KIC News
ကရင်နီတွင် ဇူလိုင်လအတွင်း အရပ်သား ၉ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ခဲ့ကြောင်း IEC ပြော
သြဂုတ်လ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လတစ်လတာအတွင်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုး ဖောက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၉ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့ ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။
ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့်...
ပျောက်ဆုံးသွားသည့် ခရစ်ယာန်အသင်းအုပ်ဆရာ သုံးပတ်ကြာအထိ ပြန်မတွေ့သေး
ဩဂုတ်လ ၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)ရှိ ထီးခီး-မေတ္တာလမ်းမပေါ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က ပျောက်ဆုံးသွားသည့် အမြာကျေးရွာ အသင်းအုပ်ဆရာတစ်ဦး သုံးပတ်ကြာလာသည်အထိ ပြန်လည်ရှာတွေ့ခြင်းမရှိသေးကြောင်း ထားဝယ်မြိတ်သာသနာနယ် ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့က ယမန်နေ့ ဩဂုတ်လ ၃ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ အမြာအသင်းအုပ်ဆရာ...
စစ်ရေးတင်းမာသည့် လမ်းပိုင်းတွင် စစ်တပ်နှင့် အပစ်ရပ်အဖွဲ့များ ဂိတ်ကြေးယူပြီး လိုင်စင်မဲ့ကား ဖြတ်သန်းခွင့်ပြုနေ
ဩဂုတ် ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း စစ်ရေးတင်းမာနေသည့် ဒေသတွင်းလမ်းပိုင်းများတွင် စစ်တပ်က လမ်းများ ဖျက်ဆီးဖြတ်တောက်ထားသော်လည်း ထိုင်း-မြန်မာနယ်စပ်မှ တရားမဝင်လိုင်စင်မဲ့ကားများ မြန်မာပြည် တွင်းသို့ ပို့ဆောင်ရာတွင် စစ်တပ်နှင့် အပစ်ရပ်လက်နက်ကိုင်ဂိတ်များအား ဂိတ်ကြေးပေးဆောင်ပြီး သွားလာခွင့်ရနေကြောင်း ကော့ကရိတ် ဒေသခံများက ပြောသည်။
ကရင်ပြည်နယ် ကော့ကရိတ်...
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဖရူဆိုနှင့် ဒီမော့ဆို လမ်းများပိတ်ထား
ဩဂုတ်လ ၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုနှင့်ဒီမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များ အင်အားသုံး စစ်ကြောင်းထိုး၍ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသဖြင့် ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်က လမ်းများပိတ်ထားကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များမှ လူထုလုံခြုံရေးအတွက် သွားလာမှုများကို တားမြစ်ထားပြီး ထိုသို့လမ်းများပိတ်ထားခြင်းဖြစ်သည်ဟု ဖရူဆိုမြို့ခံအမျိုးသမီးတစ်ဦးက...
ရွှေကုက္ကိုလ်တွင် အွန်လိုင်းလူလိမ်လုပ်ငန်းတချို့ ရပ်နားပြီးနောက် အခန်းငှားနေသူများမရှိသလောက်နည်းပါးလာ
သြဂုတ်လ ၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသတွင် ဇွန်လ ၂၀ ရက်နေ့မှစ၍ အွန်လိုင်းလူလိမ်ခေါ်သည့် လုပ်ငန်းတစ်ချို့ ရပ်နားထားရပြီးသည့်နောက် ၎င်းဒေသတွင် အိမ်ခန်းငှားနေထိုင်သူများ နည်းပါးသွားကြောင်း ရွှေကုက္ကိုလ်ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်ခြင်းအပြင် WIFI အင်တာနက်လိုင်းပါ ဖြတ်...














