KIC News
ဖားအံခရိုင်ရှိ ကော်သူးလေစာသင်ကျောင်းများတွင် ကျောင်းသားဦးရေ ပိုတိုးလာ
မေလ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ယခုလာမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင် တပ်မဟာ(၇) နယ်မြေတွင် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန(KECD) စီမံခန့်ခွဲမှုအောက်ရှိ အထက်တန်းနှင့် အလယ်တန်း ကျောင်းများတွင် ယခင်နှစ်ထက် ကျောင်းသူ၊ ကျောင်းသားဦးရေ တိုးလာနေကြောင်း သက်ဆိုင်ရာ ခရိုင်ပညာရေး တာဝန်ရှိသူများ...
ကလေးသူငယ်အပါအဝင် အရပ်သား ၉၂ ဦးကို စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်တို့ ဖမ်းဆီးထား
မေ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ စစ်ကောင်စီတပ်နှင့် နယ်ခြား စောင့်တပ်-BGF-၁၀၁၄ ပူးပေါင်းစခန်းမှ အသက်မပြည့်သေးသည့် ကလေးသူငယ် (၄)ဦးအပါအဝင် အရပ်သားပြည်သူ (၉၂)ဦးကို စခန်းအတွင်း ဖမ်းဆီးထားကြောင်း KNU သထုံခရိုင် သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။...
တိုက်ပွဲကြောင့် ခလယ်-တံခွန်တိုင်တိုက်နယ်အတွင်း အရပ်သား ၁ဝ,ဝဝဝ နီးပါး နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရ
မေ ၁၂ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ်တွင် ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့မှစ၍ စတင်ဖြစ်ပွားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် စစ်ကောင်စီတပ်တို့ ကြားတိုက်ပွဲကြောင့် ဌာနေအရပ်သားပြည်သူ ၁ဝ,ဝဝဝ နီးပါး နေအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။
ဝင်းရော်ဒေသရှိ...
BGF ထိန်းချုပ်နယ်မြေအတွင်း စစ်သားစုဆောင်းခြင်း နှင့် အကောက် အစားတောင်းခံခြင်းများ ဆက်တိုက်ပြုလုပ်လာ
မေလ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေကျေးရွာများဘက်တွင် ပြီးခဲ့သည့် ဧပြီလမှ စတင်၍ BGF တပ်ဖွဲ့၀င်အဖြစ် ဖိအားပေးစုဆောင်းခြင်၊ ဒေသခံများအား မိသားစု ပိုင်ဆိုင်မှုအလိုက် အကောက်အစား ငွေကြေးတောင်းခံခြင်းများ ဆက်တိုက် ပြုလုပ်လာနေကြောင်း ဒေသခံများ...
ကြေးကြီးကြီးနဲ့ ထိုးခွဲတာလည်း မခံရစေနဲ့
ကြေးကြီးကြီးနဲ့ ထိုးခွဲတာလည်း မခံရစေနဲ့
မောင်ကျော်စွာ
(၁၁-၅-၂၀၂၂)
(စကစ)စစ်အုပ်စုက ကျနော်တို့အင်အားစုတွေကို ပုံစံမျိုးစုံနဲ့ စဉ်ဆက်မပြတ် ထိုးခွဲနေတာ မဟုတ်ပါလား။ ဒီအချက်ကိုသတိထားပြီး ကိုယ့်အတွင်းပိုင်းမှာ အလောတကြီး ဝေဖန်တံဆိပ်ကပ်တာ ရန်သူဘက် ဇွတ်အတင်း တွန်းပို့တာမျိုးတွေ မပြုလုပ်မိကြဖို့ လိုအပ်ပါတယ်။
(စကစ) စစ်အုပ်စု အကြမ်းဖက်သမား မင်းအောင်လှိုင်အဖို့ သူကိုယ်တိုင်ထွက်ကမယ့် ဇာတ်အခြေအနေက ထင် သလို...
BGF တပ်များ KNU တပ်မဟာ(၅)မှပြန်လည်ထွက်ခွာ၊ ရွှေကုက္ကိုလ်တွင် ဂုဏ်ပြုရန်ရှိဟု ပြောဆိုနေ
မေလ ၁၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ(၅) နယ်မြေဘက်မှ ကားအစီး ၆၀ ကျော်နှင့် မေလ ၁၀ရက်၊ ယမန်နေ့တွင် ပြန်လည်ထွက်ခွာလာသည့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များကို မြ၀တီ ခရိုင်၊ ရွှေကုက္ကိုလ်ကျေးရွာ၌ ဂုဏ်ပြုရန်စီစဉ်နေကြောင်း ပြောဆိုမှုများ ရှိနေကြသည်။
ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် တပ်နယ်(၃)လက်အောက်ခံ...















