Home ထိပ်တန်းသတင်း ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီက ကရင်ပြည်နယ်တွင် နည်းမျိုးစုံဖြင့် လူထုကိုစည်းရုံး

ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီက ကရင်ပြည်နယ်တွင် နည်းမျိုးစုံဖြင့် လူထုကိုစည်းရုံး

2017
စက်တင်ဘာလ ၂၂ရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ (USDP)သည် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်နှင့် ‌ကျေးလက်‌တောရွာများမှ လူထုကို နည်းမျိုးစုံဖြင့် မဲဆွယ်စည်းရုံးမှုများကို လိုက်လံပြုလုပ်‌နေ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လမှစ၍ ယခုအချိန်ထိ (USDP) သည် ‌ကျေးလက်‌နေလူထုထံ လူငှားလွှတ်ကာ ပါတီစည်းရုံး‌ရေးဆင်းခိုင်း‌နေ ‌ကြောင်း ဖားအံမြို့ခံတစ်ဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။ “ကြံ့ဖွံ့ပါတီက ရွာ‌တွေမှာ စည်းရုံး‌ရေးဆင်းဖို့ ‌နေ့စား ငှား တယ်‌လေ။ အဲလိုတ‌နေ့စာ ငှားပြီး စည်းရုံးလို့ရလာတဲ့ လူစာရင်းကို မြို့နယ်ကို ပြန်တင်ပြရတယ်။”ဟု ‌ပြောသည်။

၎င်းပါတီသည် ဖားအံမြို့နယ်ရှိ ရွာများသို့ လိုက်လံစည်းရုံးရန် ကရင်စကား ‌ပြောတတ်သူများအား ‌နေ့စား အလုပ်သမားအဖြစ် တစ်ရက်စာ ‌ငွေ ၃,၀၀ဝကျပ်ဖြင့် ငှားရမ်းကာ ကွင်းဆင်းပြီး မဲဆွယ်စည်းရုံး‌စေခဲ့သည်။

ဖားအံမြို့‌တောင်ဘက်ခြမ်းရှိ ‌ရွှေ‌တောရွာသို့် ကွင်းဆင်းခဲ့ရသူတစ်ဦးက “ကျ‌နော် ‌ရွှေ‌တောရွာကိုသွားဖို့ ကြံ့ဖွံ့က လာ‌ခေါ် တယ်။ ကျ‌နော်လည်း ဘာဘာညာညာ‌တော့ မဟုတ်ဘူး။ ဟိုစပ်စပ် ဒီစပ်စပ် သွားလိုက်တာပါ။ ပြီး‌တော့ သူတို့က ‌နေ့စားခ‌ပေါ့ ‌နော်။ ပိုက်ဆံသုံး‌ထောင်လည်း ရမယ်တဲ့။ အဲဒါနဲ့ အလုပ်ကလည်း မရှိ‌တော့ လိုက်သွားဖြစ်တာပါ။”ဟု ‌ပြောသည်။

‌ကျေးရွာ၌ မဲဆွယ်စည်းရုံးရာတွင် ဦးစွာ သူကြီးအိမ် သွား‌ရောက်ကာ ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီဖြစ်‌ကြောင်းနှင့် သူကြီးခွင့်ပြုချက်ဖြင့် ရွာရှိ အိမ်များတွင် မဲဆွယ်စည်းရုံးရပုံကို အဖွဲ့ဝင်တစ်ဦးဖြစ်သူက ယခုကဲ့သို့ ‌ပြောသည်။

“ကျ‌နော်တို့သွားတာ တစ်ဖွဲ့‌ပေါ့‌နော်။ လူကြီးတစ်‌ယောက်ပါမယ်။ ပြီး‌တော့ ကျ‌နော်တို့အဖွဲ့ဝင်‌တွေက အတိအကျ မရှိဘူး။ တစ် ဖွဲ့ကို ဆယ်‌ယောက်၊ ငါး‌ယောက်‌ပေါ့‌နော်။ ဘယ်လိုမျိုး စည်းရုံးရလဲဆို‌တော့ လူကြီး‌တွေက ‌ဖောင်‌တွေ‌ပေးတယ်။ အဲဒီထဲမှာ ရွာသား‌တွေကို နိုင်ငံသားမှတ်ပုံတင်နံပါတ်ရယ်။ ‌ထောက်ခံမယ့်သူရဲ့ ပတ်စ်ပို့ပုံရယ်။ အဲဒီလူရဲ့ ကိုယ်‌ရေးအကျဉ်းကို ‌ဖောင်ထဲ မှာ ဖြည့်ရတယ်။ ကိုယ် နိုင်သ‌လောက် လိုက်စည်းရုံးရတယ်။ ‌ဖောင် ပိုတယ်ဆိုရင် သူတို့ဆီကို ပြန်အပ်ရတယ်။”ဟု ‌ပြော သည်။

