Hay Htoo
ကေအဲန်ယူနှင့် ဘီဂျီအက်ဖ် တိုက်ပွဲကိစ္စ နှစ်ဖက်တုံ့ပြန်မှု ကွဲပြား
ဩဂုတ်လ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ထီးသဒေါင့်ထာ့ကျေးရွာအုပ်စုရှိ ဝဲကြီးနေရာ၌ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) လက် အောက်ခံတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်)တို့အကြား ယမန်နေ့ နံနက် ၃နာရီကျော်က ဖြစ်ပွားခဲ့ရာ တိုက်ပွဲနှင့်ပတ် သက်၍ နှစ်ဖက်အဖွဲ့များ၏ ထွက်ဆိုမှုမှာ ကွဲပြားလျှက်ရှိသည်။
ယင်းတိုက်ပွဲတွင် ဘီဂျီအက်ဖ်ဘက်က ၎င်းတို့တပ်ဖွဲ့၏...
ဆီးဂိမ်းဖွင့်ပွဲတွင် ခြင်းလုံး သရုပ်ပြဖျော်ဖြေရန် ဖားအံမြို့ရှိ အမွှာညီအစ်ကို ၂ဦး ရွေးချယ်ခံရ
ဩဂုတ်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ စောညွှန့်သောင်း (ကေအိုင်စီ)
နေပြည်တော်၌ ပြုလုပ်မည့် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ့ရိုးရာ ခြင်းလုံးအလှ သရုပ်ပြ ဖျော်ဖြေတင်ဆက်ရန်အတွက် ကရင်ပြည်နယ် ဖားအံမြို့ရှိ အမွှာညီအစ်ကို ကလေးငယ် ၂ဦးကို မြန်မာ နိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်က ရွေးချယ်လိုက်သည်ဟု သိရသည်။
ဖားအံမြို့၊...
အသင်းဝင်ကြေးနှင့် လစဉ်ကြေးကြောင့် ဘုရားသုံးဆူမြို့ရှိ အထည် ချုပ်သမားအချို့ မကျေနပ်
ဩဂုတ်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၌ ထိုင်းဘက်ခြမ်းမှ အထည်များကို မှာယူပြီး နေအိမ်တွင် တပိုင်တနိုင် အထည်ချုပ်၍ အသက်မွေးဝမ်းကျောင်းပြုနေကြသည့် အထည်ချုပ်သမားတချို့သည် မြို့ရှိ အထည်ချုပ်အသင်းထံသို့ အသင်းဝင်ကြေးနှင့် လစဉ်ကြေး ပေးသွင်းနေရခြင်းကို မကျေမနပ်ဖြစ်နေကြသည်ဟု သိရသည်။
ဘုရားသုံးဆူမြို့ရှိ တပိုင်တနိုင် အထည်ချုပ်သူ အိမ်ထောင်စု...
ကရင်ပြည်နယ်ရှိ ရေဘေး ဒဏ်ခံစားရသူများကို ကူညီရန် EART အဖွဲ့ စီစဉ်
ဩဂုတ်လ ၁၅ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကရင်ပြည်နယ်အတွင်းရှိ ရေဘေးဒဏ်ခံစားခဲ့ရသော အချို့နေရာများတွင် အရေးပေါ်အကူအညီများ လိုအပ်နေ သည့်အပေါ် အကူညီများပေးနိုင်ရန် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်လူထု အဖွဲ့အစည်းများဖြင့် ဖွဲ့စည်း ထားသည့် Emergency Assistance and Relief Team (EART)က...
ဒီကေဘီအေနှင့် ရဲတပ်ဖွဲ့ဝင် အကြား တင်းမာမှုဖြစ်ပွား
ဩဂုတ်လ ၁၄ ရက်၊ ၂၀၁၃ခုနှစ်။ တော်ဝင်ပန်း (ကေအိုင်စီ)
ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်မြို့တွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ)မှ ဖွင့်လှစ် ထားသည့် အကြွေစေ့ထည့်၍ ကစားရသော ဂိမ်းပစ္စည်းများကို ကော့ကရိတ် ရဲတပ်ဖွဲ့များက သွားရောက်သိမ်း ဆည်းလိုက်သောကြောင့် ယမန်နေ့က နှစ်ဖက်အကြား တင်းမာမှုများဖြစ်ပွားခဲ့ရသည်ဟု သိရသည်။
ကော့ကရိတ်ရဲတပ်ဖွဲ့ဝင်က ဩဂုတ်လ ၁၁...
