Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

ကမ္ဘာ့ဒုက္ခသည်များ‌နေ့တွင် ဒုက္ခသည်များ၏ ရင်ဖွင့်သံ

‌နော်‌ဒေးဝါထူး ၂၂နှစ် (မယ်ရာမိုစခန်း ဒုက္ခသည်) ကျမတို့ဒုက္ခသည်စခန်းမှာ‌နေတာ စားဖို့‌သောက်ဖို့အတွက် အပြင်ထွက်သွားလာတဲ့ အခွင့်အ‌ရေးမရဘူး။ အခုအချိန်မှာ အခက် အခဲ‌တွေများ‌တော့ အပြင်မှာသွားပြီး အလုပ်လုပ်ဖို့ ဘာမှမလုပ်တတ်ဘူး။ ဒုက္ခသည်‌တွေကို ပြန်ပို့မယ်ကြား‌တော့ ဒီအ‌ပေါ်မှာ တကယ်ပဲ သူတို့ပြန်ခဲ့ရင် အခုအ‌ခြေအ‌နေက မ‌သေချာ မ‌ရေရာ‌သေးဘူး။ အစိုးရနဲ့ ‌ကေအဲန်ယူ ပဏာမအပစ်ခတ်ရပ်စဲ‌ရေး လုပ်‌နေပြီးဆို‌ပေမဲ့...

အစိုးရနှင့် ‌ကေအဲန်ယူတို့ ဇူလိုင်လအတွင်း အလွတ်သ‌ဘော ထပ်မံ‌တွေ့ဆုံရန်ရှိ

ဇွန်လ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ) ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့ဝင်များ လာမည့် ဇူလိုင်လအတွင်း နှစ်ဖက်တပ်များ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ (Code of Conduct)နှင့် ပတ်သက်၍ အလွတ်သ‌ဘော ထပ်မံ ‌တွေ့ဆုံရန်ရှိ‌ကြောင်း သိရသည်။ ဇွန်လ ၁၅ရက်‌နေ့မှ ၁၆ရက်‌နေ့အထိ ရန်ကုန်မြို့ရှိ...

မူလတန်း‌အောက်အဆင့် စ‌ကောကရင်ဖတ်စာအုပ် ‌ရေးသားပြုစုပြီးစီး

ဇွန်လ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ) အစိုးရအ‌ခြေခံ ပညာ‌ရေး‌ကျောင်းများတွင် သင်ကြားရန်အတွက် မူလတန်း‌အောက်အဆင့် စ‌ကောကရင်ဖတ်စာအုပ်ကို ‌ရေးသား ပြုစုပြီးစီးသွားပြီးဖြစ်‌ကြောင်း ယင်းဖတ်စာအုပ်ကို ဦး‌ဆောင်‌ရေးသားခဲ့သူ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ(ရန်ကုန်) ဥက္ကဋ္ဌ ‌စောဟယ်ရီက ‌ကေအိုင်စီသို့ ‌ပြောကြားလိုက်သည်။ အဆိုပါဖတ်စာအုပ်ကို ပညာ‌ရေးဝန်ကြီးဌာနမှ တာဝန်‌ပေးချက်အရ ပြုစု‌ရေးသားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်က...

အစိုးရတပ်မှ ‌တောင်ငူ ဘက်တွင် ဗုံးကြဲ‌လေ့ကျင့်‌နေ

ဇွန်လ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ) မြန်မာအစိုးရတပ်မှ စစ်‌လေယာဉ်များသည် ပဲခူးတိုင်း ‌တောင်ငူခရိုင်ရှိ ထန်းတပင် မြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း စစ်‌ရေးအရ ဗုံးကြဲ‌လေ့ကျင့်မှုများ ပြုလုပ်လျှက်ရှိ‌ကြောင်း ထို‌ဒေသမှ လာသည့် သတင်းများအရ သိရသည်။ “ဒီရက်ပိုင်း‌တွေ စစ်‌လေယာဉ်‌တွေ ဗုံးကြဲ‌လေ့ကျင့်‌နေတယ်။ အခုက ကြုံကြိုက်ပြီး ခပ်လှမ်းလှမ်းက‌နေ ကြည့်တာကို။ ကျ‌နော်က အဲဒီ‌လေယာဉ်ပျံသန်း‌နေတာကိုလည်း...

ကွတ်ခိုင်မြို့နယ်တွင် TNLA နှင့် အစိုးရစစ်တပ် တိုက်ပွဲဖြစ်

ဇွန်လ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) သျှမ်းပြည်နယ်‌မြောက်ပိုင်း၊ ကွတ်ခိုင် မြို့နယ် ‌ငေါ့ငါး‌ကျေးရွာအထက်တွင် တအာင်း(ပ‌လောင်) အမျိုးသား လွတ်‌မြောက် ‌ရေးတပ်မ‌တော်(TNLA)တပ်ရင်း (၁၁၂) နှင့် မြန်မာအစိုးရ လားရှိုးအ‌ခြေစိုက် အ‌ရှေ့‌မြောက်တိုင်း စစ်ဌာနချုပ်-ရမခ လက်‌အောက်ခံတပ်ရင်း (ခလရ-၁၄၅) တို့အကြား တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။ ယင်း‌ဒေသရှိ...

