Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သွေးလွန်တုပ်ကွေးအဖြစ်များလာပြီး သေဆုံးသူအထိရှိလာ

မေလ ၃၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မေလဆန်းပိုင်းမှစပြီး သွေးလွန်တုပ်ကွေး ကူးစက်မှု ရောဂါများ များပြားလာပြီး သေဆုံးသူအထိ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေး အဖြစ်များလာပြီး ပြီးခဲ့သည့် မေလ ၃၀ ရက် နံနက်ပိုင်းက ထန်းတောရွာနေ...

စစ်ကောင်စီမှတဆင့်သွားမည့် အာဆီယံနှင့် UN ၏ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်အပေါ် NUG နှင့် EAO သုံးဖွဲ့ လက်မခံ

မေလ ၃၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကမ္ဘောဒီးယားနိုင်ငံတွင် ဆုံးဖြတ်ခဲ့သော အာဆီယံနှင့် ကုလသမဂ္ဂတို့၏ မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာ ထောက်ထားမှု အကူအညီကို စစ်ကောင်စီမှတဆင့် ကူညီပေးသွားမည့်အပေါ် လက်မခံနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်း (EAO) ၃ ဖွဲ့က ယမန်နေ့...

သေ့ဘောဘိုးစခန်းအား ပြန်သိမ်းမည့် စစ်ဆင်ရေးလုပ်ဆောင်ရန် ဖလူးကြီး ကျေးရွာတွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေ

မေလ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ၆ နယ်မြေ သေ့ဘောဘိုးစခန်းအား စစ်ကောင်စီဘက်မှ မြ၀တီအခြေစိုက် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအဖွဲ့ များအဖြစ် အသွင်ယူတိုက်ခိုက်သိမ်းပိုက်မည့် စစ်ဆင်ရေး လုပ်ဆောင်ရန် ဖလူးကြီး ကျေးရွာ BGF စခန်းတွင် စုဖွဲ့ကာ...

သူးလေထီ မိတ်ဆက်ပွဲ KNU ခေါင်းဆောင်များ တက်ရောက် ဖွင့်လှစ်ပေး

မေလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ဒေါကလူကွန်ယက်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သူးလေထီ (ThooLei Lottery) စတင်မိတ် ဆက်ပွဲအခမ်းအနားကို ယနေ့ မေလ ၃၀ရက်နေ့တွင် KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ် မြေတစ်နေရာ၌ ပြုလုပ်ခဲ့ရာ KNU ခေါင်းဆောင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ကရင့်အမျိုးသားတော်လှန်ရေးကို ပံ့ပိုးကူညီနိုင်ရန်...

အွန်လိုင်းစျေးရောင်းသူများကြောင့် ကော့ကရိတ်ဒူးရင်းသီး စျေးကောင်းရပြီး အရောင်းသွက်နေ

မေလ ၃၀ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်အတွင်း ဒူးရင်းသီး စိုက်ပျိုးထွက်ရှိရာ ကော့ကရိတ်ဒေသတွင်း ဒူးရင်းသီးများ အွန်လိုင်းစျေးရောင်းသူများကြောင့် စျေးကောင်းရပြီး အရောင်းသွက် နေသည်ဟု သိရှိရသည်။ ကော့ကရိတ်မြို့ခံ၊ အွန်လိုင်းစျေးရောင်းသူတစ်ဦးက "အခုက အွန်လိုင်းခေတ် ဆိုတော့ ဒူးရင်းသီးကို အွန်လိုင်းကနေ ခွဲပြ၊ စားပြ၊ အရသာ...

ဒေါနအရှေ့ခြမ်း စစ်ဘေးရှောင်စခန်းများတွင် ငှက်ဖျားနှင့် ၀မ်းရောဂါအတွက် ဆေးဝါးများလိုအပ်နေ

မေလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ဒေါနတောင်အရှေ့ဘက်ခြမ်းရှိ လေးကေကော်-ဝေါလေ ဒေသအတွင်း စစ်ဘေးရှောင်နေကြရ သည့်အစု အဖွဲ့များတွင် သောက်သုံးရေ မသန့်ရှင်းသည့် အခြေအနေနောက်ဆက်တွဲအဖြစ် ၀မ်းပျက် ရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားခံစားနေကြရသူများအတွက် ဆေးဝါးလုံလောက်မှုမရှိကြောင်း သိရှိရသည်။ "မိုးရွာလိုက်၊ နေပူလိုက် အခြေအနေမှာ...

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးဒဏ်ရာရ

မေလ ၂၉ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်တိုက်နယ် ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ် ကောင်စီတပ်က ယနေ့ မေလ ၂၉ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန်တွင် နန်းသိုင်းထွန်ရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ် မှုကြောင့် အမျိုးသမီးတစ်ဦးကျည်ထိမှန်သေဆုံးပြီး ၇...
Donate