Home သတင်း က‌လေးငယ် ၉ဝဦး‌ကျော် ဘွဲကရင်စာ‌ပေစွမ်းရည်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်

က‌လေးငယ် ၉ဝဦး‌ကျော် ဘွဲကရင်စာ‌ပေစွမ်းရည်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်

3229

‌ဖေ‌ဖော်ဝါရီ ၂၇ရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

ကရင်မျိုးနွယ်စုတစ်ခုဖြစ်သည့် ဘွဲကရင်စာ‌ပေထိန်းသိမ်းမြှင့်တင်‌ပေးရန် ရည်ရွယ်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဘွဲကရင် က‌လေးငယ်များအတွက် စာ‌ပေစွမ်းရည်ပြိုင်ပွဲတစ်ခုကို ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ်၊ သံ‌တောင်ကြီးမြို့ အားက စားခန်းမတွင် ‌ဖေ‌ဖော်ဝါရီလ ၂၇ရက် ယ‌နေ့ ပြုလုပ်ခဲ့သည်။

သံ‌တောင်ကြီးမြို့နယ် အ‌ခြေခံပညာ‌ကျောင်းများတွင် ဘွဲကရင်စာ‌ပေ သင်ယူ‌နေသည့် က‌လေးငယ်များအတွက် ပြုလုပ်သည့် အဆိုပါစာ‌ပေစွမ်းရည်ပြိုင်ပွဲကို သံ‌တောင်မြို့နယ် ဘွဲကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီမှ ဦးစီးပြီး ဒုတိယအကြိမ်‌မြောက် ကျင်းပပြုလုပ်‌ပေးခြင်းလည်းဖြစ်သည်။

ဘွဲကရင်စာ‌ပေ‌ကော်မတီ အတွင်း‌ရေးမှူး ‌နော်စိန်ပန်းက “အဓိကက‌တော့ ဘွဲကရင်စာ‌ပေ အဖတ်၊ အ‌ရေး၊ အရွတ် အဲဒီစွမ်း ရည်‌တွေ ‌ဖော်ထုတ်ဖို့ပါ။ ပြန်စစ်ကြည့်လိုက်‌တော့ ကိုယ့်စကား‌တွေကလည်း ကွယ်‌ပျောက်‌နေတာ ‌တော်‌တော်များ‌နေပြီ။ ကျမတို့ ဘွဲကရင်စာ‌ပေက ရှိတယ်။ အ‌လေးမထားမိတာ‌လေး‌တွေရှိ‌တော့ အခုအစိုးရလက်ထက်‌တွေမှာ စာ‌ပေဖွံ့ဖြိုးဖို့ ခွင့်‌ပေးထား‌တော့ အဲဒါကိုပြန်လည် ထိန်းသိမ်းမြှင့်တင်တာလည်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် ဘွဲကရင်တိုင်းရင်းသားစာ‌ပေစွမ်းရည်ပြိုင်ပွဲတွင် သံ‌တောင်ကြီးမြို့နယ်အတွင်းရှိ အ‌ခြေခံပညာ မူလတန်းအ ဆင့် တက်‌ရောက်‌နေသည့် ဘွဲကရင်က‌လေးငယ် ၉၆ဦးကို ပြိုင်ပွဲအမျိုးအစား ၃မျိုးခွဲကာ ယှဉ်ပြိုင်‌စေခြင်းဖြစ်သည်ဟု သိရ သည်။

ထိုသို့ယှဉ်ပြိုင်‌စေရာတွင် ပထမအဆင့် ဘွဲရိုးရာကဗျာများ ရွတ်ဆိုယှဉ်ပြိုင်ခြင်း၊ ဒုတိယအဆင့် ဘွဲရိုးရာစကားပုံများနှင့် စကား ထာများ ဖတ်ပြရွတ်ဆိုခြင်း၊ တတိယအဆင့်အ‌နေဖြင့် ရိုးရာ၊ ယဉ်‌ကျေးမှု၊ ‌ဒေသအ‌ခေါ်အ‌ဝေါ်များကို စာဖြင့် ‌ရေးသားယှဉ် ပြိုင်‌စေခြင်းတို့ဖြစ်သည်ဟု ပြိုင်ပွဲဦး‌ဆောင်ကျင်းပသူများက ‌ပြောသည်။

ဘွဲကရင်စာ‌ပေတိုးတက်‌ရေးကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှ စတင်ကာ အရှိန်မြှင့်တင် လုပ်‌ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရပြီး လက်ရှိ သံ‌တောင်ကြီးမြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း‌ကျောင်း‌ပေါင်း ၂၄‌ကျောင်းတွင် ဘွဲကရင်စာ ‌ပေကို Grade 3 အထိ သင်ကြား‌ပေး‌နေပြီဖြစ်‌ကြောင်း သိရသည်။

၎င်းအပြင် အဆိုပါ‌ကျောင်းများတွင် ဘွဲကရင်စာ‌ပေသင်ကြား‌ပေးသည့် ဆရာ၊ ဆရာမဦး‌ရေ ၃၆ဦးနှင့် ဘွဲကရင်စာ‌ပေ သင်ယူ‌နေ ကြသည့် ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ ၁,၁၅၄ဦးရှိသည်ဟု ဘွဲကရင်စာ‌ပေ‌ကော်မတီက ‌ကောက်ယူစု‌ဆောင်းသည့် စာရင်း များတွင် ‌ဖော်ပြထားသည်။