Home Authors Posts by KIC News

KIC News

22014 POSTS 0 COMMENTS

ကတိကဝတ်‌စောင့်ထိန်းသည့် ကရင်ပါတီများကိုသာ ပံ့ပိုးကူညီသွားမည်ဟု KYN သ‌ဘောထားထုတ်ပြန်

ဩဂုတ်လ ၂၂ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီအချင်းချင်း မဲဆန္ဒနယ်မထပ်‌ရေး ကတိကဝတ်အား ‌စောင့်စည်းထိန်းသိမ်းပြီး မိမိတို့၏ ကရင်အမျိုးသားနိုင်ငံ‌ရေး ‌မျှော်မှန်းချက်များ၊ ရပ်တည်ချက်များနှင့် ကိုက်ညီမှုရှိသည့် ကရင်ပါတီများကို ပံ့ပိုးကူညီ သွားမည်ဖြစ်‌ကြောင်း ကရင်လူငယ်ကွန်ယက် -KYN က သ‌ဘောထားထုတ်ပြန်လိုက်သည်။ ဩဂုတ်လ ၁၉ ရက်မှ...

ကရင်ရိုးရာဝါ‌ခေါင်လလက်ချည်ပွဲ ဧရာဝတီနှင့်ရန်ကုန်တွင် ကျင်းပနိုင်မည့် အလားအလာမရှိ‌သေး

ဩဂုတ် ၂၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း ကရင်လူမျိုးတို့၏ ရိုးရာအ‌မွေအနှစ်တစ်ခုဖြစ်သည့် ဝါ‌ခေါင်လ ရိုးရာချည်ဖြူဖွဲ့မဂင်္လာအခမ်းအနားများကို လတ် တ‌လော Covid -19 အ‌ခြေအ‌နေများ‌ကြောင့် ရန်ကုန်နှင့်ဧရာဝတီတိုင်း‌ဒေသကြီးများတွင် ယခုနှစ်ကျင်းပနိုင် မည့် အလားအလာမရှိ‌ကြောင်း သက်ဆိုင်ရာတိုင်း‌ဒေသကြီးရှိ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ တာဝန်ရှိ သူများထံမှ သိရသည်။ ယခင်နှစ်များက အဆိုပါ...

တပ်ဖွဲ့၏ဂုဏ်သိက္ခာအား ထိခိုက်နစ်နာ‌စေရန် လီဆယ်တိုင်ကြား‌ပြောဆိုသူအား အမှုဖွင့်သွားမည်ဟု DKBA ‌ပြော

ဩဂုတ် ၂၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော် ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် -DKBAမှ အရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင်နှစ်ဦးမှ မတရားဖမ်းဆီးပြီး ‌သေနတ်ဖြင့် ‌ခြောက်လှန့်ပစ်ခတ်ရိုက်နှက်ခဲ့သည်ဟု တပ်ဖွဲ့၏ဂုဏ်သိက္ခာထိခိုက်နစ်နာ‌စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လီဆယ် တိုင်ကြားခဲ့သူ ကိုမျိုးဝင်းဆိုသူအား တည်ဆဲဥပ‌ဒေနှင့်အညီ အမှုဖွင့်တုန့်ပြန်‌ဆောင်ရွက်သွားမည်ဟု DKBA အဖွဲ့ က ‌ပြောဆိုလိုက်သည်။...

Karen State Covid-19 Update on August 21.

https://youtu.be/hocS_qZ8ixU

ပြည်‌ထောင်စုသ‌ဘောတူစာချုပ်၏ ဦးတည်ချက်မှာ ဖက်ဒရယ်ပြည်‌ထောင်စုအတွက် အစပျိုးမှုဟု မွန်ပြည် သစ်ပါတီဥက္ကဋ္ဌ‌ပြော

ဩဂုတ်လ ၂၁ ရက်၊ ၂၀၂ဝ ပြည်နှစ်။ စအိုင်ဆူူး ယ‌နေ့ ‌နေပြည်‌တော်တွင် ချုပ်ဆိုလိုက်သည့် ပြည်‌ထောင်စု သ‌ဘောတူစာချုပ် အစိတ်အပိုင်း (၃)၏ ဦးတည် ချက်သည် ဖက်ဒရယ် ပြည်‌ထောင်စုတည်‌ဆောက်‌ရေးအတွက် အ‌ရေးကြီးသည့် အစပျိုးမှုဟု မှတ်ယူ‌ကြောင်း ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအ‌ဝေး၏ ဦး‌ဆောင်သဘာပတိဖြစ်သူ...

