိတ်ဓါတ် သက်လုံကောင်းကြသူတွေ
မြေလိုကျင့်တဲ့ လူသားတွေမို့လား
တရားသောတော်လှန်ရေးမှာ
ခိုင်မာစွာ အားထုတ်မှုပြုခဲ့ကြတယ်
မိုးယံထက် လင်းနိုင်လွန်းတဲ့
ကျုပ်တို့ရဲ့ အာဇာနည်ကြီးတွေရှိခဲ့တယ်။
ကရင့်တော်လှန်ရေးရပ်ဝန်း
အစွန်းနှစ်ဖက်ကြား မားမားရပ်တည်
အာဇာနည်တွေဘဝ
တချို့က တွေးခေါ်ကြံဆမှုကို ပေးဆပ်ကြ
တချို့က မိသားစုအချိန်ကို ပေးဆပ်ကြ
တချို့က ကာယလုံ့လကို ပေးဆပ်ကြ
တချို့က အသက်ခန္ဓာကို ပေးဆပ်ကြ
တချို့က တစ်ဘဝလုံးထိုးကျွေး
အရိုးဆွေးတဲ့အထိ ပေးဆပ်ခဲ့ကြတယ်။
သူတို့မျှော်မှန်းခဲ့တဲ့လမ်း
ပရမ်းပတာပန်းတိုင်မဟုတ်ဘူး
ဦးထိပ်ထားရာပြည်သူတွေ
ခြေနေတည်တံ့စွာ လုပ်ကိုင်စားသောက်
ကျွန်သဘောက်ဘဝက
လွတ်မြောက်ကြရေးစွန့်စား
အမျိုးသားတန်းတူရေးကအစ
ကိုယ်ပိုင်ပြဌာန်းခွင့်ရသည့်
ပြီးပြည့်စုံသော ကရင်ပြည်ဖြစ်ဖို့
ရည်စူးလို့ အားထုတ်မှုပြုခဲ့ကြတယ်။
...