KIC News
စစ်အုပ်စု၏ ရက် (၁၀၀) စီမံကိန်းနှင့် လက်တွေ့မြေပြင်မှ စစ်ရာဇဝတ်မှုများအကြောင်း KNU လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ပဒိုစောအယ်ထူးနှင့် ဆက်သွယ်မေးမြန်းခြင်း
“စစ်တပ်ရဲ့ နားလည်တဲ့ တည်ငြိမ်ရေးနဲ့ အေးချမ်းရေးဆိုတာ ဖိနှိပ်အုပ်ချုပ်တာကနေ ရတဲ့ ‘ငြိမ်ရမယ်၊ ဝပ်ရမယ်၊ ပိရမယ်၊ ပြားရမယ်’ ဆိုတဲ့ ငြိမ်ဝပ်ပိပြားရေး သဘောတရားပဲ ဖြစ်ပါတယ်။”
စစ်အုပ်စု၏ ရက် (၁၀၀) စီမံကိန်းနှင့် လက်တွေ့မြေပြင်မှ စစ်ရာဇဝတ်မှုများအကြောင်း KNU လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ပဒိုစောအယ်ထူးနှင့် ဆက်သွယ်မေးမြန်းခြင်း
ဩဂုတ်...
ထိုင်းနှင့် ကေအဲန်ယူ ပူးပေါင်းပြီး မူတြော်ခရိုင်တွင် တရားမဝင်သစ်(၁၀၀)ကျော် ဖမ်းမိ
ဩဂုတ် (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်/ဖာပွန်ခရိုင်အတွင်း ထိုင်းနိုင်ငံ သစ်တောဦးစီးဌာနှင့် ကေအဲန်ယူတာဝန်ရှိသူများပူးပေါင်းပြီး ယခု ဩဂုတ်လနောက်ဆုံးအပတ်အတွင်း တရားမဝင်သစ်(၁၀၄)တုံးကို ဖမ်းဆီးရမိခဲ့ကြောင်း ယမန်နေ့ ဩဂုတ်(၂၈)ရက်နေ့တွင် ကေအဲန်ယူက ထုတ်ပြန်သည်။
မယ်ရာထာစစ်ဆေးရေးစခန်းတွင် ဖွင့်လှစ်ထားသည့် နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ်ရေးရုံးမှ ပြီးခဲ့သည့် ဩဂုတ်လ(၂၃)ရက်နေ့က သစ်အလုံး(၄၅)တုံးကို...
ကျောင်းသားလူငယ်နှင့်ဒေသခံ စုစုပေါင်း(၄၀၀)ဝန်းကျင် စုပေါင်း၍ ကေအဲန်ယူ၊ ဖားအံခရိုင်တွင် လက်ချည်ပွဲ ပြုလုပ်
ဩဂုတ် (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ (၇)ထိန်းချုပ် နယ်မြေတစ်နေရာတွင် ယနေ့ (ဩဂုတ်လ ၂၉ ရက်) က ကျောင်းသားလူငယ်နှင့်ဒေသခံ စုစုပေါင်းလူဦးရေ(၄၀၀)ဝန်းကျင် စုပေါင်းကာ ဝါခေါင်လ ကရင့်ရိုးရာ လက်ချည်ဖြူဖွဲ့ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ယနေ့မနက်ပိုင်းက...
သဲဖြူချောင်းတောင်ကျောမှာ စစ်အုပ်စုထိုးစစ်ဆင်လာ၊ KNLA မဟာမိတ်တပ် ဖြတ်တိုက်၍ တိုက်ပွဲပြင်းထန်
သြဂုတ် (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-ဝေါလေလမ်းပိုင်းရှိ သဲဖြူချောင်းအထက်တောင်ကျောနေရာကို စစ်အုပ်စု ထိုးစစ်ဆင်လာ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်များက ဖြတ်တောက်တိုက်ခိုက်လျက်ရှိရာ သြဂုတ်လ (၂၇) ရက်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
လေးကေကော်အထက်ပိုင်း ကျောက်တောင်ကျောမှတစ်ဆင့် ဝါးဘိုးကျောက်တောင်ကျောကို...
