KIC News
ပဒိုစောသမိန်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း
ပဒိုစောသမိန်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း
"အရင့်အရင် နေရာက ဖြစ်ခဲ့တဲ့ အမှားမျိုးတွေကို မဖြစ်အောင် လူငယ်တွေက သင်ခန်းစာယူပြီးမှ ကောင်းသထက်ကောင်း၊ မှန်သထက်မှန် ဒီနည်းလမ်းတွေကို ရှာပြီးမှ လုပ်သွားဖို့ ကျနော် အထူးပြောလိုပါတယ်။ " ပဒိုစောသမိန်ထွန်း
ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်သည့် ၇၃ နှစ်မြောက်ကရင့်တော်လှန်ရေးနေ့အတွက် KNU...
လက်ရှိ စစ်ရေး၊ နိုင်ငံရေးအပေါ် KNU/KNLA ၏ ရပ်တည်ချက်သည် ခိုင်မာပြတ်သားသည့် လုပ်ရပ်ဖြစ်သည်ဟု ရှုမြင်သုံးသပ်ကြောင်း ညီနောင်မဟာမိတ် ၃...
ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
လက်ရှိ ဖြစ်ပေါ်နေသည့် စစ်ရေး၊ နိုင်ငံရေးအပေါ် ကရင်အမျိုးသားအစည်းအရုံး-KNU/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ခေါင်းဆောင်များ၏ ရပ်တည်ချက်သည် ခိုင်မာပြတ်သားသည့် လုပ်ရပ်ဖြစ်သည်ဟု ရှုမြင်သုံးသပ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၃၁...
၇၃နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့အတွက် တော်လှန်သူတို့၏ ပြောစကားများ
၇၃နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့အတွက် တော်လှန်သူတို့၏ ပြောစကားများ
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့သည် ၇၃နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့ ဖြစ်သည်။ ထိုနေ့အတွက် အလွှာအသီးသီးက တော်လှန်သူတို့၏ ပြောစကားများကို စုစည်းဖော်ပြလိုက်ပါသည်။
မသဉ္ဇာရွှန်းလဲ့ရည် (ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ACDD)
ဇန်နဝါရီလ ၃၁ရက်မှာ ကျရောက်မယ့် ၇၃နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ကို ဂုဏ်ပြုအပ်ပါတယ်။ ကျဆုံး...
ဖာပွန်မြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းအားလုံး ၁ဝရက်အတွင်း ထွက်ခွာပေးရန် KNLA တပ်မဟာ (၅) စာထုတ်
ဇန်နဝါရီ ၃ဝ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေထဲတွင် စစ်အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ရန်အတွက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဖာပွန်မြို့ရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းအားလုံး (၁၀)ရက်အတွင်း ထွက်ခွာပေးရန် ကရင်အမျိုးသားလွှတ်မြောက်ရေး တပ်မတော် -KNLA တပ်မဟာ(၅) စစ်ရေးချုပ်ရုံးက ယနေ့ ဇန်နဝါရီလ...
ကေအဲန်ယူ ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်း တာဝန်မှ နှုတ်ထွက်အနားယူ
ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေ မောင်းသည် ခရိုင်အရေးပေါ် အစည်းအဝေးတွင် ၎င်းအနေဖြင့် တာဝန်မှ နှုတ်ထွက် အနားယူခွင့်တောင်းခဲ့သည်ဟု ခရိုင်တာဝန်ရှိသူများနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိ ရသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ၎င်းတို့ခရိုင်၏...
ထားဝယ်သပိတ် ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့သူများအား အောက်မေ့တမ်းတဆီမီးထွန်းဆုတောင်းခြင်း ပြုလုပ်
ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
"ဖေဖော် ၂၈ တို့မမေ့ ၊ ဇာနည်သွေးအတွက် ရှေ့ဆက်ဟေ့ " ဆောင်ပုဒ်ဖြင့် ထားဝယ်သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွင်းခံရခြင်း ၁၁ လပြည့် အောက်မေ့ဖွယ် ဆီမီးထွန်းဆုတောင်းခြင်းကို ယနေ့ ဇန်နဝါရီလ ၂၈ ရက် ညနေပိုင်းတွင်...
ထိုင်းဘက်ခြမ်း နွားခြံရှိ စစ်ရှောင်စခန်းပိတ်သိမ်း၊ စစ်ရှောင်အများစု နယ်စပ်ကမ်းနား၌ ဆက်လက်ခိုလှုံ
ဇန်နဝါရီ ၂၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသော စစ်ရှောင်များခိုလှုံရာ ထိုင်းနိုင်ငံမဲဆောက်မြို့အနီးရှိ မဲ့ကိုကင်းရွာ နွားခြံရှိ ယာယီစစ်ရှောင်စခန်းကို ယနေ့ အပြီးပိုင်ပိတ်သိမ်းလိုက်ပြီဟု စစ်ရှောင်ကူညီသူများက ပြောသည်။
အဆိုပါ မဲ့ကိုကင်းနွားခြံစစ်ရှောင်စခန်းကို ယမန်နေ့က စတင်ပိတ်သိမ်းလိုက်ပြီဖြစ်သော်လည်း ထိုစခန်းရှိ စစ်ဘေးရှောင် ၂,၀၀၀ကျော်မှာ ၎င်းတို့နေရပ်ရင်းကိုမပြန်ဘဲ...
ကံပေါက်ရှိ ဈေးသည်များ အသံတိတ်သပိတ်တွင် မပါဝင်ရန် စစ်ကောင်စီအဖွဲ့ ဖိအားပေးခြိမ်းခြောက်ပြီး လက်မှတ်ထိုးခိုင်းနေ
ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တနသင်္ာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဈေးတွင် ဈေးရောင်းနေသည့် ဈေးသည်များအနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အသံတိတ်သပိတ်တွင် မပါဝင်ရန် ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီအဖွဲ့နှင့်ပျုစောထီးအဖွဲ့ဝင်များက အတင်းအကြပ်လက်မှတ်ထိုးခိုင်းနေကြောင်း ဈေးသည်များက...














