Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

“အမျိုးသမီးနှင့် ကျန်းမာရေး (ပညာပေးဆောင်းပါး – ၅)”

"အမျိုးသမီးနှင့် ကျန်းမာရေး (ပညာပေးဆောင်းပါး - ၅)" နို့တိုက်မိခင်များ ဆောင်ရန်၊ ရှောင်ရန်နှင့် သိရှိထားရန် အချက်များ မိခင်တစ်ယောက်ဖြစ်လာပြီဆိုရင် ကလေးငယ်ကို နို့ချိုတိုက်ကျွေးရမည်ဆိုတဲ့ သဘာ၀တရားကပေးအပ်တဲ့ တာဝန်တစ်ရပ်ကို အမျိုးသမီးတွေဟာ ထမ်းဆောင် ကြရပါတယ်။ မိမိကလေးငယ် အာဟာရပြည့်၀စွာဖြင့် ကြီးထွားဖွံ့ဖြိုးဖို့ ၊ ရောဂါဘယတွေကို တွန်းလှန်နိုင်ဖို့အတွက် မိခင်တွေမှာ အရိပ်တကြည့်ကြည့်နဲ့...

အကြမ်းဖက်မှုပပျောက်ရေးအတွက် အခက်အခဲကြားမှ ဇွဲမလျှော့ဘဲ လုပ်ဆောင်သည့် KWO အဖွဲ့အဝင်များကို ဂုဏ်ပြုကြောင်း WLB ပြော

ဧပြီလ ၅ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးအပြင် စစ်ရှောင်အရေး၊ အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်၍ အခက်အခဲများကြားမှ နောက်မဆုတ် ဇွဲမလျှော့ဘဲ အစွမ်းကုန်လုပ်ဆောင်နေသည့် ကရင်အမျိုးသမီးအစည်းအရုံး (Karen Women Organization -KWO)အဖွဲ့နှင့် အဖွဲ့ဝင်များကို ဂုဏ်ပြုကြောင်း အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)WLB က ပြောဆိုလိုက်သည်။ ယနေ့ ဧပြီလ ၅...

လှိုင်းဘွဲမြို့နယ် KWO နေ့အခမ်းအနားအစီအစဉ်တွင် အမျိုးသားပူးပေါင်းပါဝင်မှုပိုများလာ

ဧပြီလ ၅ ရက်နေ့၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ခလယ့်ဒေးကျေးရွာတွင် ယနေ့ ပြုလုပ်သည့် ကရင်အမျိုးသမီးအစည်း အရုံး-KWO ဖွဲ့စည်းတည်ထောင်ခြင်း ၃၈ နှစ်ပြည့် အခမ်းအနား အစီအစဉ်၌ ဒေသခံအမျိုးသားများပူး ပေါင်းပါဝင်မှု ပိုမိုအားကောင်းလာသည်ဟု သိရှိရသည်။ ယနေ့ ဧပြီလ ၅ ရက်နေ့တွင် ကျရောက်သည့်...

မြဝတီ၊ မဲကနယ် စစ်ရှောင်များ စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အခက်အခဲကြုံနေရ

ဧပြီလ ၅ ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့ပြင်ဘက် မဲကနယ်ကျေးနယ်ရှိ စစ်ဘေးတိမ်းရှောင်နေရသူ ဒေသခံများအ နေဖြင့် စစ်ဘေးရှောင်ရချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ စားနပ်ရိက္ခာနှင့်နေရာထိုင်ခင်း အခက် အခဲများ ကြုံတွေ့လာကြရကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ကေအိုင်စီသို့ ပြောသည်။ ပြီးခဲ့သည့် မတ်လ၂၅ ရက်မှစတင်ပြီး ယနေ့အချိန်ထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား...

မြ၀တီရွှေကုက္ကိုလ် ကာစီနိုမြို့တော်အနီး BGF ကင်းစခန်း ၂ ခု တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီ လေကြောင်းက ပစ်ကူတိုက်ခိုက်နေ

ဧပြီလ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ မြ၀တီမြို့မြောက်ဘက် ရွှေကုက္ကိုလ်ကာစီနိုလောင်းကစား မြို့တော်အနီး ထီးကော်ထောကျေးရွာ နယ်ခြား စောင့်တပ်-BGF ကင်းစခန်း ၂ခုအား ယနေ့ ဧပြီလ ၅ ရက် နံနက်ပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များက ၀င်ရောက်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီ...
Donate