Hay Htoo
နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် KNU တွေ့ဆုံဆွေးနွေး
ဧပြီလ ၈ရက်၊ ၂၀၁၂။ နန်းဖော့ဂေ (ကေအိုင်စီ)
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU သည် ယမန်နေ့ မွန်းလွဲ ၂နာရီခွဲ က နိုင်ငံရေးပါတီ ၂၄ပါတီမှ ခေါင်းဆောင်များနှင့် စီဒိုးနားဟိုတယ် (Sedona Hotel) တွင် တွေ့ဆုံခဲ့သည်။
၎င်းတွေ့ဆုံမှုတွင် KNU...
တောင်ယာသွားချိန် လက်နက်ကြီးအပစ်ခံရ
ဧပြီလ ၈ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ လူသောမြို့နယ်တွင် အစိုးရတပ်မှ ရွာသားများကို ဧပြီလ ၆ရက်နေ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ဖြစ်ခဲ့သည်။
ထိုပစ်ခတ်မှုမှာ လူသောမြို့နယ်၊ နယ်ကြိုးရွာ ဖွဂေါ်စခန်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွာသားများ ထိခိုက်မှုရှိမရှိကိုမူ ကေအိုင်စီမှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
၎င်းအပြင်...
ကေအဲန်ယူကိုယ်စားလှယ် အချို့နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နေပြည်တော်တွင်တွေ့ဆုံ
ဧပြီလ ၇ရက်။ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်သည့် ငြိမ်းချမ်း ရေးကိုယ်စားလှယ်အဖွဲ့ဝင်အချို့သည် ယနေ့ နေ့လည် ၁၁နာရီမှ ၁၁နာရီခွဲအချိန်တွင် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကေအဲန်ယူဘက်မှ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး...
KNU နှင့် မြန်မာအစိုးရ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင် ကရင်လူထုအရေး ဦးစားပေးခဲ့
ဧပြီလ ၇ရက်၊ ၂၀၁၂။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(KNU)သည် ကရင်ပြည်သူများ၏ ဘဝရပ်တည်နိုင်ရေး အာမခံနိုင်ရန်အတွက် မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧပြီလ ၆ရက်နေ့ကရန်ကုန်မြို့တွင် ပြည်ထောင်စု အဆင့် တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့သည်။
ထိုနေ့ မနက် ၉နာရီမှ ညနေ ၅နာရီကျော်အထိ စီဒိုးနား(Sedona) ဟိုတယ်ရှိ...
ပြည်ထောင်စုအဆင့်ကေအဲန်ယူနှင့်မြန် မာအစိုးရတို့ တွေ့ဆုံဆွေးနွေးရေး ပြီးစီး
ဧပြီလ ၆ရက်။ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ပြည်တွင်းငြိမ်းချမ်းရေး ဆက်လက်ဖော်ဆောင်ဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှ အထွေထွေအတွင်းရေးမှူးချုပ်နော်စီဖိုးရာစိန် ဦးဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များအား ယနေ့ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် တွေ့ဆုံဆွေး နွေးပြီး ဆွေးနွေးချက်များအပေါ် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
ယနေ့ဆွေးနွေးပွဲတွင် ကေအဲန်ယူဘက်မှ...
ALP နှင့် အစိုးရတို့ ပြည်နယ်အဆင့် ပဏာမအပစ်ရပ်စဲလိုက်ပြီ
ဧပြီလ ၆ ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် အစိုးရတို့ ယခုနှစ် ဧပြီလ ၆ ရက်နေ့မှ စတင်ပြီး နှစ်ဦးနှစ်ဘက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် ပြည်နယ်အဆင့် ပဏာမ သဘောတူညီမှုကို ယမန်နေ့က လက်မှတ်ရေးထိုး...
ဘုရားသုံးဆူမြို့တွင် ပြည်ခိုင်ဖြိုးပါတီ ပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်
ဧပြီလ ၆ရက်၊ ၂၀၁၂ခုနှစ်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDPက ယခုလ ၄ရက်နေ့တွင် ဘုရားသုံးဆူမြို့၌ ပါတီဆိုုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။
ဘုရားသုံးဆူမြို့ရှိ ပြည်ခိုင်ဖြိုးပါတီဝင်အခြေခံ အဖွဲ့ခေါင်းဆောင်တစ်ဦးက “အခမ်းအနားကို မနက် ၉နာရီမှာ စတယ်။ ၉း၄၅မှာ...
ကေအဲန်ယူနှင့်မြန်မာ အစိုးရ ပြည်ထောင်စု အဆင့် ဆွေးနွးချက်များ
ဧပြီလ၆ရက်။၂၀၁၂ခုနှစ်။ ကေအိုင်စီအယ်ဒီတာချုပ် နော်ဖောဂေက တိုက်ရိုက် သတင်းပေးပို့ထားသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ နှင့် မြန်မာအစိုးရကိုယ်စား လှယ်များသည် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မနက် ၉နာရီခန့်အချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထိုတွေ့ဆုံပွဲတွင် အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ဝန်ကြီးများဖြစ်ကြသည့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊...
ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ကရင်လူထု ၁၀၀၀ကျော် ကြိုဆိုနှုတ်ဆက်
ဧပြီလ ၅ရက်။ ၂၀၁၂ခုနှစ်။ နန်းဖောဂေ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကရင်လူမှုအဖွဲ့အစည်းများနှင့် ယနေ့ ဧပြီလ ၅ရက်နေ့ မနက် ၈နာရီတွင် တွေ့ဆုံခဲ့ရာ လူထု ၁၀၀၀ကျော် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ဘားအံမြို့ သုမေဓာရာမ ကြားတာရဘုန်းတော်ကြီးကျောင်း၌...
ထိုင်းကားများ နယ်စပ်မှ တဆင့်မြန်မာဘက်တရားဝင် တင်သွင်း
ဧပြီ (၅)၊ ရွှေသိုက်တော (ကေအိုင်စီ)
တရားမဝင်ဂျပန်နိုင်ငံထုတ်ကားများနေ့စဉ်တင်သွင်းနေသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြဝတီလမ်း ကြောမှတဆင့် ထိုင်းနိုင်ငံထုတ် ၁၂ ဘီးတပ် VOLVO အမျိုးအစားမြေသယ်ယာဉ်အစီး ၂ဝ ကို မြန်မာအစိုးရ က မြန်မာဘက်သို့တရားဝင်တင်သွင်းခွင့်ပြုလိုက်သည်။
မြန်မာနိုင်ငံမုံရွာကြေးနီသတ္တုတူးဖော်ရေးစီမံကိန်းတွင်အသုံးပြုရန်အတွက် Central Marketing Co.Ltd မှတင်သွင်းသည့် ဆွီဒင်နည်းပညာဖြင့်ထိုင်းနိုင်ငံတွင်ပြုလုပ်သည့်ကားများကို ၁ဝ...





