KIC News
မြဝတီမြို့တွင် မီးသွေးစျေး အဆမတန်မြင့်တက်နေ
မေလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြိုနယ်တွင် လျှပ်စစ်မီးပြတ်တောက်မှု အချိန်ကြာမြင့်လာသည်နှင့်အမျှ မြို့တွင်း နေထိုင်သူများအနေဖြင့် ချက်ပြုတ်ရေးအတွက် မီးသွေးကို အဓိကအားထားလာရသောကြောင့် လက်ရှိ တွင် မီးသွေးများ အဆမတန်စျေးမြင့်တက်နေကြောင်း မြို့ခံများထံမှ သိရသည်။
မြဝတီမြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ၅ လနီးပါးရှိနေပြီး ချက်ပြုတ်ရေးအတွက်...
စစ်ဆေးရေးဂိတ်များတွင် ငွေကြေး ပိုမိုတောင်းခံလာမှုကြောင့် အရှေ့တောနယ်ဒေသခံကားသမားများ အခက်ကြုံ
မေလ ၁၀ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောနယ်ဒေသရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ငွေကြေးတောင်းခံမှု များ ပိုမိုများပြားလာခြင်းကြောင့် ဒေသခံကားသမားများအနေဖြင့် သွားလာရေးအခက်အခဲများနှင့်ကြုံတွေ့ နေရ ကြောင်း ကားသမားများက ပြောသည်။
အရှေ့တောနယ်ဒေသတွင် စစ်ကောင်စီအခြေစိုက် ဂိတ် (၅) ခုရှိခန့်ရှိပြီး ၎င်းဂိတ်များမှ ယခုမေလ အစပိုင်း...
KNU ၏ ကွန်ဂရက် ထုတ်ပြန်ချက်သည် NCA ကိုဆန့်ကျင်နေကြောင်း စစ်ကောင်စီပြော
မေလ ၁၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ၁၇ ကြိမ်မြောက်ကွန်ဂရက်အပြီး ထုတ်ပြန်ချက်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် -NCA ကို ဆန့်ကျင်နေကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ယမန်နေ့ မေလ(၉)ရက်နေ့တွင် သဘောထားထုတ်ပြန်ကာ ပြောဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းကပြုလုပ်ပြီးစီးခဲ့သည့် (၁၇)ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်မှ လူမျိုးကြီးဝါဒ...
သတင်းသမားများ ဖမ်းဆီးအခံရဆုံး ကမ္ဘာ့နိုင်ငံများအနက် မြန်မာသည် ဒုတိယနေရာတွင်ရှိနေ ကြောင်း IFJ ပြော
မေလ ၁၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
သတင်းသမားများ ဖမ်းဆီးခံရမှုအများဆုံး ကမ္ဘာ့နိုင်ငံများအနက် မြန်မာသည် ဒုတိယနေရာ တွင်ရှိနေကြောင်း နိုင်ငံတကာသတင်းသမားများအဖွဲ့ချုပ် -IFJ က မေလ(၈)ရက်နေ့တွင် ထုတ်ပြန်သည့် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တွင် မြန်မာသတင်းထောက် (၅)ဦး ပါဝင်လာခြင်းနှင့်ပတ်သက်သော ကြေညာချက်တွင် ပြောဆိုသည်။
ပြီးခဲ့သည့် မေလ(၃)ရက်နေ့က ကဆုန်လပြည့်နေ့အထိမ်းအမှတ်အနေဖြင့်ဟုဆိုကာ...
တညင်တိုက်ပွဲတွင် စစ်ကောင်စီ ၆ ဦးကျဆုံးပြီး ၎င်းတို့ထံ WY မြင်းဆေးများပါ သိမ်းဆည်းရမိ
မေလ ၁ဝ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် တညင်ရွာအနီးတွင် မေလ ၉ ရက်နှင့် ၁ဝ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် KNLA -ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၆ ဦးကျဆုံးကာ အရှင်ဖမ်းဆီးရမိထား...
ကော့ကရိတ်တောင်ပိုင်း ဒေသအတွင်း မူးယစ်ဆေးပျံနှံ့ရောင်းဝယ်သုံးစွဲမှုမြင့် တက်လာနေ
မေလ ၁၀ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်တောင်ပိုင်း ကျေးရွာများဘက်တွင် စစ်ကောင်စီတပ်၊ နယ်ခြား စောင့်တပ်-BGF ၊ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ များအကြား ယခုတ လော မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုပျံ့နှံ့ မြင့်တက် လာနေသည်ဟု ဒေသခံ များက ပြောသည်။
နှစ်ဖက်တိုက်ပွဲများ နေ့စဥ် နီးပါး...
ကော့ကရိတ်တွင် မေလပထမအပတ်အတွင်း စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် အရပ်သား ၉ ဦးဒဏ်ရာရရှိပြီး ၁ ဦးသေဆုံးခဲ့
မေလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယခုမေလ ပထမအပတ်တွင်း အာဏာသိမ်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ယခု မေလဆန်းပိုင်းမှစ၍ ကော့ကရိတ်မြို့ ၉၇ တပ်နှင့် လှိုင်ဝအမြောက်ကုန်းရှိ စစ်ကောင်စီ တပ်များသည်...
စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အဦးနှင့် လူနေအိမ်များကို စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်ဟု KNU ဒူးပလာယာခရိုင်ပြော
မေလ ၉ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် အုပ်ချုပ်သည့်နယ်မြေများတွင် စစ်ရေးပစ်မှတ်မ ဟုတ်သည့် ဘာသာရေးအဆောက်အဦးနေရာများ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနှင့် အရပ်သားပြည် သူနေအိမ်များကို စစ်ကောင်စီက လေယာဉ်ဖြင့် ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်နေသည်ဟု KNU ဒူးပလာယာခရိုင်က ပြောသည်။
ဝင်းရေး၊ ကျုံဒိုး၊ နို့တကော်၊...
လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ၍ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရ
မေလ ၉ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ဝါပသဲကျေးရွာအနီးတွင် မေလ ၇ ရက်နေ့ ညအချိန်တွင် စစ်ကောင်စီ တိုက်ခိုက်ရေးလေယာဉ် လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးသွားပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ...
မုန်တိုင်းသတိပေးချက်များကြောင့် ကရင်နှင့်တနင်္သာရီရှိ စစ်ဘေးရှောင်များ စိုးရိမ်ပူပန်မှုများ ရှိနေ
မေလ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ယခုမေလ ဒုတိယအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်လာနိုင်သော ဆိုင်က လုန်းမုန်တိုင်း အဖျားခတ်၍ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်း မိုးကြီးရေလျှံမှုများ ဖြစ်ပေါ် လာနိုင်မှုကြောင့် အမိုးအကာလိုအပ်ချက်များရှိနေသည့် စစ်ဘေးရှောင်ပြည်သူများ စိုးရိမ်ပူပန် နေရကြောင်း စစ်ဘေးရှောင်ကူညီနေသူများမှ သိရသည်။
မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရန်နှင့်ပတ်သက်၍...














