KIC News
သံလွင်မြစ်တွင်း အသုံးပြုသွားလာမှု အချိန်ကန့်သတ်ကာ ပစ်မိန့်ပေးထားသောကြောင့် ယာကိုင်းစိုက်ပျိုးသူများမသွားမလာရဲဖြစ်နေ
နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့နယ်ရှိ သံလွင်မြစ်အတွင်း လှေ၊ သင်္ဘောများမြစ်ကြောင်း အသုံးပြုသွားလာခွင့်အချိန်ကန့်သတ်ထားကာ ပစ်မိန့်ပေးထားသည့်အတွက် မြစ်ရိုးတစ်လျှောက် ယာခင်းကိုင်းခင်း စိုက်ပျိုးသူများ မသွားမလာရဲဖြစ်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။
သံလွင်မြစ် အသုံးပြုသွားလာနေသည့် လှေ၊ သင်္ဘောများ နံနက် ၆ နာရီ၊...
ပစ်ခတ်မှုကြောင့် တိမ်းရှောင်နေကြသော သံတောင်ကြီးမြို့ခံ စစ်ရှောင်များ၏ နေအိမ်ရှိ ပစ္စည်းများ ခိုးယူဖျက်ဆီးခြင်းခံရ
နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် နိုဝင်ဘာလ (၉)ရက်နေ့ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်များပစ်ခတ်မှုကြောင့် ရှောင်တိမ်းကြရသော ရပ်ကွက်တွင်းနေထိုင်သူများ၏ နေအိမ်အတွင်းရှိ ပစ္စည်းများ ခိုးယူဖျက်ဆီးခြင်းခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့်...
ASEAN အဖွဲ့ဝင်နိုင်ငံများသို့ အချက် (၉)ချက်ပါ တိုက်တွန်းချက် NUCC ပေးပို့
နိုဝင်ဘာလ ၁၀ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
အရှေ့တောင်အာရှနိုင်ငံများအသင်း -ASEAN အဖွဲ့ဝင်နိုင်ငံများသို့ အချက် (၉)ချက်ပါရှိသော တိုက်တွန်းချက်အား ယမန်နေ့ နိုဝင်ဘာလ (၉)ရက်နေ့စွဲဖြင့် ပေးပို့ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ၎င်းတို့၏ လူမှုကွန်ရက်ဖေ့ဘွတ်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့်...
ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
နိုဝင်ဘာလ ၁၀ ရက်၊၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံမြို့ ဝင်းစိန်ကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နံနက်တွင် သထုံအမှတ် (၉) လေ့ကျင့်ရေးတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် ၃ ဦးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင်ရောက်လာပြီး ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်နေခြင်းကြောင့် ဒေသခံရွာသားများမှာ ဘေးလွတ်...
ကြာအင်းဆိပ်ကြီးမြို့တွင် လုယက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားနေ
နိုဝင်ဘာ ၁၀ရက်၊ ၂၀၂၂ခုနှစ်၊၊ကေအိုင်စီ၊၊
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ယခုတလော လုယက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားနေသည့်အတွက် မြို့ပေါ်သွားလာသူ နည်းပါးလာသည်ဟု မြို့ခံများက ပြောဆိုကြ သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုတို့သည် မြို့လယ်၊ ရပ်ကွက် လမ်းကြားများတွင် ပိုမိုအဖြစ်လာသောကြောင့် ဒေသခံပြည်သူများအနေဖြင့် အပြင်မ ထွက်ရဲကြတော့သည့်အနေအထားဖြစ်နေသည်ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက...














