KIC News
မြဝတီမြို့ မှ ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
ဇွန်လ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၂ ရပ်ကွက် မြို့ပတ်လမ်း သဲပုံဂိတ်အနီး နေထိုင်သူ ရာအိမ်မှူးတစ်ဦး ယနေ့နံနက်အစောပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သိရသည်။
ယနေ့ ဇွန်လ ၂၃ ရက် နံနက် ၆နာရီခွဲ အချိန်ခန့်က ရာအိမ်မှူး...
KNU တပ်မဟာ (၁) နယ်မြေ တိုက်ပွဲအတွင်း စစ်ကောင်စီ ၈ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ
ဇွန်လ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် (တပ်မဟာ-၁) နယ်မြေတွင် ယမန်နေ့ (ဇွန် ၂၁ရက်) နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၈) ဦးကျဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
KNU...
ဝါးခယ်မမြို့နယ်တွင် တပ်သားသစ် မဲနှိုက်စုဆောင်းရာတွင် မဲပေါက်၍ မသွားလိုလျှင် ငွေနှစ်သိန်းခွဲပေးဆောင်ရ ဟု ဒေသခံများပြော
ဇွန်လ ၂၂ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ စေခိုင်းမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်အတွင်းရှိ ကျေးရွာအချို့ တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တပ်သားသစ်များ မဲနှိုက်စုဆောင်းပေးရာတွင် မဲပေါက်၍ မသွားလိုသော သူများအနေဖြင့် ကျပ်ငွေနှစ်သိန်းခွဲ ပေးဆောင်ရကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦး၏ ပြောပြချက်အရ...
မြဝတီနယ်စပ်ရောက် အွန်လိုင်းလောင်းကစားနှင့်ကာစီနိုလုပ်သား တရုတ် နိုင်ငံသားအများအပြား နေရပ်ပြန်မှုများရှိနေ
ဇွန်လ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နှင့် ရွှေကုက္ကိုဒေသသို့ ရောက်ရှိနေသည့် အွန်လိုင်းလောင်းကစားနှင့် ကာစီနိုလုပ်သား တရုတ်နိုင်သား အများအပြား နေရပ်ပြန်မှုများ ရှိနေကြောင်း သိရသည်။
ယခုလို မြဝတီနယ်စပ်ရောက် တရုတ်နိုင်ငံသားအများအပြား နေရပ်ပြန်မှုမှာ ထူးခြားမှုဖြစ်စဉ်ဖြစ်ပြီး ၎င်းတို့၏ မိခင်တရုတ်နိုင်ငံမှ ဖိအားပေးကာ...
KNLA တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် စောဂျော်ဖြူ ဈာပန လူထောင်ချီနီးပါး လိုက်ပါပို့ဆောင်
ဇွန်လ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ယမန်နေ့(ဇွန် ၂ဝ ရက်)တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်ဖြူ၏ ဈာပနအခမ်းအနားကို ယနေ့ ဖားအံခရိုင်ရှိ တပ်မဟာ ၇ ဌာနချုပ်တွင် ပြုလုပ်ခဲ့ရာ...














