Home Authors Posts by KIC News

KIC News

22507 POSTS 0 COMMENTS

လောင်းလုံးမြို့နယ် လူထုစည်းရုံးရေးနှင့်အသိပညာပေးလှုပ်ရှားမှု သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခံရ

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၏အထက်ဘက် ကျေးရွာများတွင် ယမန်နေ့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ် ကော်မတီ၏ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီမှ ဦးဆောင်၍ လူထုစည်းရုံးရေး နှင့်အသိပညာပေး လှုပ်ရှားမှုပြုလုပ်နေစဥ် သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခံခဲ့ရကြောင်း ထိုဆပ်ကော်မတီထံမှ သိရသည်။ အဆိုပါ လှုပ်ရှားမှုတွင်...

ထားဝယ်ခရိုင်ရှိ နယ်မြေခံ ကေဝိုင်အိုနှင့် ကစယ်ဒိုကျားတပ်ဖွဲ့တို့ ၇၅နှစ်ပြည့် ကရင်အမျိုးသားနေ့ ပူးပေါင်းကျင်းပ

ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ကရင်တောင်ပျောက်ကျေးရွာတွင် ကျေးရွာ ကရင်လူငယ်အစည်းအရုံး-KYO နှင့် နယ်မြေကာကွယ်ရေးအဖွဲ့ဖြစ်သည့် ကစယ်ဒို ကျားတပ်ဖွဲ့(K-PDF)တို့က ဖေဖော်ဝါရီလ ၁၁ရက်တွင် ကျရောက်သည့် ၇၅နှစ်ပြည့် ကရင်အမျိုးသားနေ့ အခမ်းအနားကို ကျေးရွာလူထုအင်အား ဖြင့် ယနေ့ ပူးပေါင်း ကျင်းပပြုလုပ်ခဲ့ကြသည်။ ကစယ်ဒိုကျားတပ်ဖွဲ့ခေါင်းဆောင် ဖိုးသောကြာက...

ပကာရီရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် အနီးရှိဒေသခံများ ဘေးလွတ်ရာကို ရှောင်တိမ်းနေရ

ဖေဖော်ဝါရီလ ၁၁ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီး ပကာရီ ကျေးရွာရှိ ရဲကင်းစခန်းကို နယ်မြေခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ် ခတ်မှုများ အဆက်မပြတ်လုပ်ဆောင်သည့်အတွက် ဒေသခံရွာသားများမှာ အသက်ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်မြို့နှင့် ဆယ်မိုင်ဝန်းကျင်ကွာဝေးသော ပကာရီကျေးရွာရှိ...

ကရင့်သမိုင်းနှင့် ခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှုများကို သိရှိရန်လိုအပ်ဟု KNU ဥက္ကဌ ပြော

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ အမျိုးသားနေ့ဂုဏ်ပြု ကျင်းပသည့်အချိန်တွင် ကရင်အမျိုးသားများ၏ သမိုင်းကြောင်း၊ ဘဝအတွေ့အကြုံနှင့် ခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှုများကို ပြန်လည်သတိရအောက်မေ့ဂုဏ်ပြုကြရန် အရေးကြီးသည်ဟု (၇၅)နှစ်ပြည့် စိန်ရတု ကရင်အမျိုးသားနေ့သို့ ပေးပို့သော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ မိန့်ခွန်းတွင် ပြောဆိုသည်။ “မိမိတို့ကရင်အမျိုးသားနေ့ကို...

မူမမှန်တဲ့စာ၊ ကောက်ကျစ်မှုနဲ့ လှည့်စားမှုတွေ ပြုလုပ်နိုင်ဖို့ ကြိုတင် လေချိုသွေးတဲ့စာ

မူမမှန်တဲ့စာ၊ ကောက်ကျစ်မှုနဲ့ လှည့်စားမှုတွေ ပြုလုပ်နိုင်ဖို့ ကြိုတင် လေချိုသွေးတဲ့စာ မောင်ကျော်စွာ (၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၀ရက်) ယခုဆောင်းပါးသည် ကေအိုင်စီ (ကရင်သတင်းဌာန) က (၉-၂-၂၀၂၃)ရက်နေ့တွင် ဖော်ပြခဲ့သော (လက်အောက်ခံ တပ်ဖွဲ့ဝင်များကို ကြပ်မတ်ပေးရန် KNU ဥက္ကဌ၊ KNLA စစ်ဦးစီးချုပ်တို့အား စစ်ကောင်စီ...