ဒုက္ခသည်များကို အတင်း မရွှေ့ပြောင်းသင့်ကြောင်း ကင်တားနားထံ Equality Myanmar တင်ပြ
ဩဂုတ်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း (ကေအိုင်စီ)
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသူများကို အတင်းအကြပ် ဖိအားပေး ရွှေ့ပြောင်းခိုင်းမှု မပြုလုပ်သင့်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာသော မတ်စ်အိုဂျေးကင်တားနားကို တင်ပြဆွေးနွေးခဲ့ကြောင်း Equality Myanmar အဖွဲ့က ပြောသည်။
မြန်မာနိုင်ငံသို့...
အချင်းချင်း ပစ်ခတ်မှုကြောင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် ၃ဦးသေဆုံး
ဩဂုတ်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ စောညွန့်သောင်း (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ သံလွင်မြစ်အနောက်ဘက်ရှိ ဘင်ဂျီရွာတွင် ဩဂုတ် ၁၃ရက်၊ နံနက် (၉)နာရီခွဲအချိန်က KNU/ KNLA Peace Council တပ်ဖွဲ့ဝင်လေးဦးတို့သည် ကားပေါ်မှာ အချင်းချင်းအကြား အငြင်းပွားကြပြီး သေနတ်ဖြင့် ပစ်ခတ်ကြမှု ကြောင့် ၃ဦး...
ရေဘေးသင့်ပြည်သူ ၄ဝခန့်ကို သံဃာတော်များက ဆွမ်းခံ၍ ကျွေးမွေးထားရ
ဩဂုတ်လ ၁၄ရက်နေ့၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
မြဝတီမြို့တွင် ရေဘေးကြောင့် အိုးအိမ်မဲ့သွားသူ လူဦးရေ ၄ဝခန့်မှာ ယခုအချိန်ထိ မည်သည့်အကူအညီမှ မရရှိသဖြင့် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကြခတ္တောဗောဓိကျောင်းတိုက်တွင် ခိုလှုံနေရပြီး သံဃာတော်များမှ ဆွမ်းခံ၍ တာဝန်ယူ ကျွေးမွေးစောင့် ရှောက်ထားရကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
၎င်းကျောင်းတိုက်မှ ဆရာတော်ဦးသာသနက...
သိသာထင်ရှားသည့် လုပ်ငန်းများအစိုးရ မဆောင် ရွက်သေးကြောင်း ကေအဲန် ယူ ပြောဆို
ဩဂုတ်လ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း (ကေအိုင်စီ)
လက်ရှိအစိုးရအနေဖြင့် လူမျိုးစုပြဿနာ ဖြေရှင်းရန်နှင့် ဒီမိုကရေစီနိုင်ငံ အပြည့်အဝထူထောင်ရန် သိသာထင်ရှားသည့် လုပ် ငန်းများမရှိသေးကြောင်း ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီးစောမူတူးစေးဖိုး၏ ၆၃နှစ်မြောက် ကရင် အမျိုးသား အာဇာနည်နေ့သို ့ပေးပို့သည့် ၎င်း၏သဝဏ်လွှာတွင် ပြောဆိုလိုက်သည်။
ထိုသို့...
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇနီး မြေတိုင်းဝန်ထမ်းများ အား မောင်းထုတ်
ဩဂုတ်လ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ်၊ ထူဒူငံသရွာရှိ သိမ်းဆည်းခံလယ်ယာမြေ များကို မြို့နယ်မြေတိုင်းဌာနမှ ဝန်ထမ်း များက ဩဂုတ်လ ၁၁ရက်၊ နေ့လည်ပိုင်းတွင် လာရောက်ကြည့်ရှုကာ စစ်ဆေးတိုင်းထွာခြင်း များ ပြုလုပ်သည်ကို လယ်သိမ်း ထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ဇနီးက လက်မခံ ဘဲ...





