Hay Htoo
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဘက် ပဋိပက္ခများ အား ဥပဒေ စိုးမိုးရေး အခြေခံမှ သုံးသပ်ခြင်း အပိုင်း (၁)...
ဦးအောင်ထူး( ဆောင်းပါး)
ဒီမိုကရေစီကို အသွင်ကူးပြောင်းနေ သည်ဟု ကြွေးကြော်ဖော်ဆောင်နေသော ဦးသိန်းစိန်အစိုးရ လက်ထက်တွင် တိုင်းရင်း သားပြည်နယ်များ၌ စစ်မှန်သည့် ပြည် တွင်းငြိမ်းချမ်းရေးရရန် အလားအလာ မတွေ့ရသေး။ လက်နက်ကိုင်တိုက်ပွဲ မဖြစ်ပွားသည့် မြေပြန့်ဒေသများမှာပင် အကြမ်းဘက် ပဋိပက္ခများတိုး များလာ၊ ...
ဘိလပ်မြေစက်ရုံတည်ဆောက် မည်ကို မိကရင်ရှိသံဃာနှင့် လူထု(၁၄၀၀)ကျော်ကန့်ကွက်
မေလ ၁၈ရက၊် ၂၀၁၃ခုနှစ်၊ ကေအိုင်စီ။
ကရင်ပြည်နယ်၊ ဖားအံမြို့ မိကရင်ကျေးရွာ အနီးတွင် (SHREE CEMET COMPANY) မှ ဘိလပ်မြေစက်ရုံတည်ဆောက်မည်ကို ကန့်ကွက်သည့်အနေဖြင့် မိကရင်ကျေးရွာအုပ်စု အတွင်းရှိ သံဃာနှင့်လူထု(၁၄၀၀)ကျော် လက်မှတ်ထိုး၍ မြန်မာအစိုးရထံသို့ ကန့်ကွက်စာ တင်လိုက်ပြီဖြစ်သည်။
ယင်းကန့်ကွက်စာကို ဖားအံမြို့အခြေစိုက် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP)သို့ အကူ...
ဟတ်ကြီးအနီးတွင် EGAT ကုမ္ပဏီ တိုင်လာရောက် စိုက်ထူ
မေလ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ထီးသဒေါ့ထာ့ကျေးနယ် သံလွင်မြစ်အတွင်းရှိ ဟတ်ကြီးအနီး တောင်ကြားတွင် ဆည်တည် ဆောက်ရန် ထိုင်းနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (Eletricity Generating Authority of Thailand-EGAT) ကုမ္ပဏီမှ လာရောက်၍ တိုင်စိုက်ထူထားသည်ဟု ဒေသခံ...
ဖက်ဒရယ်ဂျာနယ် ပထမ ဦးဆုံးအကြိမ် စတင် ထုတ်ဝေတော့မည်
မေလ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း (ကေအိုင်စီ)
ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း(NBF) က ဦးဆောင်၍ ပထမဦးဆုံး ထုတ်ဝေမည့် ဖက်ဒရယ်ဂျာနယ် မိတ်ဆက်ပွဲ အခမ်း အနားကို ယနေ့ မေလ ၁၄ရက်နေ့မနက် တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ စားသောက် ဆိုင်၌ ပြုလုပ်သွားခဲ့ကြောင်း သိရ သည်။
ယင်းဂျာနယ်ကို...
ထိုင်း-မြန်မာနယ်စပ်ဂိတ်အဖြစ် ထီးခီးဂိတ်ကို ထပ်မံဖွင့်လှစ်
မေလ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ထိုင်း-မြန်မာ စီးပွားရေးပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ပြီး တနသင်္ာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲအနီး၌ ထီးခီးအမည်ရှိ တရားဝင် နယ်စပ်ကုန်သွယ်ရေးဇုံဂိတ်တစ်ခုကို မေလ ၁၁ရက်နေ့တွင် မြန်မာအစိုးရမှ ထပ်မံပြီး တရားဝင် ဖွင့် လှစ်လိုက်ကြောင်း သတင်းရရှိသည်။
၎င်းဂိတ်ဖွင့်ပွဲအခမ်းအနားကို တနသင်္ာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊...