ဘုရားသုံးဆူရဲမှခိုးမှုကျူးလွန် သူနိုင်ငံခြားသားတစ်ဦးကို ခံဝန်လက်မှတ်ထိုး‌စေပြီး ‌နေ ရပ်ပြန်ပို့

ဇွန်လ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ) ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် ဘုရားသုံးဆူမြို့ အထက်တန်း‌ကျောင်းသုံး ထိုင်ခုံများကို ခိုးယူ‌ရောင်းချခဲ့သူ ထိုင်းနိုင်ငံ သားတစ်ဦးကို ဘုရားသုံးဆူမြို့ရှိ တာဝန်ရှိသူ ရဲများက ခံဝန်ကတိဖြင့် ‌ကျောင်းတွင်သာ လက်မှတ်‌ရေးထိုး ‌စေပြီး ‌နေရပ်သို့ ဇွန်လ ၁၅ ရက်‌နေ့က...

ဘန်‌ကောက်သို့ အလုပ်သွား လုပ်မည့် ကယန်းလူမျိုး ၄၀‌ကျော် မြဝတီတွင် တစ်လ‌ကျော် ‌သောင်တင်‌နေ

ဇွန်လ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ပွဲစား၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့သို့ အလုပ်သွားလုပ်မည့် ကယား(ကရင်နီ)ပြည်နယ် လွိုင်‌ကော်မြို့နယ်၊ လွိုင်လင်‌လေးရွာမှ ကယန်းလူမျိုး ၄၂ဦးသည် ကရင်ပြည်နယ်၊ မြဝတီမြို့အပြင်ဘက် အ‌ဆောက်အဦးတစ်ခုတွင် တစ်လ‌ကျော် ‌သောင်တင်‌နေသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။ ၎င်းကယန်းလူမျိုးများထဲတွင် အမျိုးသမီး ၉ဦးပါဝင်ပြီး ‌မေလ...

မူလ‌မြေယာ ပြန်ရရှိ‌ရေး ဖားကပ်ရွာသားများက သမ္မတထံ ထပ်မံစာတင်

ဇွန်လ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဖားကပ် ရွာသားများသည် အစိုးရဌာန ဆိုင်ရာ များ၏ သိမ်းယူထားသည့် ၎င်းတို့ မူလ‌မြေယာ များအား ပြန်လည်ရယူနိုင်ရန် ‌နေပြည်‌တော် အထူးစုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့မှ လာ‌ရောက် ကွင်းဆင်း စစ်‌ဆေး‌ပေးရန် သမ္မတ ဦးသိန်းစိန်ထံသို့ ဇွန်လ ၁၁ရက်‌နေ့က...

‌ကေအဲန်ယူနှင့် အစိုးရ ငြိမ်း ချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအ ဖွဲ့တို့အလွတ်သ‌ဘော‌ဆွေး‌နွေး

ဇွန်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ) ပြည်တွင်းငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရာတွင်နှစ်ဖက် လိုက်နာရမည့်ကျင့်ဝတ် (Code of Conduct) နှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး-‌ကေအဲန်ယူနှင့်မြန်မာအစိုးရတို့ ဇွန်လ ၁၅ရက်‌နေ့ ည‌နေ ၆နာရီက ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်း‌ရေးစင်တာ၌ အလွတ်သ‌ဘော ‌ဆွေး‌နွေးခဲ့ကြသည်။ ၎င်း‌ဆွေး‌နွေးပွဲတွင် အစိုးရဖက်က ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး‌ကော်မတီ...

တပ်သိမ်းလယ်‌မြေများ၌ ကရင်အလံစိုက်မည်ဟု တွံ‌တေး KPP ‌ပြောဆို

ဇွန်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ) ရန်ကုန်တိုင်း‌ဒေသကြီးရှိ တွံ‌တေးမြို့နယ်မှ ‌ကျေးရွာအုပ်စုနှစ်စု ‌ပေါင်း၍ အစိုးရစစ်တပ်မှ သိမ်းဆည်းထားခဲ့‌သော လယ်‌မြေများ ကို ပြန်လည်ရယူပြီး လာမည့် ဇွန်လ ၂ဝရက်‌နေ့တွင် ကရင့်အမျိုးသားအလံ‌တော်အား စိုက်ထူသွားကြမည်ဟု ‌ဒေသခံ လယ်သ မားများအ‌ရေး ကူညီ‌ဆောင်ရွက်‌ပေး‌နေ‌သော ကရင်ပြည်သူ့ပါတီ (KPP)...
Donate