Home Authors Posts by KIC News

KIC News

22003 POSTS 0 COMMENTS

ပုလော PDF ယာယီစခန်းသိမ်းပိုက်ခံရပြီးနောက် ကျေးရွာနေအိမ် ၁၀၀ ကျော်မီးရှို့ခံရ

ဖေဖော်ဝါရီလ၂၀ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးရှိ ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ ယာယီ စခန်းကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်သိမ်းပိုက်ပြီးနောက် ကဒဲကျေးရွာ အတွင်းရှိ ဒေသခံ နေအိမ် ၁၀၀ ကျော် မီးရှို့ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးရှိ...

စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော့ကရိတ်စစ်ဘေးရှောင် ၃ ဦးဒဏ်ရာရ

ဖေဖော်ဝါရီလ ၂၀ ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်း ရှိ စစ်‌ဘေးရှောင်‌သူများ ယာယီခိုလှုံနေထိုင်ရာနေရာကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ရက် ည ၁၂ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် ၁၄ အရွယ် မိန်းကလေးတစ်ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့...

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် တလုတ်ထော်မြို့နယ်ရှိ မတ်ပဲစိုက်တောင် သူများ အခက်ကြုံနေရ

ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ တလုတ်ထော်မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော် ဝါ ရီလ(၁၇)ရက်နေ့က အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ပဲ‌များမိုးရေထိပြီး တစ်ဝက်ဈေးဖြင့်ရောင်းချရမည့် အခြေအနေများဖြစ်လာသဖြင့် မတ်ပဲစိုက် တောင် သူများ အခက်ကြုံနေရကြောင်း ဒေသခံများက ပြောသည်။ အဆိုပါဒေသရှိ တောင်သူအများစုမှာ ဆောင်းအကုန်ကာလ...

ကရင်နေ့ထူးနေ့မြတ် ၃ခု အခမ်းအနားကို စျေးရောင်းပွဲတော်နှင့်အတူ ဩစတြေးလျားကရင်အဖွဲ့အစည်း(AKO) ပူးတွဲကျင်းပ

ဖေဖော်ဝါရီ ၁၉ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ဩစတြေးလျားကရင်အဖွဲ့အစည်း(Australian Karen Organization-AKO)က ၇၄နှစ်မြောက် ကရင့်တော်လှန်ရေးနေ့၊ ၇၅နှစ်မြောက် ကရင်အမျိုးသားအစည်း အရုံးနေ့၊ ၇၆နှစ်မြောက် ကရင်အမျိုးသားနေ့ ဟောပြောပွဲအခမ်းအနားနှင့် ရန်ပုံငွေရှာဖွေရေး စျေးရောင်းပွဲတော်တို့ကို နယူးဆော့သ်ဝေးပြည်နယ်၊ ဆစ်ဒနီမြို့ရှိ Villawood Senior Citizen Hall ၌ ဖေဖော်ဝါရီ...

ကော့ကရိတ်တောင်ပိုင်းကျေးရွာများတွင် မြေပဲဈေးကောင်းရနေ

ဖေဖော်ဝါရီလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်း ကျေးရွာများတွင် ယခုလမြေပဲရာသီတွင် ယခင်နှစ်ထက် စျေးကောင်းရနေသည်ဟု ဒေသခံများက ပြောသည်။ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိကွင်းကလေး၊ ကျိတ်၊ ပိုင်ကလန်ဒုံ၊ မိကသို စသည့် ကျေးရွာများတွင် မိသားစု စားဝတ်နေရေးအတွက် မြေပဲကို အဓိက စိုက်ပျိုးကြပြီး...

တပ်မဟာ ၇ ထိန်းချုပ်နယ်မြေတွင် တစ်ရက်အတွင်း လေးကြိမ်ထက်မနည်း လေယာဉ်ပျံဝဲမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရ

ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေတွင် ယနေ့ ဖေဖော်ဝါရီလ(၁၈)ရက်နေ့ တစ်ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းပျံဝဲမှု လေးကြိမ်ထက်မ နည်းလုပ်ဆောင်သောကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်သဖြင့် နေရပ်စွန့်ခွာထွက်ပြေး နေရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။ ယနေ့ နံနက် (၇)နာရီခန့်တွင်...

သမီးပညာရေးအတွက် ဝက်မွေးမြူနေသူ နန်းမူ

သမီးပညာရေးအတွက် ဝက်မွေးမြူနေသူ နန်းမူ ဖားတောနော် (ဖေဖော်ဝါရီ ၁၈ရက်၊ ၂၀၂၃) ဒေါနတောင်ခြေက ကျေးရွာတစ်ရွာမှာရှိတဲ့ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူခြံတစ်ခြံထဲမှာ ဝက်တွေကို အမျိုးသမီးတစ်ဦးက အစာကျွေးနေပါတယ်။ သူမဟာ နိစ္စဓူဝ ဆိုသလို သူမမွေးမြူထားတဲ့ ဝက်တွေကို အစာကျွေးခြင်း၊ သန့်ရှင်းရေးလုပ်ပေးခြင်းတွေနဲ့ နေ့စဉ်နေ့တိုင်း အလုပ်ရှုပ်နေပါတယ်။ သူမကတော့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ပိုင်းရှိ ဖားအံခရိုင်၊ KNU-ကရင်အမျိုးသားအစည်းအရုံး...

“အမျိုးသမီးနှင့် ကျန်းမာရေး” ပညာပေးဆောင်းပါး(၂)

လိင်မှတဆင့် ကူးစက်တတ်သောရောဂါ(STIs)များအကြောင်း လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဆိုတာ လိင်မှုကိစ္စ မကင်းကြတဲ့ လူ့အသိုင်းအဝန်းအတွင်း သိကိုသိထားသင့်တဲ့ ရောဂါတွေဖြစ်ပါတယ်။ ဒါ့အပြင် လိင် မှတဆင့် ကူးစက်တတ်တဲ့ တချို့ရောဂါတွေဟာ လုံး၀ပျောက်ကင်းအောင် ကုသလို့မရနိုင်တဲ့အတွက် သေချာသိရှိပြီး ကြိုတင်ကာကွယ်မှု ပြုလုပ်ထားနိုင်ဖို့အ တွက် တင်ပြပေးလိုက်ပါတယ်။ STI အများစုဟာ လိင်တံ၊ မိန်းမကိုယ်၊...

ငွေဆောင်ရှိ သန္တာကျောက်များအား လွတ်လပ်စွာဝယ်ယူရောင်းချနေမှုကြောင့် ပြုန်းတီးလာနိုင်သည့်အရေး ဒေသခံများ စိုးရိမ်

ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအိုင်စီ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းဆိုင်များတွင် သန္တာကျောက်များအား လွတ်လပ်စွာ ဝယ်ယူရောင်းချနေသည့်အတွက် သန္တာကျောက်တန်းများ ပြုန်းတီး လာနိုင်သည့်အရေး‌ စိုးရိမ်စရာဖြစ်လာကြောင်း ငွေဆောင်မြို့နေဒေသခံများက ပြောသည်။ အချို့သောတံငါလုပ်သားများသည် သန္တာကျောက်တန်းများအား ကိုယ်တိုင်ချိုးယူကာ ငွေဆောင် မြို့ပေါ်ရှိ အမှတ်တရပစ္စည်းဆိုင်များသို့...
Donate