KIC News
KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန် နှင့် မေးမြန်းခြင်း
အမေးအဖြေကဏ္ဍ
“ခေါင်းဆောင်တွေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့စားပွဲ ဝိုင်းပေါ် သွားချင်တာက ကောင်းပေမယ့် ရန်သူရဲ့ နည်းပရိယာယ်အရ နိုင်ငံရေးစကားကို မပြောဘဲ အချိန်ဆွဲလုပ်ဆောင်နေပြီး သူတို့ဘက်က စစ်ရေးနည်းအရ တိုက်ရင်တော့ တိုက်ပွဲက ဖြစ်လာမှာပဲ”
KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန် နှင့် မေးမြန်းခြင်း
စက်တင်ဘာ ၆ရက်၊...
ပေါ့ထော်ကျေးရွာ Mytel တာဝါတိုင်မီးရှို့ခံရပြီးနောက်ပိုင်း ဖမ်းဆီးမှုများရှိသည့်အတွက် ဒေသခံအချို့ တိမ်းရှောင်နေရ
စက်တင်ဘာ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့နယ် ပေါ့ထော်ကျေးရွာတွင် စက်တင်ဘာလ ၂ ရက်နေ့က စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင် မီးရှို့ဖျက်ဆီးခံရသည့်နောက်ပိုင်းတွင် စစ်ကောင်စီရဲတပ်ဖွဲ့က ကျေးရွာတွင် ဝင်ရောက် ဖမ်းဆီးမှုများရှိလာသည့်အတွက် ဒေသခံအချို့ တိမ်းရှောင်နေရသည်ဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။
ဖုန်းတာဝါတိုင်...
စစ်ကောင်စီမှ အမျိုးသမီးများကို လူသားဒိုင်းအဖြစ် အသုံးပြုမှုအပေါ် KWO နှင့် KHRG ရှုတ်ချ
စက်တင်ဘာ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီမှ လက်ရှိ နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် စစ်ရေးပဋိပက္ခ ပြင်းထန်လာချိန် အမျိုးသမီးများကို လူသားဒိုင်းအဖြစ် အသုံးပြုမှုများအပေါ် ရှုတ်ချကြောင်း ကရင်အမျိုးသမီးအစည်းအရုံး(KWO) နှင့် ကရင်လူ့ အခွင့်အရေးအဖွဲ့ (KHRG) တို့က ယမန်နေ့ စက်တင်ဘာလ ၃...
အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲလုပ်ဆောင်မည်ဟု ကေအဲန်ယူ ထုတ်ပြန်
စက်တင်ဘာ ၄ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့အစည်းမဆို လက်တွဲပြီး အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင် တော်လှန်သွားမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ယမန်နေ့ စက်တင်ဘာလ ၃ရက်နေ့စွဲဖြင့် သဘောထားရပ်တည်ချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။
သဘောထားထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက " ကျနော်တို့ ဆန့်ကျင်ထားတဲ့အရာကို ဆက်လက်ဆန့်ကျင်သွားမယ်။...
“လူသားများကို ခြိမ်းခြောက်နေသည့် COVID-19 ကပ်ရောဂါ”
“လူသားများကို ခြိမ်းခြောက်နေသည့် COVID-19 ကပ်ရောဂါ”
၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ပြီး Corona Virus မျိုးစိပ် အသစ်တစ်ခုကြောင့် ဖြစ်ပွားခဲ့သော ကူးစက်ရောဂါကို ကမာ္ဘ့ကျန်းမာရေးအဖွဲ့ကြီးက COVID-19 ဟု နာမည်ပေးခဲ့ သည်။ ရက်စွဲအတိအကျပြောရလျှင် ၂၀၂ဝခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ဖြစ်သည်။...
ဝေါ်လေ-စုကလိ လမ်းခွဲရှိ အူးကရိထာ့ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရ
စက်တင်ဘာ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
မြဝတီခရိုင်၊ စုကလိမြို့နယ်ခွဲရှိ စစ်ကောင်စီ၏ အူးကရိထာ့စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ယနေ့(စက်တင်ဘာ လ ၃ရက်)၊ ည ၈နာရီကျော်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ဝေါ်လေနှင့် စုကလိ လမ်းဆုံလမ်းခွဲရှိ အူးကရိထာ့ စစ်ကောင်စီတပ်စခန်းကို ၎င်းလက်နက်ကိုင်အဖွဲ့က...
နယ်မြေကျော်လာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ(၁)ကြား တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီတပ်ဘက် ၃ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရ
စက်တင်ဘာ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ (၁) ဖားအံမြို့နယ် တကောင်ဘိုးကျေးရွာအုပ်စု လယ်တောကြီး(ငှက်ပျောတော) ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၃ ရက်) နံနက်တွင် စစ်ကောင်စီတပ်မှ နယ်မြေကျော်လာသည့်အတွက် KNLA တပ်မဟာ (၁) ကြားတိုက်ပွဲဖြစ်၍...
ရေဖြူမြို့နယ်တွင် စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုကြောင့် တိမ်းရှောင်နေသူအချို့ အိမ်မပြန်ရဲသေး
စက်တင်ဘာ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၄ နယ်မြေ၊ ရေဖြူမြို့နယ် ကျေးဇူးတော်ကျေးရွာအနီးတွင် ဩဂုတ် ၂၆ ရက်နေ့က စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ် ဆောင်မည်ဟု သတင်းထွက်ပေါ်လာသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်ရကာ ယနေ့ အချိန်ထိ အချို့ အိမ်မပြန်ရဲသေးကြောင်း...