‌နေ့စားငှားကာ စည်းရုံးခိုင်းမှုများကို ‌ကျေးရွာများတွင်သာ လုပ်‌ဆောင်ခြင်းဖြစ်ပြီး ဖားအံမြို့ထဲတွင်မူ ယင်းသို့ စည်းရုံးခြင်းမရှိ ‌ကြောင်း ဖားအံမြို့ခံတစ်ဦးက ယခုလို ‌ဝေဖန်‌ပြောဆိုလိုက်သည်။

“ရွာလူထု‌တွေက ကရင်‌တွေများတယ်ဆို‌တော့ ကရင်လို ‌ပြောတတ်တဲ့သူ‌တွေကို ကြံ့ဖွံ့ပါတီက ဦးစား‌ပေး‌ခေါ်ပြီး မဲဆွယ်စည်း ရုံးခိုင်းတယ်။ ကရင်အချင်းချင်းဆို‌တော့ ရွာသူရွာသား‌တွေက ယုံကြည်ပြီး ‌ထောက်ခံလိုက်တာမျိုးလည်း ရှိတယ်‌လေ။ ရွာမှာက ပညာတတ်နည်း‌တော့ ဘာ‌ပြော‌ပြောယုံကြတယ်။ ဖားအံမြို့ထဲမှာ‌တော့ သူတို့ မစည်းရုံးရဲကြဘူး။ သူတို့‌ပြောတိုင်း မယုံကြဘူး ‌လေ။”ဟု ‌ပြောသည်။

အစိုးရ၏ လူဝင်မှုကြီးကြပ်‌ရေး(လဝက)ဝန်ထမ်းများကလည်း လူထုကို မှတ်ပုံတင်များ ပြုလုပ်‌ပေးခြင်းဖြင့် မဲဆွယ်စည်းရုံးခဲ့ရာ လှိုင်းဘွဲမြို့နယ် လူဝင်မှုကြီးကြပ်‌ရေး(လဝက)ဝန်ထမ်းများလည်း အထက်ညွှန်ကြားချက်ဖြင့် ‌ကျေးရွာများသို့ ကိုယ်တိုင် သွား ‌ရောက်ကွင်းဆင်းကာ မှတ်ပုံတင်ပြုလုပ်‌ပေးခဲ့ရသည်ဟု လဝက မိသားစုဝင်တစ်ဦးက ‌ပြောသည်။

ဖားအံမြို့ လဝကရုံးတွင် မှတ်ပုံတင်သွားလုပ်သူ မိန်းက‌လေးတစ်ဦးက “ကျမမှတ်ပုံတင်သွားလုပ်‌တော့ ကြံ့ဖွံ့ကို ‌ထောက်ခံ မယ့်သူတချို့ မှတ်ပုံတင်မရှိ‌တော့ (လဝက)က ယာယီမှတ်ပုံတင်‌တွေလုပ်‌ပေး‌နေတာ ‌တွေ့ခဲ့တယ်။ ပြီး‌တော့ ကျမကိုလည်း ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီထဲဝင်မလား ‌မေးတယ်။ ဝင်တယ်ဆိုရင် နည်းနည်း အခွင့်အ‌ရေးရ‌တော့ မြန်မြန်ပြီး‌အောင်လည်း စီစဉ်‌ပေး တယ်။”ဟု ‌ပြောသည်။

၎င်းအပြင် ကြံ့ဖွံ့အဖွဲ့ဝင်များသည် ဖာပွန်မြို့နယ်သို့ သွား‌ရောက်ကာ မြို့‌နေလူထုကို မဲထည့်ရန် တိုက်တွန်းပြီး ဖွံ့ဖြိုး‌ရေးလုပ် ငန်းများ ‌ဆောင်ရွက်‌ပေးသွားမည်ဟု စည်းရုံး‌ပြောဆို‌နေ‌ကြောင်း မြို့ခံတစ်ဦးက ယခုလို ‌ပြောသည်။

“ကြံ့ဖွံ့အဖွဲ့ဝင်‌တွေက ဖာပွန်ကို ‌ရောက်လာပြီး သူတို့ကို မဲထည့်ဖို့ ကျ‌နော်တို့ မြို့လူထုကို ‌ပြောတယ်။ မဲနိုင်ရင် ‌ဒေသဖွံ့ဖြိုး ‌ရေး‌တွေ လုပ်‌ပေးမယ်။ သွားလာ‌ရေးလွယ်‌အောင် လမ်းခင်း‌ပေးမယ်။ တံတား‌တွေ ‌ဆောက်‌ပေးမယ်။ စိုက်ပျိုး‌ရေးအတွက် ‌ရေ လုံ‌လောက်မှုရှိ‌အောင် လုပ်‌ပေးမယ်လို့ ‌ပြောတယ်‌လေ။”ဟု ဆိုသည်။

ယခုအချိန်ထိ ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီ မဲဆွယ်စည်းရုံးခဲ့ပြီး‌သော ဖားအံမြို့နယ်မှ ‌ကျေးရွာများမှာ ‌ရွှေ‌တော၊ ‌ကော့ဝါးရှုး၊ မိုင်းကံ၊ တဝန်ဖန်ရ၊ ‌နောင်ကမြိုင် စသည့်ရွှာများဖြစ်သည်။