Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

မြ၀တီတွင် ထိုင်းဘက် အလုပ်သမား ပို့သည့်ပွဲစား လိမ်လည်မှုကြောင့် လူ ၈၀၀ ခန့် စားသောက်စရာ နေရာထိုင်ခင်း...

ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ မြ၀တီမြို့တွင် မြန်မာပြည်အရပ်ရပ်မှ ထိုင်းနိုင်ငံဘက်ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ရန် ရောက်ရှိလာသူ လူ ၈၀၀ ခန့်သည် အလုပ်သမား ပို့ဆောင်သည့် ပွဲစား၏ လိမ်လည်မှုကြောင့် လက်ရှိအချိန်တွင် စားသောက်စရာနှင့် နေရာထိုင်ခင်း အခက်အခဲ ကြုံတွေ့နေရသည်ဟု သိရသည်။ အဆိုပါ အလုပ်သားများအား ထိုင်းနိုင်ငံဘက်...

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ (၄) ဦး ကြိုးပေးခံရမှုနောက် တော်လှန်ရေးအရှိန်မြှင့်တင်သွားမည်ဟု NUG ပြော

ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီတပ်က ဇူလိုင်လ ၂၅ ရက်နေ့တွင် အင်းစိန်ထောင်၌ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှား သူများဖြစ် သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်ခဲ့ကြောင်း ကြေညာပြီးနောက် ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)...

ဗိုလ်စလုံးဦးဆောင်သည့် PDF ဆင်ဖြူစစ်ကြောင်းမှ ကော်သူးလေ တပ်မတော်နှင့် ပူးပေါင်းကြောင်း ထုတ်ပြန်ကြေညာ

ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ဗိုလ်စလုံး ဦးစီးသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဆင်ဖြူစစ်ကြောင်းအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြမှ အသစ်ဖွဲ့စည်းလိုက်သော ကော်သူးလေ တပ်မတော်နှင့် မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ကြောင်း ယမန်နေ့ ရက်စွဲဖြင့် ဗိုလ်စလုံးကိုယ်တိုင် လက်မှတ်ရေးထိုး ကြေညာလိုက်သည်။ ဗိုလ်စလုံးသည်...

မြိုင်ကြီးငူနှင့် KNU တပ်မဟာ ၅ ဘက် စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့များ အင်အားတိုးချဲ့လာ၍ ပေါ်တာဆွဲမှာကို ဒေသခံများစိုးရိမ်

ဇူလိုင်လ ၂၅ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းတပ်ဖွဲ့များသည် ရိက္ခာပို့ဆောင်ရန်နှင့် တပ်အင် အားဖြည့်တင်းမှုများ ပြုလုပ်ရန် မြိုင်ကြီးငူဘက်သို့ စစ်ကြောင်းဝင်ရောက်လာသည့်အပေါ် ဒေသခံရွာသား များအနေဖြင့် ပေါ်တာဆွဲခံရမှာကို စိုးရိမ်နေကြကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ ယနေ့ဇူလိုင်လ (၂၅)ရက်၊ နံနက် ၇ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်များနှင့် BGF ပူးပေါင်းတပ်ဖွဲ့များပါဝင်...

မြဝတီ-ဝေါလေ (၃) ထပ်ကွေ့လမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်များ အကျအဆုံးထိခိုက်ဒဏ်ရာရရှိမှုများကြောင့် တပ်နောက်ပြန်ဆုတ်နေရ

ဇူလိုင်လ ၂၅ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ မြ၀တီ -ဝေါလေလမ်းပိုင်းအား နယ်မြေစိုးမိုးနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ၃ ထပ်ကွေ့နေရာအား မကျော်လွန်နိုင်သည့်အခြေအနေရှိနေဆဲဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့ဝင်အကျအဆုံးထိခိုက်ဒဏ်ရ ရရှိမှုများကြောင့် တပ်နောက်ပြန်ဆုတ်ခွာနေရကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။ KNLA ပူးပေါင်းစစ်ကြောင်းတာဝန်ရှိသူ တစ်ဦးက "စစ်ကူစစ်ကြောင်းတွေက...

တောင်ပျောက်တိုက်နယ် စစ်ရှောင်များ စားနပ်ရိက္ခာအခက်အခဲအပြင် ရာသီဥတုဒဏ်ပါ ခံစားနေရ

ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၂ခုနှစ်။ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ စစ်ဘေးရှောင် ၆၀၀၀ ကျော်သည် စားနပ်ရိက္ခာအခက်အခဲအပြင် မိုးရာသီကာလအတွင်း ဆိုးရွားသည့် ရာသီဥတုဒဏ်များကိုပါခံစားနေကြရသည်ဟု ၎င်းတို့ကို ကူညီပေးနေသူများထံမှ သိရသည်။ တောင်ပျောက်တိုက်နယ်အတွင်းရှိ ၎င်းကျေးရွာ ၁၀ ရွာမှ စစ်ဘေးရှောင် ပြည်သူများသည်...

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်တောင်ပိုင်းရှိ ရွာသားများ ထပ်မံတိမ်းရှောင်နေရ

ဇူလိုင် ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နေ့စဉ်လိုလို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာအချို့မှ ဒေသခံ ရွာသူရွာသားများမှာ ဘေးလွတ်ရာသို့ ထပ်မံ တိမ်းရှောင်နေရပြန်သည်ဟု သိရသည်။ ဇူလိုင်လ ၁၃ ရက်မှ ဇူလိုင်လ ၂၄ရက်နေ့အထိ စစ်ကောင်စီတပ်၏ နေ့စဉ်လက်နက်ကြီး...
Donate