Home သတင်း ကွတ်ခိုင်မြို့နယ်တွင် TNLA နှင့် အစိုးရစစ်တပ် တိုက်ပွဲဖြစ်

ကွတ်ခိုင်မြို့နယ်တွင် TNLA နှင့် အစိုးရစစ်တပ် တိုက်ပွဲဖြစ်

2088
ဇွန်လ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

TNLAသျှမ်းပြည်နယ်‌မြောက်ပိုင်း၊ ကွတ်ခိုင် မြို့နယ် ‌ငေါ့ငါး‌ကျေးရွာအထက်တွင် တအာင်း(ပ‌လောင်) အမျိုးသား လွတ်‌မြောက် ‌ရေးတပ်မ‌တော်(TNLA)တပ်ရင်း (၁၁၂) နှင့် မြန်မာအစိုးရ လားရှိုးအ‌ခြေစိုက် အ‌ရှေ့‌မြောက်တိုင်း စစ်ဌာနချုပ်-ရမခ လက်‌အောက်ခံတပ်ရင်း (ခလရ-၁၄၅) တို့အကြား တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

ယင်း‌ဒေသရှိ TNLA အ‌ခြေစိုက်ရာ ‌ပြောက်ကျားတပ်စခန်းကို ယ‌နေ့ ‌နေ့လည် ၁၁နာရီခွဲအချိန်တွင် အစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး‌နောက် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။

TNLA ‌ပြောခွင့်ရ မိုင်းဘုန်း‌ကျော်က “အစိုးရစစ်တပ်က ကျ‌နော်တို့ ‌ပြောက်ကျားတပ်ရှိတဲ့‌နေရာကို တိုက်ရိုက် မဝင်ရဲဘဲ လက် နက်ကြီးနဲ့ လှမ်းပစ်တယ်။ လှမ်းပစ်ပြီး တက်လာ‌တော့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တာက‌တော့ ၂နှစ်နာရီ‌လောက်ကြာတယ်။ သူတို့(အစိုးရတပ်)က ‌ရှေ့ဆက် မတိုးလာနိုင်တဲ့အခါကျ‌တော့ ပြန်ဆုတ်သွားတယ်။ တိုက်ပွဲမှာ ထိခိုက်မှုနဲ့ပတ်သက်ပြီး ဘာမှ အတည်မပြုနိုင်‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ တအာင်းစစ်တပ်များလှုပ်ရှားရာ ‌ဒေသများတွင် မြန်မာအစိုးရတပ်များ ပိုပြီး အင်အားဖြည့်လာသလို ယခု ဇွန်လအတွင်း ၎င်းတို့နှစ်ဘက်အကြား တိုက်ပွဲကြီးငယ်‌ပေါင်း ၁ဝကြိမ်‌ကျော် ဖြစ်ပွားခဲ့သည်ဟုလည်း မိုင်းဘုန်း‌ကျော်က ဆက်‌ပြောသည်။

ယ‌နေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် အစိုးရစစ်တပ် (ခလရ-၁၄၅)တပ်ရင်းမှ ဗိုလ်မှူး‌စောယုနိုင် ဦး‌ဆောင်သည့် တပ်ဖွဲ့နှင့် ဒုဗိုလ်မှူး ကြီးတာဝိန်းမာန် ဦး‌ဆောင်သည့် TNLA (၁၁၂)တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သျှမ်းပြည်နယ်‌မြောက်ပိုင်း (TNLA)လှုပ်ရှားရာ‌ဒေသများတွင် မြန်မာအစိုးရစစ်တပ် လားရှိုးအ‌ခြေစိုက်အ‌ရှေ့‌မြောက်တိုင်း စစ်ဌာ နချုပ်-ရမခ၏ စစ်ကွပ်ကဲ‌ရေးဌာချုပ်(စကခ-၁)နှင့် (စကခ-၁၆) လက်‌အောက်ခံ တပ်ရင်း‌ပေါင်း ၂ဝ ဝန်းကျင်ရှိ‌ကြောင်း မိုင်းဘုန်း ‌ကျော်က ‌ပြောသည်။

TNLA သည် ၁၉၉၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့က ကရင်အမျိုးသားအစည်းအရုံး-KNU ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် ဖွဲ့ စည်းခဲ့သည့် ပ‌လောင်ပြည်နယ် လွတ်‌မြောက်‌ရေးတပ်ဦး(PSLF)၏ လက်‌အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။