KIC News
စစ်ကောင်စီတပ်မှ လေယာဉ်နှင့်ဗုံးကြဲပြီး လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့သည့် လေးကေကော်ဒေသကို ယနေ့နံနက်လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်
ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက် ည ၁ဝ နာရီကျော်က စစ်ကောင်စီတပ်မှ လေယာဉ်နှင့်ဗုံးကြဲပြီး လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်ခဲ့သည့် မြဝတီတောင်ခြမ်း လေးကေကော်ဒေသကို ယနေ့နံနက်ပိုင်းတွင်လည်း လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၄...
လေးကေကော်ဒေသ ညဘက် လေယာဉ်ဗုံးကြဲကာ လက်နက်ကြီးဖြင့် အချက် ၅၀ကျော် ပစ်ခတ်တိုက်ခိုက်ခံရ
ဒီဇင်ဘာ ၂၄ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက် ၉မိုင်ခန့်အကွာအဝေးရှိ လေးကေကော်နယ်မြေဘက်ကို ဒီဇင်ဘာလ ၂၃ရက် ယမန်နေ့ ညပိုင်းက စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် အချက်ပေါင်း ၅၀ကျော် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယမန်နေ့ ည ၁ဝနာရီခွဲခန့်တွင် ကနဦး လေယာဉ်ပျံသန်းလာပြီး ဗုံးနှစ်လုံး...
ဘီးလင်းမြို့နယ်တွင် ဒေသခံအမျိုးသမီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်
ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ (တပ်မဟာ-၁ နယ်မြေ) ဘီးလင်းမြို့နယ် နို့ဘယ် ဘောကျေး ရွာအုပ်စု ထော်ကလော်ခီး(သဲဖြူချောင်း)ကျေးရွာ တောင်ယာခင်းထဲ၌ အလုပ်လုပ်နေသော အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာလ ၂၁ ရက်နေ့နံနက်တွင် သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်...
KNU တပ်မဟာ ၆ တွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ် ၉ ကျဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိ
ဒီဇင်ဘာ၂၃ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ (၆) နယ်မြေထဲတွင် KNLA နှင့် စစ်ကောင်စီတပ်အကြား နှစ်ရက်အတွင်း ဖြစ်ပွားသည့် ထိတွေ့ပစ်ခတ်မှုတွင် စစ်ကောင်တပ်ဘက်မှ ၉ ဦးကျဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ယနေ့ သတင်းထုတ်ပြန်ထားသည်။
...
လေးကေ့ကော် စစ်ဘေးရှောင် ပြည်သူများအတွက်အရေးပေါ် အကူအညီများလိုအပ်ဟု KPSN ထုတ်ပြန်
ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
လေးကေ့ကော်နှင့် အနီးဝန်းကျင်တွင် ဖြစ်ပွားနေဆဲ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ လူထု (၁၀,၀၀၀) တစ်သောင်းကျော်အတွက် အရေးပေါ်လူသားချင်း စာနာမှုအကူအညီနှင့် အကာအကွယ်များ လိုအပ်နေသည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ရက်-KPSN က ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင်...
လှိုင်းဘွဲတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် ကရင်လူငယ် ၅ဦး ထောင်ဒဏ် ၂နှစ်ချမှတ်ခံရ
ဒီဇင်ဘာ ၂၂ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ပြီးခဲ့သည့် ဇွန်လက လှိုင်းဘွဲမြို့အဝင် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ကရင်လူငယ် ၅ဦး အပါအဝင် စုစုပေါင်း ၉ဦးကို ယနေ့ လှိုင်းဘွဲမြို့နယ် တရားရုံး၌ ထောင်ဒဏ် ၂နှစ်စီ စီရင်ချက်ချခဲ့ကြောင်း ကေအိုင် စီက စုံစမ်းသိရှိရသည်။
“ထောင်ဒဏ် ၂နှစ်တဲ့။...