၁၂ကြိမ်မြောက် KNPP ညီလာခံတွင် ကော်မတီ ဝင်ဦးရေ တိုးမြှင့်ဖွဲ့စည်း
မေလ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ ၁၂ကြိမ်မြောက် ညီလာခံတွင် ကော်မတီ ဝင်ဦးရေ ၃၀ကျော်အထိ တိုးမြှင့်ဖွဲ့စည်း လိုက်ကြောင်း သိရသည်။
ကယား(ကရင်နီ)ပြည်နယ်၊ ကရင်နီပြည်တပ်မတော်ဌာနချုပ် ညာမိုစခန်းရှိ ဂေ့ဖိုးဒူးခန်းမ၌ မေလ ၆ရက်မှ ၁ဝရက်နေ့အထိ ပြုလုပ်သည့် အဆိုပါ ညီလာခံတွင် အမြဲတမ်း ဗဟိုကော်မတီ...
ဘုရင့်ညီနောင်ဂူ ဘုရားဖူးများ နေ့စဉ် လာရောက်လည်ပတ်
မေလ ၉ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ကမ်းရှိ ဘုရင့်ညီနောင် ရတနာလိုဏ်ဂူဘုရားသို့ နေ့စဉ် ဘုရားဖူးများ အဆက်မပြတ် လာရောက်လျှက်ရှိကြောင်း လိုဏ်ဂူဘုရား၏ ရန်ပုံငွေနှင့် အလှူခံဌာနမှ တာဝန်ခံ ဆရာတော်တစ်ပါးက ကေအိုင်စီသို့ မြွက်ကြားပြောဆိုသည်။
လှိုဏ်ဂူတွင် ၁၃နှစ်ကြာ သီတင်းသုံးခဲ့သူ ၎င်းဆရာတော် ဦးပိဏ္ဍောလက “ဘုရားဖူး...
ထိုင်း-မြန်မာဆက်ဆံရေး တိုးမြှင့်ရန် နယ်စပ်မောတောင်ဂိတ်အား ဖွင့်လှစ်
မေလ ၉ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
တနသင်္ာရီတိုင်း၊ မြိတ်ခရိုင်ရှိ မောတောင်ကျေးရွာတွင် ဆယ်နှစ်ကြာ ပိတ်ထားခဲ့သည့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်ကို နှစ်နိုင်ငံ တာဝန်ရှိသူများက ချစ်ကြည်ရေးအနေဖြင့် မေလ ၈ရက်နေ့မနက်တွင် စတင် ဖွင့်လှစ်ခဲ့သည်။
မြန်မာဘက်မှ နယ်စပ်ကုန်သွယ်ရေးဝန်ကြီးနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးတို့ ဦးစီးသော အဖွဲ့နှင့် တနသင်္ာရီတိုင်းမှ...
အပစ်ရပ်ကာလတွင် RCSS/ SSA တပ်စခန်းတစ်ခုကို ထိုးစစ်ဆင်သိမ်းပိုက်
မေလ ၉ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
အပစ်ရပ်ကာလအတွင်း သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၏ တပ်စခန်းတစ်ခုကို ယနေ့ မနက်က အစိုးရတပ်မှ ထိုးစစ်ဆင် တိုက်ခိုက် သည့်အတွက် နှစ်ဖက်တပ်အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားကာ RCSS/SSA တပ်မှ ဆုတ်ခွါပေးခဲ့ရသည်ဟု...
အသက်မပြည့်ဘဲ စစ်သား အဖြစ် ခေါ်မိသူကို KNU ပြန်လွှတ်ပေး
မေလ ၉ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
အသက်မပြည့်သေးသည့် ယောက်ျားလေး တစ်ဦးကို စစ်ထဲသို့ဝင်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ လေးဖိုးထာ့ကျေးရွာအုပ်စုမှူး၏ လူများက မှားခေါ်မိသူကို မေလ ၂ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီဟု KNU တပ်မဟာ(၅) တာဝန်ခံများက ပြောဆိုသည်။
လေးဖိုးထာ့ကျေးရွာအုပ်စုမှူး စောပလော့ဆိုသူက ပိုဂါရွာရှိ အမျိုးသားရေးလုပ်ရန် အမည်စာရင်း...





