KIC News
မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်တွင် မော်တော်ယာဉ်များကို ပစ်ခတ်ခြင်းမလုပ်ရန် KNLA စစ်ဦးစီးချုပ် ညွှန်ကြား
ဧပြီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် သွားလာပြေးဆွဲနေသော ခရီးသည် တင်မော်တော်ယာဉ်များ၊ အရပ်သားကားများ၊ ကုန်တင်မော်တော်ယာဉ်များအား အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ မပြန်လုပ်ရန် သက်ဆိုင်ရာ ကေအဲန်ယူတပ်မဟာ/တပ်ရင်းများအတွင်းရှိ အောက်ခြေအဆင့်ဆင့်ရှိ တပ်မှူးတပ်သားများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA စစ်ဦးစီးချုပ်...
ကတိုင်တိ BGF- စခန်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
ဧပြီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ သထုံခရိုင် ဘီးလင်းမြို့နယ်၊ ကတိုင်တိကျေးရွာရှိ (BGF-၁၀၁၃) စခန်းမှ ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ည ၁၁ နာရီဝန်းကျင်တွင် လက်နက်ကြီး (၁၂၀ မမ)များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါဇံကြီးကျေးရွာ(တာအိုနီ) မှ...
စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ခလယ်-တံခွန်တိုင်တိုက်နယ်ရှိ ရွာသားများ ထောင်ချီစစ်ဘေးရှောင်နေရ
ဧပြီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ်ရှိ ကျေးရွာများထဲသို့ ဧပြီလ ၂၃ ရက် ညအချိန်တွင် စစ်ကောင်စီတပ်မှ အမြှောက်လက်နက်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင် သည့်အတွက် ထောင်နှင့်ချီသည့် ဒေသခံရွာသားများဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရ သည်ဟု သိရသည်။
မွန်ပြည်နယ် မုဒုံမြို့နယ်...
မြ၀တီ တံတားထိပ်ပေါက်ကွဲမှု နေအိမ်ဆိုင်ခန်းများထိခိုက်ပျက်စီးမှုများပြား၊ တံတားအနီး၀န်းကျင်ရှိ နေအိမ် CCTV များ စစ်ဆေးမှုများ လုပ်ဆောင်နေ
ဧပြီလ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြ၀တီမြို့ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၁ မြန်မာဘက်အခြမ်းနေရာတွင် ဧပြီလ ၂၃ ရက် ည ၁၀နာရီခွဲက ဖြစ်ပွားခဲ့သော အကြီးစား မိုင်းပေါက်ကွဲမှုတွင် နေအိမ်ဆိုင်ခန်းများအပါအဝင် ထိခိုက်ပျက်စီးမှု များပြားလျက်ရှိသည်ဟု သိရသည်။...
ခလယ်-တံခွန်တိုင်ရဲစခန်းအနီး တိုက်ပွဲဖြစ်ပွား၍ အရပ်သား ၁ ဦးကျည်ထိမှန်သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိ
ဧပြီ ၂၃ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာ ရဲစခန်းအနီးတွင် ယနေ့ ဧပြီလ ၂၃ရက်နေ့ နေ့လည် ၁နာရီဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး အရပ်သား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံထံမှ သိရသည်။
အဆိုပါ...
ငြိမ်းချမ်းရေးဆွေးနွေးစဉ်အပစ်ရပ်ထားမည်ဟုဆိုသော်လည်း လေးကေကော်တွင် စစ်အင်အားတိုးချဲ့မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေဆဲ
ဧပြီ ၂၃ ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ
ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကာလ အပစ်ရပ်ထားမည်ဟုဆိုသော်လည်း မြဝတီမြို့တောင်ဘက်ရှိ လေးကေကော် ဒေသတွင် စစ်အင်အားတိုးချဲ့နေမှုနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများအား စစ်ကောင်စီတပ်များဘက်က လုပ်ဆောင်နေဆဲဖြစ်သည်ဟု မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်ကောင်စီက ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့တွင်...
ကော့ကရိတ်မြို့တွင် ဖမ်းဆီးစစ်ဆေးမှုများ စစ်ကောင်စီ ဆက်တိုက်လုပ်ဆောင်နေ
ဧပြီ ၂၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကော့ကရိတ်မြို့ထဲတွင် ယခုရက်ပိုင်းအတွင်း လူငယ်များ ဖမ်းဆီးစစ်ဆေးခံရမှုများလာပြီး ငွေလွှဲ၊ ငွေထုတ်လုပ်ဆောင်သူအချို့ကိုလည်း စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့များမှ ဝင်ရောက်စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်လာသည်ဟု မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့တွင် Non-CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မပါဝင်သူ) ကျောင်းဆရာ တစ်ဦးအား...
ပိတ်ထားသော ချောင်းအား မဖွင့်ပေး၍ စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၅ဝဝ ကျော် ထပ်မံတိမ်းရှောင်ရ
ဧပြီ ၂၂ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအသုံးပြုနေသည့် ချောင်းရေအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ ပိတ်ဆို့ထားမှုကို ပြန်မဖွင့်ပေးသဖြင့် ယမန်နေ့ ဧပြီ ၂၁ရက်နေ့တွင် စစ်ကောင်စီတပ်က လေယာဉ် ၂ စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။...