ကိုယ်စားလှယ်‌လောင်း‌လျှောက်ထားမှုပယ်ချခံရသည့် ‌စောအဲလ်ဘတ်ချိုအယူခံ တိုင်း‌ကော်မရှင်လက်ခံ

ဩဂုတ် ၂၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း ရန်ကုန်တိုင်း‌ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်‌တော် မဲဆန္ဒနယ်တွင် ‌ရွေး‌ကောက်ပွဲဝင်ရန် တက်ကြွလှုပ်ရှားသူ ကရင်လူငယ် ‌စောအဲလ်ဘတ်ချို၏ ‌လျှောက်ထားမှုကို ခရိုင်‌ကော်မရှင်က ပယ်ချခဲ့‌သော် လည်း တိုင်း‌ကော်မရှင်က ပြန်ပယ်ဖျက်‌ပေးခဲ့သည်ဟု ၎င်းက ဩဂုတ် ၂၁ ရက်‌နေ့တွင်...

ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်အဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ‌စောစိုးနိုင်နှင့်‌မေးမြန်းခြင်း

‌မေးမြန်းခြင်းကဏ္ဍ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်အ‌ခြေစိုက်ပါတီတစ်ခုဖြစ်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီက‌နေ ကရင်လူမျိုးတို့၏ မျိုးနွယ်စုတစ်ခုဖြစ်သည့် ကရင်ဖြူတို့အများဆုံး‌နေထိုင်ရာ ‌နေပြည်‌တော်‌ကောင်စီနယ်‌မြေ၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်အဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်အ‌ရွေးချယ်ခံမည့် ‌စောစိုးနိုင်အား ‌မေးမြန်းထားခြင်းဖြစ်သည်။ ‌မေး ။ ။ ကိုယ်စား‌လောင်းလှယ်အဖြစ် ဝင်‌ရောက်အ‌ရွေးချယ်ခံရတဲ့ ရည်ရွယ်ချက်‌လေး သိပါရ‌စေ။ ကျ‌နော်အ‌နေနဲ့ ကိုယ်စားလှယ်‌လောင်းအဖြစ် ဝင်‌ရောက်အ‌ရွေးချယ်ခံရတဲ့ အဓိကရည်ရွယ်ချက်က ‌တော့ အထက်မြန်မာပြည်...

ကိုဗစ်‌ကြောင့် ယခုနှစ်ရိုးရာလက်ချည်ပွဲကို ပွဲ‌တော်များဖြင့် မကျင်းပနိုင်‌တော့‌ကြောင်း မွန်ပြည်နယ် ကရင်စာယဉ်‌ပြော

ဩဂုတ် ၂၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ Covid-19 ကပ်‌ရောဂါကာလ‌ကြောင့် လူအများစု‌ဝေးခြင်းမရ‌သေးသည့်အတွက် ယခုနှစ်ကရင်ရိုးရာ လက်ချည် ပွဲကို မွန်ပြည်နယ်တွင် ပွဲ‌တော်နှင့်မကျင်းပ‌တော့ဘဲ မိရိုုးဖလာ အိမ်အတွင်းကျင်းပသည့်လက်ချည်ပွဲကိုသာဦး စား‌ပေးကျင်းပ‌တော့မည်ဖြစ်သည်ဟု မွန်ပြည်နယ် စာ‌ပေယဉ်‌ကျေးမှုအဖွဲ့ထံမှ သိရသည်။ လက်ရှိအချိန်တွင် Covid ကာလ လူစုလူ‌ဝေး သတ်မှတ်ထားချက်ရှိ‌နေ‌သေးကာ ဝါ‌ခေါင်လ...

၂၀၂ဝ ‌ရွေး‌ကောက်ပွဲနဲ့ ခဝါသည်ပါတီလား – အိုးထိန်းသည်ပါတီလား

‌မောင်‌ကျော်စွာ (၂၀၂ဝ ပြည့်နှစ်၊ ဩဂုတ် ၂၀) ၂၀၂ဝ ပြည့်နှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ ကျင်းပဖို့ ရက်‌ပေါင်း ၈ဝမျှ လိုပါ‌သေးတယ်။ ဒီ‌ရွေး‌ကောက်ပွဲမှာ လည်း ဒီချုပ်ပါတီကပဲ အနိုင်ရလိမ့်အုံးမယ်လို့ ယူဆပါတယ်။ အတိုင်းအတာ ဘယ်‌လောက်နဲ့နိုင်မည်ကို‌တော့ အ‌သေ အချာ မခန့်မှန်းတတ်ပါ။ မခန့်မှန်းလိုပါ။...
Donate