ထိုင်း၏ ပြည်နှင်ဒဏ်အမိန့်ကြောင့် ရွှေ့ပြောင်းမြန်မာများ စစ်အုပ်စုလက်ထဲ ရောက်သွားမည့် အရေး လှုပ်ရှားသူများ စိုးရိမ်
ဩဂုတ် (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံး၏အမိန့် ယမန်နေ့ ဩဂုတ်လ(၂၈)ရက်က အသက်ဝင်လာခြင်းကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စစ်အုပ်စုလက်ထဲ ရောက်သွားနိုင်ခြေများသည့်အရေး အလုပ်သမားအရေး ဆောင်ရွက်နေသူများက စိုးရိမ်နေကြသည်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ် ကိုယ်တိုင်လက်မှတ်ထိုးကာ အဆိုပါစည်းမျဉ်းဥပဒေကို အတည်ပြုလိုက်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း...
“ထီးလူသာ” Game App တည်ထောင်သူ စောမားဘလက်(စ်)စိုး နှင့် တွေ့ဆုံမေးမြန်းခြင်း
“နည်းပညာကို ဖျက်ဆီးဖို့ မဟုတ်ဘဲ၊ မြစ်တစ်မြစ်လို လှုပ်ရှားနှိုးထလာမယ့် ကရင်မျိုးဆက်သစ်တွေရဲ့ စာပေနဲ့ ယဉ်ကျေးမှု ကောင်းကျိုးအတွက် အသုံးချရမှာ ဖြစ်ပါတယ်”
"ထီးလူသာ" Game App တည်ထောင်သူ စောမားဘလက်(စ်)စိုး နှင့် တွေ့ဆုံမေးမြန်းခြင်း
ဩဂုတ် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဒစ်ဂျစ်တယ်ခေတ်တွင် မျိုးဆက်သစ် ကရင်လူငယ်များနှင့်...
မယ်လစခန်းဒုက္ခသည်စခန်းတွင် နာတာရှည်ရောဂါသည် တိုးလာပြီး ဆေးဝါးမလုံလောက်မှု ကြုံနေရ
သြဂုတ် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံးဒုက္ခသည်စခန်း မယ်လတွင် နာတာရှည်ရောဂါဖြစ်ပွားမှုတိုးလာပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးရရှိမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း စခန်းတာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ပြောသည်။
ယခင်က နာတာရှည်ရောဂါသည်များအတွက် စခန်းတွင်းရှိ ဆေးရုံနှင့် ဆေးပေးခန်းများမှ လစဉ်ဆေးဝါး ထောက်ပံ့ပေးနိုင်ခဲ့သော်လည်း ဒုက္ခသည်များအတွက် နိုင်ငံတကာအကူအညီများ...
ရင်ဘတ်ချင်းတူသည့် တော်လှန်ရေးအဖွဲ့များနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီ ပြော
ဩဂုတ် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီ(Chinland Council) က ယနေ့၊ ဩဂုတ်လ(၂၈)ရက်နေ့ပြုလုပ်သည့် အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ချင်းပြည်သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုကျင့်သုံးပြီး (၂)နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု” အစီရင်ခံစာကို အွန်လိုင်းမှတဆင့် ပြုလုပ်သွားခြင်းဖြစ်ပြီး...
MMA Fighter စောသွီးသောင့်ဝေါ် (ခ) Mighty Saw နှင့် တွေ့ဆုံမေးမြန်းခြင်း
“နောက်ခံမရှိပေမဲ့ ဒီလမ်းကြောင်းပေါ် ရောက်လာပြီဖြစ်လို့ ကမ္ဘာကျော် Fighter ဖြစ်တဲ့အထိ လက်မလျှော့ဘဲ ရအောင် ကြိုးစားမှာပါ”
MMA Fighter စောသွီးဝေါ်သောင့် (ခ) Mighty Saw နှင့် တွေ့ဆုံမေးမြန်းခြင်း
ဩဂုတ် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ဇာတိ ဖြစ်တဲ့ စောသွီးဝေါ်သောင့်...
မဲဆောက်တွင် ၁ လလျှင် ၂၀ ရာခိုင်နှုန်း အတိုးယူ၊ တရားမဝင် ငွေချေးသူ မြန်မာအမျိုးသမီးကို ဆိုက်ဘာရဲတပ်ဖွဲ့ ဖမ်းဆီး
ဩဂုတ် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် တစ်လလျှင် ၂၀ ရာခိုင်နှုန်း ငွေတိုးကောက်ခံကာ တရားမဝင် ငွေချေးလုပ်ငန်းလုပ်ကိုင်သူ အသက် (၅၁) နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို ယနေ့၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် ထိုင်းဆိုက်ဘာမှုခင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း...














