KIC News
တိုက်ပွဲသတင်း နှင့် စခန်းသိမ်း တိုက်ပွဲအကြောင်းအရာများကို Online အပေါ် အလျင်စလို မတင်ကြရန် KNU မေတ္တာရပ်ခံ
ဒီဇင်ဘာ ၂၀၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းနှင့် KNLA ဘက်မှ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းယူခြင်းများကို ကြားသိပါက online ပေါ်၌ အလျင်စလို မတင်ကြရန် KNU ဒူးပလာယာခရိုင်၊...
တောထဲ ကြွက်ထောင်သွားသည့် လူငယ် ၄ ဦးကို PDF ဟုဆိုကာ စစ်ကောင်စီ ဖမ်းဆီး
ဒီဇင်ဘာ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ တောကြီးအုပ်စု၊ ဆိပ်ကြီး-ဘောကုန်းကျေးရွာတွင် ယမန်နေ့ ဒီဇင်ဘာလ ၂ဝရက်နေ့ က ကြွက်ထောင်သွားသည့် ကျေးရွာလူငယ် ၄ဦးကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဖမ်းဆီးခဲ့ကြောင်း နီးစပ်သူဒေသခံများက ပြောသည်။
နယ်မြေခံကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ...
နယ်မြေကျော်လွန်လာပါက ပစ်မိန့်ပေးထားကြောင်း KNU တပ်မဟာ (၇)ပြော
ဒီဇင်ဘာ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇) နယ်မြေအတွင်း စစ်ကောင်စီမှ နယ်မြေကျော်ဝင်ရောက်လာပါက ပစ်မိန့်ပေးထားကြောင်း တပ်မဟာ(၇)၏ စစ်ရေး ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက အတည်ပြု ပြောဆိုသည်။
“အဲ့ဒါက ဟုတ်ပါတယ်။ လောလောဆယ်တော့ နယ်မြေထဲမှာတော့ အေးဆေးရှိနေတုန်းပါပဲ။ အကုန်လုံးလည်း...
ထိုင်းဘက်သို့ စစ်ရှောင်နေသူ ၁၃ဝ ခန့် မြဝတီဘက်သို့ ပြန်ဝင်လာ
ဒီဇင်ဘာ ၁၉ ရက် ၂၀၂၁ခုနှစ်။ ကေအိုင်စီ
လေးကေကော်ဒေသတိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ဘေးရှောင်ခဲ့သော မဲ့ထော်သလေးကျေးရွာမှ ပြည်သူ ၁၃၂ ဦး မှာ ယနေ့ ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်က မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ဘုရားလေးဂိတ်မှတဆင့်...
(ပ.က.ဖ) ကရင်ပြည်နယ် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ စောဆာကပေါ်နှင့် မေးမြန်းချက်
ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့ကြသော CDM ဝန်ထမ်းများနှင့် တော်လှန်ရေးရဲဘော်များအား အာဏာသိမ်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဖိနှိပ်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကရင်ပြည်နယ်(ပ.က.ဖ)အနေဖြင့် ဒီဇင် ဘာလ ၁၈ရက်နေ့မှစ၍ တိုက်ပွဲဖော်ဆောင်သွားမည်ဟု ကြေညာချက်အမှတ် ၁/၂၀၂၁ဖြင့် ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်နှင့်ပတ်သက်၍ (ပ.က.ဖ )ကရင်ပြည်နယ် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ...
လေးကေကော်ဒေသ မေတ္တာလင်းမြိုင်နှင့် မယ့်ထော်သလေးကြား တိုက်ပွဲ ပြင်းထန်နေ
ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက်ရှိ လေးကေကော်မြို့သစ်အနီး မေတ္တာလင်းမြိုင်နှင့် မယ့်ထော်သလေးကြားတွင် ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၅ဝ မှစတင်ကာ တိုက်ပွဲများပြန်လည် ဖြစ်ပွားပြီး နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေသည်ဟု မြေပြင်သတင်းအရ သိရသည်။
မယ့်ထော်သလေးရွာ ထိန်းချုပ်ထားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်...
ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် မြဝတီမြို့ ဈေးပွဲတော်ဖျက်သိမ်း
ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ဗုံးပေါက်ကွဲမှုများ ဖြစ်သွားပြီးနောက် မြဝတီမြို့ဓိဌာန်အောင်ဘုရားကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသော ဈေးပွဲတော်မှဆိုင်ခန်းတစ်ချို့ ပြန်လည်ဖျက်သိမ်းသွားကြောင်း သိရသည်။
ယမန်နေ့ညက ဗုံးပေါက်ကွဲမှုများ ဖြစ်ခဲ့သည့်အတွက် ယနေ့ နံနက်ပိုင်းမှာ ဈေးဆိုင်ခန်းတစ်ချို့ ပြန်လည်ဖျက်သိမ်းနေခြင်းကို တွေ့ရသည်ဟု မြို့ခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
"ဒီမနက် ဓိဌာန်အောင်ဘုရားကွင်း...
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကရင်ပြည်နယ် တိုက်ပွဲဖော်ဆောင်ရန် ကြေညာချက်ထုတ်ပြန်
ဒီဇင်ဘာ ၁၈ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့ကြသော CDM ဝန်ထမ်းများနှင့် တော်လှန်ရေးရဲဘော်များအား အာဏာသိမ်း စစ်ကောင် စီက အင်အားအလုံးအရင်းဖြင့် ဖိနှိပ်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကရင်ပြည်နယ်(ပ.က.ဖ)အနေဖြင့် ဒီဇင် ဘာလ ၁၈ရက်နေ့မှစ၍ တိုက်ပွဲဖော်ဆောင်သွားမည်ဟု ကြေညာချက်အမှတ် ၁/၂၀၂၁ဖြင့် ထုတ်ပြန်ခဲ့သည်။
ပ.က.ဖ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ စောဆာကပေါ်က “အားလုံး...
ဈေးပွဲတော်ပြုလုပ်နေသော မြဝတီမြို့ ဓိဌာန်အောင်ဘုရားကွင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား
ဒီဇင်ဘာ ၁၈ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီ။
မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ဈေးပွဲတော်ပြုလုပ်လျက်ရှိသော ဓိဌာန်အောင်ဘုရားကွင်းအနီးတွင် ယနေ့ ဒီဇင်ဘာလ ၁၈ရက် ညဦးပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်သွားခဲ့ကြောင်း သိရသည်။
"ဒီနေ့ ည ၆ နာရီခွဲလောက်က ပေါက်ကွဲသံ အကျယ်ကြီး...