ဖားအံမြို့တွင် ဗုံး(၂)လုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ် စစ်ဆေးမှုများ ပိုမိုပြုလုပ်နေ

ဖေဖော်ဝါရီလ(၁၀)ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ ကရင်ပြည်နယ် ဖားအံမြို့ အမှတ်(၃)အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယနေ့ ဖေဖော်ဝါရီလ(၁၀)ရက် နံနက်(၆)နာရီအချိန်၌ ဗုံး(၂)လုံးပေါက်ကွဲခဲ့ပြီးသည့်နောက် စစ်ကောင်စီတပ်များက စစ်ဆေးမှုများ ပိုမိုပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဖားအံမြို့အတွင်းရှိ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံး(၂)လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်များက ပေါက်ကွဲသည့်နေရာအနီးတစ်ဝိုက်တွင် နံနက်(၈) နာရီအချိန်မှစ၍နေ့လည်ပိုင်းအထိ ကား၊...

ပီလောပီနံဥ စျေးနှုန်းတက်လာ၍ တောင်သူများစား ဝတ်နေရေးအဆင်ပြေလာနေ

ဖေဖော်ဝါရီ ၁ဝ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လက်ရှိ ပီလောပီနံဥ ၁ တန်လျှင် ယခင်နှစ်ထက် ကျပ် ၁ သိန်းကျော်အထိ စျေးနှုန်းတက်လာသည့်အတွက် ဒေသတွင်း စိုက်တောင်သူများ စားဝတ်နေရေးအဆင်ပြေလာလျက်ရှိသည်ဟု တောင်သူများထံမှ သိရသည်။ လက်ရှိတွင် ခွဲခြမ်းပြီးသာ ပီလောပီနံဥ အခြောက်...

နေအိမ်စွန့်ခွာထွက်ပြေးလာသော ရှပ်ပုံဒေသခံစစ်ရှောင်များ တစ်လကျော်ကြာအထိ မပြန်နိုင်သေး

ဖေဖော်ဝါရီလ ၁၀ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့အနီးရှိ၊ ရှပ်ပုံကျေးရွာတွင် နေအိမ်စွန့်ခွာထွက်ပြေးလာသော စစ်ဘေးရှောင်တစ်သောင်းကျော်သည် တစ်လကျော်ကြာလာသည်အထိ ၎င်းတို့နေအိမ်သို့ ပြန်လည်မနေထိုင်နိုင်သေးကြောင်း ဒေသခံများက ပြောသည်။ အိမ်ခြေပေါင်း ၂၅၀၀ ကျော်ရှိ ရှပ်ပုံကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ရက်နေ့မှစတင်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အကြောင်းမဲ့ဝင်ရောက်မီးရှို့မှုများ...

လိုင်စင်မဲ့ကား ဆက်လက်ဖမ်းဆီးမည့် သတင်းကြောင့် ဒေသခံများသွားလာရေး အခက်တွေ့နေ

ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ဖားအံမြို့ ပေါ်တွင် လိုင်စင်မဲ့ကားများ ဆက်လက်ဖမ်းဆီးမည့် သတင်းကြောင့် ဒေသတွင်း သွားလာနေကြသည့် ဒေသခံများ အခက်တွေ့နေရသည်ဟု သိရသည်။ ဖေဖော်ဝါရီ ၂ ရက်နေ့က ပြည်နယ်စစ်ကောင်စီမှ လိုင်စင်မဲ့ကား အသုံးပြု၍ တော်လှန်ရေးအဖွဲ့များ၊ လက်နက်ခဲယမ်းသယ်ဆောင်မှုတွင် စစ်ကောင်စီ၀န်ထမ်းများ...

ကျောင်းကုန်းတွင် (၇၅)နှစ်မြောက်စိန်ရတုကရင်အမျိုးသားနေ့နှင့် ကရင်ဘိုးဘွားအောက်မေ့ပွဲ ပြုလုပ်သွားမည်

ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ နံနက်ဖြန် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ကရင်အမျိုးသားနေ့ နှင့် ကရင်ဘိုးဘွားအောက်မေ့ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အနောက်စု ကျေးရွာတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။ ကျောင်းကုန်းမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း၏...
Donate