Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

လိပ်သိုလ်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီနှင့်အလုပ်အကိုင်နည်းပါး၍ ရေရှည်ရပ်တည်ရေး ခက်ခဲလာနိုင်

ဧပြီလ(၂၄)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ သံတောင်မြို့မြောက်ပိုင်း၊ လိပ်သိုလ်မြို့နယ်ခွဲ၊ ကျောက်တံခါးကျေးရွာအုပ်စုရှိ စစ်ဘေး ရှောင်များ စားနပ်ရိက္ခာအကူအညီနှင့်အလုပ်အကိုင်နည်းပါး၍ ရေရှည်ရပ်တည်ရေးအတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း စစ်ရှောင်များနှင့်နီးစပ်သူများက ပြောသည်။ အဆိုပါစစ်ရှောင်များမှာ ပြီးခဲ့သည့် မတ်လကုန်မှစ၍ တကျော့ပြန်ဖြစ်ပွားနေသော ရေတာရှည်မြို့နယ် အတွင်းရှိ တိုက်ပွဲများကြောင့် သံတောင်မြို့မြောက်ပိုင်း၊ လိပ်သိုလ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသည့် နားဂျပ်ပင်ကျေးရွာနှင့်အနီးတဝိုက်ကျေးရွာများမှ...

မဲကနယ်‌ကျေးရွာအနီး ကျောက်တောင်‌ဒေသတွင် စစ်ကောင်စီ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

ဧပြီလ ၂၄ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူပလာယာခရိုင်၊ မြဝတီမြို့နယ်တောင်ပိုင်းရှိ မဲကနယ်ကျေးရွာအနီး ကျောက်တောင် ၊ကျောက်မဲနေရာများတွင် ယနေ့နံနက် ၁၁နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ လေယာဖြင့် ထပ်မံသွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မဲကနယ်ကျေးရွာသားများကပြောသည်။ မဲကနယ်ကျေးရွာတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုအပြင် လေကြောင်းအသုံးပြု၍ ယခုလို ထပ်မံဗုံးကြဲနေခြင်းဖြစ်ကြောင်း မဲကနယ် ဒေသခံတစ်ဦးက...

တပ်စခန်း (၄) ခု တိုက်ခိုက်ခံရပြီးနောက် KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီ စစ်အင်အား ဖြည့်တင်းလာ

ဧပြီလ(၂၄)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း ပြီးခဲ့သည့် ဧပြီလ(၂၂)ရက်နေ့က စစ်ကောင်စီ တပ်စခန်း(၄)ခု တပြိုင်နက် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ ကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်မှတ်ထားတိုက်ခိုက်ပြီး အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ကေအဲန်ယူသတင်းအရင်းအမြစ်ထံမှ သိရသည်။ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ညောင်ကုန်းနှင့်ကျွန်းကုန်းရွာရှိစစ်ကောင်စီတပ်စခန်း (၂)ခုနှင့် မုန်းမြို့နယ်အတွင်းရှိ နောင်ကုန်းနှင့်ရန်မျိုးအောင်ရွာစစ်ကောင်စီတပ်စခန်း(၂)...

စစ်ကောင်စီ၏ မယ်စိထာဂိတ်စခန်းတစ်ခု KNLAတက်ရောက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးသေဆုံး

ဧပြီ၊ ၂၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ(၁)နှင့် မူတြော်ခရိုင် တပ်မဟာ(၅)ကြားတွင်ရှိသည့် စစ်ကောင်စီ၏ မယ်စိထာ ဂိတ်စခန်းတစ်ခုကို ယနေ့ ဧပြီလ (၂၄)ရက်နေ့ နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ တက်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကေအဲန်ယူဘက်မှ သတင်းထုတ်ပြန်သည်။ အမှတ် (၈) စစ်ဆင်ကွပ်ကဲရေးဌာနချုပ်လက်အောက်...

မိုးသက်လေပြင်းတိုက်ခတ်၍ လေးကေကော်စစ်ရှောင်ပြည်သူများနေထိုင်ရာ ယာယီနေအိမ် ၆ လုံးခန့် ပြိုကျပျက်စီး

ဧပြီလ (၂၄)ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော် မြို့သစ်အနီး သောင်ရင်းမြစ်ကမ်းတွင်ရှိသော ပလောတပို့ စစ်ရှောင် စခန်း ထဲ၌ ယမန်နေ့ညနေပိုင်းက မိုးသက်လေပြင် ကျရောက်မှုကြောင့် လေးကေ့ကော်စစ်ရှောင် ပြည်သူများနေ ထိုင်သည့် ယာယီနေအိမ် ၆ လုံးခန့် ပြိုကျပျက်စီးခဲ့ကြောင်း လေးကေကော်မြို့သစ် အုပ်ချုပ်ရေးမှူး စောဌေးမြင့်အောင်ကပြောသည်။...

ရိက္ခာသယ်ဆောင်ခွင့် ပိတ်ပင်ထား၍ ပုလောမြို့နယ်တွင် ဆန်နှင့်အခြေခံစားသောက်ကုန်များ ပြတ်လပ်

ဧပြီလ၂၄ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ပုလောမြို့နှင့် ကျေးရွာတချို့တွင် စစ်ကောင်စီက ရိက္ခာသယ်ဆောင် ခွင့်ကို ပိတ်ပင်ထားသောကြောင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ စတင်ပြတ်လပ်နေကြောင်း ဒေသခံ များကပြောသည်။ အာဏာသိမ်း စစ်ကောင်စီမှ ဆန်နှင့်အခြေခံစားသောက်ကုန်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယအပတ်မှ စတင်ပြီး ယနေ့အချိန်ထိ ရိက္ခာသယ်ဆောင်ခွင့်ကို ကန့်သတ်တားမြစ်လိုက်သောကြောင့် ပုလောမြို့ပေါ်နှင့် မြို့...
Donate